Google ရဲ႕ စမတ္ဖုန္းအသစ္ေတြျဖစ္တဲ့ Pixel 3 ဖုန္းေတြက လာမယ့္ ေအာက္တိုဘာလ ၉ ရက္ေန႔ဆုိရင္ ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။ အခု Google Pixel 3 ဖုန္းေတြမထြက္ခင္မွာတင္ Pixel 3 မွာပါဝင္လာဖြယ္ရွိတဲ့ အေရာင္အသစ္တစ္ခုကို Google Home Mini Speaker မွာ ေတြ႕လာရျပီျဖစ္ပါတယ္။

Google Home Mini

အခု အေရာင္အသစ္ကေတာ့ Aqua လုိ႔ နာမည္ေပးထားျပီးေတာ့ Google ကေတာ့ Google ရဲ႕ မိသားစုဝင္ေတြထဲကိုအသစ္ဝင္ေရာက္လာတဲ့ Minty Blue Color လုိ႔ေျပာၾကားထားျပီးေတာ့ တျခားအေရာင္ေတြလုိမ်ိဳးပဲ Smoothing Vibe ရရွိေနမယ္လုိ႔ သိရပါတယ္။

Google Home Mini

အခုလက္ရွိမွာေတာ့ Google Home Mini ကို Chalk (White) ၊ Charcoal (Dark gray) နဲ႔ Coral (Red/Pink) ဆိုျပီး ေရာင္းခ်ေနျပီးေတာ့ အခုအေရာင္နဲ႔ဆုိရင္ ၄ မ်ိဳးျဖစ္သြားတာပဲျဖစ္ပါတယ္။ အခု Aqua အေရာင္အသစ္က လာမယ့္ေအာက္တိုဘာလ ၂၉ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး Google Home Mini ကို Aqua အေရာင္အသစ္နဲ႔ စတင္ေရာင္းခ်တာက Google Pixel 3 ဖုန္းကိုလည္း တူညီတဲ့အေရာင္နဲ႔ ေရာင္းခ်သြားမယ့္သတင္းကို ေသခ်ာေစခဲ့တာပဲျဖစ္ပါတယ္။ ယခင္တုန္းကလည္း Google Pixel 3 ဖုန္းကို Coral နဲ႔ Aqua အေရာင္ေတြနဲ႔ပါ ထုတ္သြားမယ္ဆုိျပီး ေကာလဟာလေတြထြက္ခဲ့ဖူးတဲ့အတြက္ အခုအခ်ိန္မွာေတာ့ ပိုျပီးျဖစ္ႏုိင္လာပါတယ္။

Google Home Mini

ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ကေတာ့ Google ဟာ မႏွစ္ကတုန္းက Google Home Mini နဲ႔ Max Speaker ေတြကို Pixel 2 နဲ႔အတူ မိတ္ဆက္သြားတဲ့အတြက္ အခုႏွစ္ Event မတုိင္ခင္ Home Speaker ေတြကို Update လုပ္တာက လာမယ့္ ေအာက္တိုဘာလ ၉ ရက္မွာ ဘာ Product ေတြမိတ္ဆက္မလို႔လဲဆိုတာက စိတ္ဝင္စားစရာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ရဲ့ စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Pixel 3 ဖုန်းတွေက လာမယ့် အောက်တိုဘာလ ၉ ရက်နေ့ဆိုရင် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ အခု Google Pixel 3 ဖုန်းတွေမထွက်ခင်မှာတင် Pixel 3 မှာပါဝင်လာဖွယ်ရှိတဲ့ အရောင်အသစ်တစ်ခုကို Google Home Mini Speaker မှာ တွေ့လာရပြီဖြစ်ပါတယ်။

Google Home Mini

အခု အရောင်အသစ်ကတော့ Aqua လို့ နာမည်ပေးထားပြီးတော့ Google ကတော့ Google ရဲ့ မိသားစုဝင်တွေထဲကိုအသစ်ဝင်ရောက်လာတဲ့ Minty Blue Color လို့ပြောကြားထားပြီးတော့ တခြားအရောင်တွေလိုမျိုးပဲ Smoothing Vibe ရရှိနေမယ်လို့ သိရပါတယ်။

Google Home Mini

အခုလက်ရှိမှာတော့ Google Home Mini ကို Chalk (White) ၊ Charcoal (Dark gray) နဲ့ Coral (Red/Pink) ဆိုပြီး ရောင်းချနေပြီးတော့ အခုအရောင်နဲ့ဆိုရင် ၄ မျိုးဖြစ်သွားတာပဲဖြစ်ပါတယ်။ အခု Aqua အရောင်အသစ်က လာမယ့်အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Google Home Mini ကို Aqua အရောင်အသစ်နဲ့ စတင်ရောင်းချတာက Google Pixel 3 ဖုန်းကိုလည်း တူညီတဲ့အရောင်နဲ့ ရောင်းချသွားမယ့်သတင်းကို သေချာစေခဲ့တာပဲဖြစ်ပါတယ်။ ယခင်တုန်းကလည်း Google Pixel 3 ဖုန်းကို Coral နဲ့ Aqua အရောင်တွေနဲ့ပါ ထုတ်သွားမယ်ဆိုပြီး ကောလဟာလတွေထွက်ခဲ့ဖူးတဲ့အတွက် အခုအချိန်မှာတော့ ပိုပြီးဖြစ်နိုင်လာပါတယ်။

Google Home Mini

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Google ဟာ မနှစ်ကတုန်းက Google Home Mini နဲ့ Max Speaker တွေကို Pixel 2 နဲ့အတူ မိတ်ဆက်သွားတဲ့အတွက် အခုနှစ် Event မတိုင်ခင် Home Speaker တွေကို Update လုပ်တာက လာမယ့် အောက်တိုဘာလ ၉ ရက်မှာ ဘာ Product တွေမိတ်ဆက်မလို့လဲဆိုတာက စိတ်ဝင်စားစရာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com