Android Oreo (Go Edition) စမတ္ဖုန္းေတြကို MWC 2018 မွာ ျပသသြားမယ္လုိ႔ ကတိေပးလုိက္တဲ့ Google

Google ဟာ ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းတုန္းက Entry Level စမတ္ဖုန္းေတြအတြက္ ရည္ရြယ္ျပီး ထုတ္လုပ္ထားတဲ့ Android Oreo (Go Edition) ကိုမိတ္ဆက္ေပးခဲ့ပါတယ္။ အဆိုပါ Android Oreo (Go Edition) ဟာ လက္ရွိ ေစ်းႏႈန္းသက္သာတဲ့ ဘတ္ဂ်က္ဖုန္းေတြနဲ႔ယွဥ္ဆိုရင္ System က Memory စားသံုးမႈနည္းပါးျပီးေတာ့ Hardware Processor ေတြကိုလည္း အဆိုပါ Android Oreo (Go Edition) အတြက္ Optimize လုပ္ထားမွာပဲျဖစ္ပါတယ္။

Google ဟာ ယခု Android Oreo (Go Edition) ကို Android 8.1 Stable Version နဲ႔အတူ ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတုန္းက မိတ္ဆက္ခဲ့တာျဖစ္ျပီးေတာ့ RAM 1GB ေအာက္ပဲ ရွိတဲ့ ဘတ္ဂ်တ္ဖုန္းေတြအတြက္ ရည္ရြယ္ခဲ့တာျဖစ္ပါတယ္။ Google ကိုယ္တုိင္ကလည္း Android Oreo (Go Edition) OS အျပင္ သူရဲ႕ Gmail ၊ Chrome ၊ Maps နဲ႔ Play Store Application ေတြကိုလည္း Memory စားသံုးမႈနည္းပါးတဲ့ Go Edition Application ေတြကိုပါ ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

Google Android Oreo (Go Edition) ဟာ ထြက္ရွိခဲ့တာ လပိုင္းရွိသြားျပီဆိုေပမယ့္ အခုအခ်ိန္အထိေတာ့ Oreo (Go Edition) ကို အသံုးျပဳထားတဲ့ စမတ္ဖုန္းေတြကို မေတြ႕ရွိရတေသးတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ယခု Google ကေန Android Oreo (Go Edition) ဖုန္းေတြကို လာမယ့္ Mobile World Congress – MWC 2018 ပြဲမွာ မိတ္ဆက္သြားမယ္လုိ႔ ေၾကျငာလုိက္တာပဲျဖစ္ပါတယ္။

Google ဟာ ယခုအခ်ိန္မွာ Android Oreo (Go Edition) အတြက္ Google Assistant ကိုလည္း ျပန္လည္ျပဳလုပ္ေနတယ္လုိ႔ သိရွိရျပီးေတာ့ Assistant ကို ေစ်းႏႈန္းသက္သာတဲ့ဖုန္းေတြမွာလည္း ေကာင္းစြာအသံုးျပဳႏုိင္ေစမယ္လုိ႔ သိရပါတယ္။

လာမယ့္ Mobile World Congress – MWC 2018 မွာ Nokia ကေန Nokia 1 နာမည္နဲ႔ Android Go Edition ဖုန္းကို မိတ္ဆက္မွာျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ အျခားေသာ Brand ေတြကေတာ့ ထုတ္လုပ္သြားမယ္ဆုိတဲ့ သတင္းေတြမထြက္လာေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ အခု Android Oreo (Go Edition) ဖုန္းေတြက ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၅၀ ကေန စတင္မွာျဖစ္တဲ့အတြက္ ဒီႏွစ္ထဲမွာေတာ့ စြမ္းေဆာင္ရည္ေကာင္းမြန္ျပီး ေစ်းႏႈန္းသက္သာတဲ့ စမတ္ဖုန္းေတြကို ေတြ႕လာရေတာ့မယ္လုိ႔ ယူဆရပါတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက Entry Level စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Android Oreo (Go Edition) ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Android Oreo (Go Edition) ဟာ လက်ရှိ ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျက်ဖုန်းတွေနဲ့ယှဉ်ဆိုရင် System က Memory စားသုံးမှုနည်းပါးပြီးတော့ Hardware Processor တွေကိုလည်း အဆိုပါ Android Oreo (Go Edition) အတွက် Optimize လုပ်ထားမှာပဲဖြစ်ပါတယ်။

Google ဟာ ယခု Android Oreo (Go Edition) ကို Android 8.1 Stable Version နဲ့အတူ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ RAM 1GB အောက်ပဲ ရှိတဲ့ ဘတ်ဂျတ်ဖုန်းတွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ Google ကိုယ်တိုင်ကလည်း Android Oreo (Go Edition) OS အပြင် သူရဲ့ Gmail ၊ Chrome ၊ Maps နဲ့ Play Store Application တွေကိုလည်း Memory စားသုံးမှုနည်းပါးတဲ့ Go Edition Application တွေကိုပါ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Google Android Oreo (Go Edition) ဟာ ထွက်ရှိခဲ့တာ လပိုင်းရှိသွားပြီဆိုပေမယ့် အခုအချိန်အထိတော့ Oreo (Go Edition) ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို မတွေ့ရှိရတသေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Google ကနေ Android Oreo (Go Edition) ဖုန်းတွေကို လာမယ့် Mobile World Congress – MWC 2018 ပွဲမှာ မိတ်ဆက်သွားမယ်လို့ ကြေငြာလိုက်တာပဲဖြစ်ပါတယ်။

Google ဟာ ယခုအချိန်မှာ Android Oreo (Go Edition) အတွက် Google Assistant ကိုလည်း ပြန်လည်ပြုလုပ်နေတယ်လို့ သိရှိရပြီးတော့ Assistant ကို ဈေးနှုန်းသက်သာတဲ့ဖုန်းတွေမှာလည်း ကောင်းစွာအသုံးပြုနိုင်စေမယ်လို့ သိရပါတယ်။

လာမယ့် Mobile World Congress – MWC 2018 မှာ Nokia ကနေ Nokia 1 နာမည်နဲ့ Android Go Edition ဖုန်းကို မိတ်ဆက်မှာဖြစ်ပြီး လောလောဆယ်မှာတော့ အခြားသော Brand တွေကတော့ ထုတ်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေမထွက်လာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အခု Android Oreo (Go Edition) ဖုန်းတွေက ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀ ကနေ စတင်မှာဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာတော့ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေကို တွေ့လာရတော့မယ်လို့ ယူဆရပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com