Google ကေန Pixel 3 Launch Event မွာတုန္းက Pixel 3 နဲ႔အတူမထြက္ရွိလာေပမယ့္ အဲ့ဒီအခ်ိန္တုန္းက ယံုႏုိင္ဖြယ္မရွိတဲ့ Feature တစ္ခုကို မိတ္ဆက္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ Night Sight Feature ျဖစ္ျပီး Google က Pixel 3 နဲ႔ iPhone XS ရဲ႕ ညဖက္ရုိက္ကူးထားတဲ့ပံုေတြကို ယွဥ္ျပသြားျပီးေတာ့ ကြာျခားခ်က္က ေန႔နဲ႔ညလုိ ကြာဟေနတာျဖစ္ပါတယ္။

iPhone XS Vs Google Pixel 3

Google Pixel 3 Launch Event မွာတုန္းက ျပသသြားခဲ့တဲ့ Pixel 3 ရဲ႕ Night Sight Feature ဟာ အဲ့ဒီအခ်ိန္တုန္းက ဘယ္သူမွမရရွိေသးတဲ့အတြက္ Google က တမင္မ်ား Marketing လုပ္ေနတာလားဆိုျပီး ျဖစ္ေနၾကတာပါ။

အခ်ိန္တစ္ခုၾကာျပီးတဲ့အခ်ိန္မွာေတာ့ Google Pixel 3 ရဲ႕ Night Sight Feature ကို Sideload ျပဳလုပ္ထားတဲ့ Google Camera တစ္ခုကို XDA Developer Website ကေန တင္ခဲ့ျပီးေတာ့ Google Pixel 3 အပါအဝင္ စမတ္ဖုန္းအမ်ားအျပားမွာ စမ္းသံုးလုိ႔ရခဲ့ပါတယ္။ အဲ့ဒီၾကမွ Google ရဲ႕ AI နဲ႔ Software ကို အဓိကအသံုးျပဳထားတဲ့ Night Sight Feature က တကယ္ကို Google ကေန Pixel 3 Event မွာ ျပသသြားတဲ့အတိုင္း ရလဒ္ထြက္တာကို ေတြ႕ခဲ့ရတာပါ။

iPhone XS Vs Google Pixel 3

အခုအခ်ိန္မွာေတာ့ Google ကေန အဆိုပါ Night Sight Feature ကို တရားဝင္ထုတ္ေပးလုိက္ျပီျဖစ္ျပီးေတာ့ ထံုးစံအတုိင္း Pixel စမတ္ဖုန္းေတြမွာပဲ အဓိကရရွိမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Pixel ဖုန္းေတြကိုင္ထားတယ္ဆုိရင္ Google Play Store ကေန Download လုပ္တာ ဒါမွမဟုတ္ APK Mirror ကေန Download ျပဳလုပ္ျပီး Update ျပဳလုပ္ႏုိင္ျပီပဲျဖစ္ပါတယ္။ Google က ဒီ Night Sight Feature ကို Pixel 3 Event တုန္းက ေၾကညာခဲ့တာျဖစ္ေပမယ့္လည္း ပထမဆံုး Google Pixel ဖုန္းေတြနဲ႔ Pixel 2 ဖုန္းေတြမွာပါ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

Google Pixel 3 Night Sight

ဒီ Night Sight Feature ဟာ ဖုန္းကို တည္ျငိမ္တဲ့ Tripod ေပၚမွာတင္ထားရင္ အခ်ိန္ ၆ စကၠန္႔စာ Long Exposure သို႔မဟုတ္ Frame ၁၅ ခုကို ရုိက္ယူျပီးေတာ့ အဆုိပါ ဓါတ္ပံုေတြက Exposure ေတြကို ျပန္လည္ေပါင္းစပ္ျပီး သာမန္မ်က္စိနဲ႔ ျမင္ဖုိ႔ခက္ခဲတဲ့ အေမွာင္ထဲမွာေတာင္မွ ေကာင္းမြန္တဲ့ဓါတ္ပံုေတြကို ရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္တာျဖစ္ပါတယ္။

Pixel 3

အခု Pixel ဖုန္းေတြမွာ ရရွိလာတဲ့ Night Sight ဟာ Single 12MP Camera တစ္ခုထဲနဲ႔ စြမ္းေဆာင္ႏုိင္တာျဖစ္တဲ့အတြက္ Google ရဲ႕ Software လုပ္ႏုိင္စြမ္းက ေမွာ္ဆန္ေနျပီလုိ႔ေတာင္ ေျပာလုိ႔ရသလို နဂိုထဲက စမတ္ဖုန္းကင္မရာေတြထဲမွာ အေကာင္းဆံုးေနရာကို ရရွိေနတဲ့ Pixel ဖုန္းေတြကုိ ေနာက္ထပ္အဆင့္တစ္ခုဆီကို ေရာက္ရွိသြားေစတာျဖစ္ပါတယ္။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ Pixel 3 Launch Event မှာတုန်းက Pixel 3 နဲ့အတူမထွက်ရှိလာပေမယ့် အဲ့ဒီအချိန်တုန်းက ယုံနိုင်ဖွယ်မရှိတဲ့ Feature တစ်ခုကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ Night Sight Feature ဖြစ်ပြီး Google က Pixel 3 နဲ့ iPhone XS ရဲ့ ညဖက်ရိုက်ကူးထားတဲ့ပုံတွေကို ယှဉ်ပြသွားပြီးတော့ ကွာခြားချက်က နေ့နဲ့ညလို ကွာဟနေတာဖြစ်ပါတယ်။

iPhone XS Vs Google Pixel 3

Google Pixel 3 Launch Event မှာတုန်းက ပြသသွားခဲ့တဲ့ Pixel 3 ရဲ့ Night Sight Feature ဟာ အဲ့ဒီအချိန်တုန်းက ဘယ်သူမှမရရှိသေးတဲ့အတွက် Google က တမင်များ Marketing လုပ်နေတာလားဆိုပြီး ဖြစ်နေကြတာပါ။

အချိန်တစ်ခုကြာပြီးတဲ့အချိန်မှာတော့ Google Pixel 3 ရဲ့ Night Sight Feature ကို Sideload ပြုလုပ်ထားတဲ့ Google Camera တစ်ခုကို XDA Developer Website ကနေ တင်ခဲ့ပြီးတော့ Google Pixel 3 အပါအဝင် စမတ်ဖုန်းအများအပြားမှာ စမ်းသုံးလို့ရခဲ့ပါတယ်။ အဲ့ဒီကြမှ Google ရဲ့ AI နဲ့ Software ကို အဓိကအသုံးပြုထားတဲ့ Night Sight Feature က တကယ်ကို Google ကနေ Pixel 3 Event မှာ ပြသသွားတဲ့အတိုင်း ရလဒ်ထွက်တာကို တွေ့ခဲ့ရတာပါ။

iPhone XS Vs Google Pixel 3

အခုအချိန်မှာတော့ Google ကနေ အဆိုပါ Night Sight Feature ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပြီးတော့ ထုံးစံအတိုင်း Pixel စမတ်ဖုန်းတွေမှာပဲ အဓိကရရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel ဖုန်းတွေကိုင်ထားတယ်ဆိုရင် Google Play Store ကနေ Download လုပ်တာ ဒါမှမဟုတ် APK Mirror ကနေ Download ပြုလုပ်ပြီး Update ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။ Google က ဒီ Night Sight Feature ကို Pixel 3 Event တုန်းက ကြေညာခဲ့တာဖြစ်ပေမယ့်လည်း ပထမဆုံး Google Pixel ဖုန်းတွေနဲ့ Pixel 2 ဖုန်းတွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Google Pixel 3 Night Sight

ဒီ Night Sight Feature ဟာ ဖုန်းကို တည်ငြိမ်တဲ့ Tripod ပေါ်မှာတင်ထားရင် အချိန် ၆ စက္ကန့်စာ Long Exposure သို့မဟုတ် Frame ၁၅ ခုကို ရိုက်ယူပြီးတော့ အဆိုပါ ဓါတ်ပုံတွေက Exposure တွေကို ပြန်လည်ပေါင်းစပ်ပြီး သာမန်မျက်စိနဲ့ မြင်ဖို့ခက်ခဲတဲ့ အမှောင်ထဲမှာတောင်မှ ကောင်းမွန်တဲ့ဓါတ်ပုံတွေကို ရရှိအောင် စွမ်းဆောင်ပေးနိုင်တာဖြစ်ပါတယ်။

Pixel 3

အခု Pixel ဖုန်းတွေမှာ ရရှိလာတဲ့ Night Sight ဟာ Single 12MP Camera တစ်ခုထဲနဲ့ စွမ်းဆောင်နိုင်တာဖြစ်တဲ့အတွက် Google ရဲ့ Software လုပ်နိုင်စွမ်းက မှော်ဆန်နေပြီလို့တောင် ပြောလို့ရသလို နဂိုထဲက စမတ်ဖုန်းကင်မရာတွေထဲမှာ အကောင်းဆုံးနေရာကို ရရှိနေတဲ့ Pixel ဖုန်းတွေကို နောက်ထပ်အဆင့်တစ်ခုဆီကို ရောက်ရှိသွားစေတာဖြစ်ပါတယ်။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com