Google ရဲ႕ Pixel Series စမတ္ဖုန္းေတြက အျမဲတမ္းလုိလုိထြက္ရွိတဲ့အခ်ိန္တုိင္းမွာ ျပႆနာေတြ၊ Error ေတြ တက္ေနၾကျဖစ္ေနတဲ့ဖုန္းေတြဆုိရင္လည္း မမွားပါဘူး။ မႏွစ္က ထြက္ရွိခဲ့တဲ့ Google Pixel 2 XL စမတ္ဖုန္းဆိုရင္လည္း Display ပိုင္းမွာ ျပႆနာေတြတက္ခဲ့ျပီးေတာ့ တျခားေသာျပႆနာေတြလည္း ရွိခဲ့တာျဖစ္ပါတယ္။

Google Pixel 3 & 3 XL

အခုအခ်ိန္မွာလည္း Google Pixel 3 စမတ္ဖုန္းေတြက အေစာပိုင္းတုန္းက ျဖစ္ပြားခဲ့တဲ့ Memory မလံုေလာက္လုိ႔ Application ေတြပိတ္သြားတဲ့ Error အျပင္ေနာက္ထပ္ Error တစ္ခုျဖစ္ေနပံုပါပဲ။ ဒါကေတာ့ အခ်ိဳ႕ေသာ Google Pixel 3 အသံုးျပဳသူေတြဆီမွာ ဖုန္းက Overheat ျဖစ္တဲ့ ျပႆနာကို ဆုိးဆိုးရြားရြားၾကံဳေနရတာပါ။ တခ်ိဳ႕ကလည္း ဒီျပႆနာက Google Pixel 3 ဖုန္းမွာတင္မဟုတ္ဘဲ Pixel 3 XL ဖုန္းေတြမွာပါ ၾကံဳေနရတယ္လုိ႔ Reddit နဲ႔ Google Product Forum ေတြမွာ ေျပာေနၾကတာျဖစ္ပါတယ္။

အခုလုိမ်ိဳး Overheat ျဖစ္လာတာက Video Call ျပဳလုပ္ေနတဲ့အခ်ိန္ေတြနဲ႔ Charging သြင္းေနတဲ့အခ်ိန္ေတြမွာ ပိုျပီးျဖစ္ေနျပီးေတာ့ Google ရဲ႕ Official Charger ကို အသံုးျပဳတာပဲျဖစ္ျဖစ္၊ Third Party Charger ကို အသံုးျပဳေနတုန္းပဲျဖစ္ျဖစ္ အခုလုိ Overheat ျဖစ္ေနတယ္လုိ႔သိရပါတယ္။ ပံုမွန္အားျဖင့္ေတာ့ စမတ္ဖုန္းတစ္ခုကို အားသြင္းေနတုန္း အနည္းငယ္ေႏြးတတ္ေပမယ့္လည္း Pixel 3 ဖုန္းေတြကေတာ့ သိသိသာသာကို ပူေနပံုပါပဲ။

Google Pixel 3 & 3 XL

အခုလိုမ်ိဳး Overheat ျဖစ္တာကို ျပႆနာျဖစ္တဲ့အခ်က္ကေတာ့ အခုလုိမ်ိဳး Heat တက္လာတဲ့အခ်ိန္မွာ ဖုန္းကလံုးဝပိတ္သြားတဲ့အထိ ျဖစ္ေနတာေၾကာင့္ပါ။ သံုးေနတဲ့သူေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ Overheat ျဖစ္ေနေၾကာင္း Warning ျပျပီး ပိတ္သြားတယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး Pixel 3 ဖုန္းေတြ Overheat ျဖစ္ေနတာက Google အတြက္ Software Update နဲ႔ ေျဖရွင္းႏုိင္ပါ့မလား၊ Hardware Error ေၾကာင့္ျဖစ္ေနျပီးေတာ့ အစားထုိးလဲလွယ္ဖုိ႔လုိမလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ရဲ့ Pixel Series စမတ်ဖုန်းတွေက အမြဲတမ်းလိုလိုထွက်ရှိတဲ့အချိန်တိုင်းမှာ ပြဿနာတွေ၊ Error တွေ တက်နေကြဖြစ်နေတဲ့ဖုန်းတွေဆိုရင်လည်း မမှားပါဘူး။ မနှစ်က ထွက်ရှိခဲ့တဲ့ Google Pixel 2 XL စမတ်ဖုန်းဆိုရင်လည်း Display ပိုင်းမှာ ပြဿနာတွေတက်ခဲ့ပြီးတော့ တခြားသောပြဿနာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

Google Pixel 3 & 3 XL

အခုအချိန်မှာလည်း Google Pixel 3 စမတ်ဖုန်းတွေက အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ Memory မလုံလောက်လို့ Application တွေပိတ်သွားတဲ့ Error အပြင်နောက်ထပ် Error တစ်ခုဖြစ်နေပုံပါပဲ။ ဒါကတော့ အချို့သော Google Pixel 3 အသုံးပြုသူတွေဆီမှာ ဖုန်းက Overheat ဖြစ်တဲ့ ပြဿနာကို ဆိုးဆိုးရွားရွားကြုံနေရတာပါ။ တချို့ကလည်း ဒီပြဿနာက Google Pixel 3 ဖုန်းမှာတင်မဟုတ်ဘဲ Pixel 3 XL ဖုန်းတွေမှာပါ ကြုံနေရတယ်လို့ Reddit နဲ့ Google Product Forum တွေမှာ ပြောနေကြတာဖြစ်ပါတယ်။

အခုလိုမျိုး Overheat ဖြစ်လာတာက Video Call ပြုလုပ်နေတဲ့အချိန်တွေနဲ့ Charging သွင်းနေတဲ့အချိန်တွေမှာ ပိုပြီးဖြစ်နေပြီးတော့ Google ရဲ့ Official Charger ကို အသုံးပြုတာပဲဖြစ်ဖြစ်၊ Third Party Charger ကို အသုံးပြုနေတုန်းပဲဖြစ်ဖြစ် အခုလို Overheat ဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့်တော့ စမတ်ဖုန်းတစ်ခုကို အားသွင်းနေတုန်း အနည်းငယ်နွေးတတ်ပေမယ့်လည်း Pixel 3 ဖုန်းတွေကတော့ သိသိသာသာကို ပူနေပုံပါပဲ။

Google Pixel 3 & 3 XL

အခုလိုမျိုး Overheat ဖြစ်တာကို ပြဿနာဖြစ်တဲ့အချက်ကတော့ အခုလိုမျိုး Heat တက်လာတဲ့အချိန်မှာ ဖုန်းကလုံးဝပိတ်သွားတဲ့အထိ ဖြစ်နေတာကြောင့်ပါ။ သုံးနေတဲ့သူတွေရဲ့ ပြောကြားချက်အရတော့ Overheat ဖြစ်နေကြောင်း Warning ပြပြီး ပိတ်သွားတယ်လို့ သိရပါတယ်။

အခုလိုမျိုး Pixel 3 ဖုန်းတွေ Overheat ဖြစ်နေတာက Google အတွက် Software Update နဲ့ ဖြေရှင်းနိုင်ပါ့မလား၊ Hardware Error ကြောင့်ဖြစ်နေပြီးတော့ အစားထိုးလဲလှယ်ဖို့လိုမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com