
Google Podcasts


Google Podcasts



Google Podcasts


Ref : GSMArena

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

FM Ratio လိုမျိုးပဲ Internet ကနေ Talkshow တွေ၊ Episodes တွေကို နားထောင်လို့ရတယ်ဆိုတာကို သင်သိပါသလား? အခုလိုမျိုး နားထောင်လို့ရတဲ့ Channel တွေကို Podcasts လို့ ခေါ်ဆိုပြီးတော့ ယခုအချိန်မှာ Google ကနေ Popcasts တွေအများအပြားကို တစ်စုတစည်းထဲနားထောင်နိုင်မယ့် Application တစ်ခုကို ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။

Google Podcasts

အခု Application ကိုတော့ Google Podcasts လို့ နာမည်ပေးထားပြီးတော့ လက်ရှိအချိန်မှာ Android မှာ အခမဲ့ Download ရယူနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ iOS မှာတော့ Download ပြုလုပ်လို့ မရသေးပါဘူး။

Google Podcasts

Google Podcasts App ကို ဝင်ရောက်လိုက်မယ်ဆိုရင် အလွန်ရိုးရှင်းပြီးတော့ လက်ရှိအချိန်မှာ Podcasts Channel ပေါင်း ၂ သန်းကျော်ကို နားဆင်နိုင်ပြီး Google ကပြောထားတာကတော့ လက်ရှိ ရှိသမျှ Podcasts Channel တွေအကုန်လုံးကို နားဆင်နိုင်မယ်လို့ သိရပါတယ်။

အခု Podcasts Channel တွေထဲက ကိုယ်နှစ်သက်တဲ့ Podcasts Channel ကိုလည်း Subscribed ပြုလုပ်ထားနိုင်ပြီးတော့ Subscribed ပြုလုပ်ထားတဲ့ Channel တွေတော့ Offline Playback ကိုပါရရှိမှာဖြစ်ပါတယ်။ ကိုယ်နားထောင်နေတဲ့ Podcasts တွေက Google Account နဲ့ Sync လုပ်ထားတာဖြစ်တဲ့အတွက် တခြား Devices တွေကနေလည်း ဘယ်အချိန်မဆို ပြန်လည်နားဆင်နိုင်မှာပါ။

Google Podcasts

ဘာပဲဖြစ်ဖြစ် အခု Google ရဲ့ Podcasts App က Talkshow တွေ၊ Episodes တွေကို နားဆင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ အကောင်းဆုံး App တစ်ခုဖြစ်လာပြီပဲဖြစ်ပါတယ်။

Ref : GSMArena

www.akhayar.com