Google ရဲ့ Pixel 3 Series ဖုန်းတွေထဲမှာ နောက်ထပ် ဈေးသက်သာမယ့် Pixel 3 Lite ဆိုပြီး သတင်းထွက်ဖူးတဲ့ဖုန်းတွေက အခုအချိန်မှာတော့ နာမည်အတိအကျထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဈေးပိုသက်သာတဲ့ Pixel 3 ဖုန်းတွေက Pixel 3 Lite အစား Pixel 3a နာမည်နဲ့ မိတ်ဆက်လာတော့မှာပါ။

နောက်ပြီး Google က ယခု Pixel 3a ဖုန်းတွေကို တခြားသော Website တွေကနေ Leak လုပ်တာမျိုးမဟတ်ဘဲ Google ရဲ့ ကိုယ်ပိုင် Website ကနေပဲ Leak ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးဖြစ်ပွားတာက Google က သူတို့ရဲ့ Product Website ကို ပုံစံပြောင်းလဲတဲ့အချိန်မှာ Pixel 3a စမတ်ဖုန်းနာမည်နဲ့ ဘေးမှာ “New” ဆိုတဲ့ စကားလုံးကိုပါ ထည့်သွင်းဖော်ပြမိခဲ့တာဖြစ်ပါတယ်။

Google Pixel 3 XL

အခုအချိန်မှာတော့ ဒီ Google ရဲ့ Website Design က ပုံမှန် Design ကို ပြန်လည်ပြောင်းလဲသွားပြီဖြစ်ပြီးတော့ ယခု Pixel 3a ဖုန်းတွေနာမည်ကိုလည်း ပြန်လည်ဖုံးထားလိုက်ပြီဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Google က မကြာခင်မှာ Mid-Range ဖုန်းတွေဖြစ်လာမယ့် Pixel 3a မတိတ်ဆက်ဖို့ နီးစပ်လာပြီဆိုတာကတော့ ကျိန်းသေသွားခဲ့ပါပြီ။

ယခု Pixel 3a နဲ့ Pixel 3a XL ဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 670 ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် Camera ပိုင်းမှာ Google Pixel 3 ရဲ့ Camera ကိုပဲ အသုံးပြုလာမယ့်အပြင် Image Processing အတွက် Pixel 3 လိုမျိုးပဲ Pixel Visual Core ကိုပါ ထည့်သွင်းလာမယ်လို့ ဆိုထားတဲ့အတွက် အကောင်းဆုံး Mid-Range ဖုန်းကင်မရာဖြစ်လာနိုင်ပါတယ်။

Google Pixel 3 XL

ဒီ Google Pixel 3a စမတ်ဖုန်းတွေကို လာမယ့် မေလပထမပတ်မှာ ပြုလုပ်မယ့် Google I/O 2019 မှာ မိတ်ဆက်သွားနိုင်ဖွယ်ရှိနေပါတယ်။

Ref : The Verge