[Zawgyi]

Android အတြက္ Google လက္ရွိအသံုျပဳေနတာကေတာ့ Material Design ပါ။ Material Design မွာကေတာ့ အလင္းအေမွာင္၊ အတိမ္အနက္ စတာေတြ အေသးစိတ္သလို အေရာင္ေတြကိုလည္း Google က အေသးစိတ္လုပ္ေပးထားပါတယ္။ Material Design ကို ၂၀၁၄ ခုႏွစ္မွာ စတင္မိတ္ဆက္ေပးခဲ့တာျဖစ္ၿပီး အခုဆိုရင္ေတာ့ Android ရဲ႕ စြဲမက္စရာေကာင္းတဲ့ အခ်က္တစ္ခ်က္အျဖစ္ ရွိေနပါတယ္။ ပိုၿပီး လွပလာေစဖို႔နဲ႔ ပိုၿပီး ႐ိုးရွင္းလာေအာင္ Google က ဆက္တိုက္ ျပဳျပင္တာေတြ၊ ျပင္ဆင္တာေတြ လုပ္လာတာ အခုဆိုရင္ အမ်ားႀကီးတိုးတက္လာေနပါၿပီ။ 

Material Design By Google

အခုေတာ့ ၂၀၁၈ အတြက္ Material Design ကို Google က ထပ္ၿပီး အဆင့္ႁမွင့္တင္ေပးေတာ့မွာပါ။ အဲ့ဒီ Design အသစ္နဲ႔ပတ္သက္လို႔ေတာ့ Adam Grabowski နဲ႔ Nicolo Bianchino ဆိုတဲ့ Google ရဲ႕ ဝန္ထမ္းေဟာင္း ႏွစ္ေယာက္က Video တစ္ခုဖန္တီးၿပီး YouTube မွာတင္ခဲ့ပါတယ္။ Video ထဲမွာေတာ့ Google က ေနာက္ထပ္ခ်ျပလာမယ့္ Material Design အေျပာင္းအလဲေတြကို ဘယ္လိုျဖစ္လာမလဲဆိုတာ ျမင္သာေစဖို႔ Animation ေတြနဲ႔ ျပသြားပါတယ္။ 

Video အရေတာ့ ေနာက္ထြက္မယ့္ Material Design မွာ အရင္ကထက္ အျဖဴေရာင္ကို ပိုသံုးလာမွာျဖစ္သလို၊ ပိုၿပီး ႐ိုးရွင္းတဲ့ အေတြ႕အႀကံဳကို ရႏိုင္ေအာင္ ခလုတ္ေတြ၊ အေရာင္ေတြ၊ Font ေတြကို အေသးစိတ္ ျပန္ေျပာင္းေပးထားလာမယ္္လို႔ ခန္႔မွန္းရပါတယ္။ ဒါေပမယ့္ Google က အခုလိုလုပ္ေပးေပမယ့္ Phone ထုတ္လုပ္တဲ့ တျခားကုမၸဏီေတြဆီက ထြက္လာမယ့္ ဖုန္းအသစ္ေတြမွာေတာ့ အခုလို Design ကို အတိအက်ေတြ႕ႏိုင္မွာမဟုတ္ပါဘူး။ သူတို႔ရဲ႕ သက္ဆိုင္ရာ Software နဲ႔ Theme ေတြကို ျပန္အုပ္ေပးထားတာေၾကာင့္ Google ကေပးတဲ့ အရသာကိုေတာ့ အျပည့္အဝရမွာ မဟုတ္ပါဘူး။ Pure Android နဲ႔ Androdi One Device ေတြေလာက္သာ အခုလို Design အသစ္ကို System တစ္ခုလံုးမွာ ခံစားႏိုင္မွာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Google ရဲ့ Material Design က နောက်ထပ်ဘယ်လို ပြောင်းလဲလာနိုင်မလဲ

Android အတွက် Google လက်ရှိအသုံပြုနေတာကတော့ Material Design ပါ။ Material Design မှာကတော့ အလင်းအမှောင်၊ အတိမ်အနက် စတာတွေ အသေးစိတ်သလို အရောင်တွေကိုလည်း Google က အသေးစိတ်လုပ်ပေးထားပါတယ်။ Material Design ကို ၂၀၁၄ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ Android ရဲ့ စွဲမက်စရာကောင်းတဲ့ အချက်တစ်ချက်အဖြစ် ရှိနေပါတယ်။ ပိုပြီး လှပလာစေဖို့နဲ့ ပိုပြီး ရိုးရှင်းလာအောင် Google က ဆက်တိုက် ပြုပြင်တာတွေ၊ ပြင်ဆင်တာတွေ လုပ်လာတာ အခုဆိုရင် အများကြီးတိုးတက်လာနေပါပြီ။

Material Design By Google

အခုတော့ ၂၀၁၈ အတွက် Material Design ကို Google က ထပ်ပြီး အဆင့်မြှင့်တင်ပေးတော့မှာပါ။ အဲ့ဒီ Design အသစ်နဲ့ပတ်သက်လို့တော့ Adam Grabowski နဲ့ Nicolo Bianchino ဆိုတဲ့ Google ရဲ့ ဝန်ထမ်းဟောင်း နှစ်ယောက်က Video တစ်ခုဖန်တီးပြီး YouTube မှာတင်ခဲ့ပါတယ်။ Video ထဲမှာတော့ Google က နောက်ထပ်ချပြလာမယ့် Material Design အပြောင်းအလဲတွေကို ဘယ်လိုဖြစ်လာမလဲဆိုတာ မြင်သာစေဖို့ Animation တွေနဲ့ ပြသွားပါတယ်။ 

Video အရတော့ နောက်ထွက်မယ့် Material Design မှာ အရင်ကထက် အဖြူရောင်ကို ပိုသုံးလာမှာဖြစ်သလို၊ ပိုပြီး ရိုးရှင်းတဲ့ အတွေ့အကြုံကို ရနိုင်အောင် ခလုတ်တွေ၊ အရောင်တွေ၊ Font တွေကို အသေးစိတ် ပြန်ပြောင်းပေးထားလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် Google က အခုလိုလုပ်ပေးပေမယ့် Phone ထုတ်လုပ်တဲ့ တခြားကုမ္ပဏီတွေဆီက ထွက်လာမယ့် ဖုန်းအသစ်တွေမှာတော့ အခုလို Design ကို အတိအကျတွေ့နိုင်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ သက်ဆိုင်ရာ Software နဲ့ Theme တွေကို ပြန်အုပ်ပေးထားတာကြောင့် Google ကပေးတဲ့ အရသာကိုတော့ အပြည့်အဝရမှာ မဟုတ်ပါဘူး။ Pure Android နဲ့ Androdi One Device တွေလောက်သာ အခုလို Design အသစ်ကို System တစ်ခုလုံးမှာ ခံစားနိုင်မှာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။