



Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Microsoft Office ပုံစံမျိုး Google က ထုတ်လုပ်ထားတဲ့ Service တွေဖြစ်တဲ့ Google Docs နဲ့ Google Sheet တွေကို အသုံးပြုဖူးကြမှာပါ။ အခုအချိန်မှာတော့ Google ကနေ အဆိုပါ G Suite Service တွေအတွက် အလွန်လွယ်ကူတဲ့ နည်းလမ်းတစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

Google က အခုအသစ်ပြုလုပ်လိုက်တဲ့အရာကတော့ “.new” ဆိုတဲ့ Domain တစ်ခုကို မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။ အခု ဒီ “.new” Domain အသစ်က ဘယ်လိုဆောင်ရွက်ပေးနိုင်တာလဲဆိုရင် ကိုယ်က Document အသစ်တစ်ခု၊ Sheet အသစ်တစ်ခုကို ဖွင့်ချင်တဲ့အချိန်မှာ “Doc.new” ဒါမှမဟုတ် “Sheets.new” ဆိုပြီး ကိုယ်သုံးချင်တဲ့ Service နောက်ကနေ “.new” ဆိုတဲ့ Domain ကို ထည့်ရိုက်လိုက်တာနဲ့ File အသစ်တစ်ခုကို တစ်ခါတည်း ဖွင့်ပေးမှာပါ။

Google က အခု “.new” Domain ကို နာမည်ဆင်တူတွေပါ အများအပြားရရှိအောင် ပြုလုပ်ပေးထားတာဖြစ်ပြီးတော့ “docs.new ၊ documents.new ၊ sheet.new ၊ sheets.new ၊ spreadsheet.new ၊ site.new ၊ sites.new ၊ website.new ၊ slide.new ၊ slides.new ၊ deck.new ၊ presentation.new ၊ form.new နဲ့ forms.new ဆိုပြီး Domain နာမည်တွေကို ရိုက်လိုက်တာနဲ့ အသုံးပြုနိုင်တယ်လို့သိရပါတယ်။

ယခင်တုန်းက G Suite Service တွေကို အသုံးပြုမယ်ဆိုရင် ပုံမှန်အားဖြင့် About Page ကို အရင်ရောက်သွားတာဖြစ်ပြီး အဲ့ဒီကမှာ File အသစ်ကို ဖွင့်မယ်ဆိုပြီး ရွေးပေးရတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို “.new” Domain အသစ်ကို ရလာတာက တကယ်ကို အသုံးဝင်လာတဲ့ Feature တစ်ခုလို့ ပြောလို့ရပါတယ်။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com