[Zawgyi] 

Google ရဲ႕ Android Tablet ေစ်းကြက္ၿပီးရင္ ေနာက္ဆက္တြဲအေနနဲ႔လိုက္လာတာကေတာ့ ကြန္ပ်ဴတာနဲ႔ Android Tablet အစားထိုး Laptop ေလးေတြျဖစ္တဲ့ Chrome OS အသံုးျပဳထားတဲ့ Chromebook ေတြပဲျဖစ္ပါတယ္။ Chromebook ေတြကို တန္ဖိုးသင့္ကေန $1000 ဝန္းက်င္အထိေစ်းအမ်ိဳးမ်ိဳးနဲ႔ေတြ႕ရမွာျဖစ္ပါတယ္။ 

Google ကိုယ္တုိင္အပါအဝင္ Samsung, Acer  အစရွိတဲ့ ကြန္ပ်ဴတာကုမၸဏီေတြက Chromebook ေတြကိုထုတ္လုပ္ၿပီး ေစ်းကြက္ထဲကိုဝင္ေရာက္လာေနခဲ့တာ အခ်ိန္တစ္ခုၾကာသြားၿပီပဲျဖစ္ပါတယ္။ Chromebook ေလးေတြကိုေတာ့ သာမန္႐ံုးသံုး၊ ေက်ာင္းသားသံုးေတြအျပင္ အေသးစားစီးပြားေရးလုပ္ငန္းေတြမွာလည္း အသံုးျပဳေနၾကပါတယ္။ Chromebook ေတြက အျခားကြန္ပ်ဴတာေတြေလာက္ေတာ့ စြမ္းေဆာင္ရည္မျမင့္မားေပးမယ့္ Hardware ပိုင္းမွာေတာ့ Laptop တစ္လံုးရဲ႕စံႏႈန္းအတိုင္း အရည္အေသြးေကာင္းတဲ့ပစၥည္းေတြကိုသာသံုးၿပီးထုတ္လုပ္ထားတာမ်ားပါတယ္။ အဲ့ဒီအထဲကမွ Google ရဲ႕ Pixelbook ကေတာ့ Display Resolution အေနနဲ႔ 2400×1600 အထိျဖစ္တဲ့အျပင္ Display Size က 12.3 Inch ျဖစ္ပါတယ္။ ဒီေလာက္ Resolution ဆုိရင္ Chromebook ေတြအတြက္လံုေလာက္ၿပီလို႔ေျပာလို႔႕ရေပမယ့္ Google ရဲ႕ Chromebook ေတြကအျခား Chromebook ေတြထက္ပိုေကာင္းတယ္လို႔အားလံုးကလက္ခံထားၾကပါတယ္။ 

ေနာက္ထြက္လာမယ့္ Pixelbook အသစ္မွာေတာ့ 4K Resolutoion ရွိတဲ့ Display ကို Google ကထုတ္ျပလာႏိုင္မယ္လို႔သတင္းေတြထြက္ေနပါၿပီ။ လက္ရွိ Chromium OS ရဲ႕ Source Code  ထဲမွာေတာ့ “atlas” လို႔နာမည္ေပးထားတဲ့ Display Resolution 3840×2160 နဲ႔ Device တစ္ခုကိုေတြ႕ေနရပါတယ္လို႔ XDA Developers မွာေဖာ္ျပထားပါတယ္။ အဲ့ဒီ Device ကိုေတာ့ Pixelbook လိုပဲ SD Card Slot ပါဝင္မွာမဟုတ္ပဲ Keyboard ၊ Touch Screen နဲ႔ Trackpad ပါဝင္မွာျဖစ္ပါတယ္။ 4K Display ေတြက Chromebook အသံုးျပဳသူေတြအတြက္ ႀကီးမားတဲ့ Upgrade ျဖစ္လာမွာျဖစ္ၿပီး YouTube မွာ 4K Video Streaming လုပ္တာ၊ စာအုပ္ဖတ္သူေတြအတြက္ပိုေကာင္းတဲ့ Resolution ရလာတာနဲ႔ Drawing သမားအခ်ိဳ႕အတြက္ ပိုေကာင္းတဲ့ Display အေတြ႔အႀကံဳသစ္ကိုယူေဆာင္လာေပးမွာျဖစ္ပါတယ္။ Chromebook ေတြ 4K Display နဲ႔လာခဲ့ရင္တာ့ Chrome OS မွာလည္း သိသာတဲ့ေျပာင္းလဲမႈေတြျဖစ္လာဖို႔ေမွ်ာ္လင့္ထားၾကပါတယ္။ 4K Display ကိုေကာင္းေကာင္းအသံုးခ်ႏိုင္ဖို႔ကေတာ့ Chromebook ေတြက အခုလက္ရွိထက္ ပိုၿပီးစြမ္းေဆာင္ရည္ျမင့္လာမွအဆင္ေျပမွာပါ။ ေစ်းကလည္း လက္ရွိ Chromebook ေတြထက္ပိုမ်ားမွာျဖစ္တဲ့အျပင္ Laptop ေတြ iPad Pro ေတြလိုပဲတန္ဖိုးျမင့္ Computer ေစ်းကြက္ထဲကိုေရာက္လာမွာပဲျဖစ္ပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Google ရဲ့ နောက်ထွက်မယ့် Pixelbook မှာ 4K Display ပါလာနိုင်

Google ရဲ့ Android Tablet ဈေးကွက်ပြီးရင် နောက်ဆက်တွဲအနေနဲ့လိုက်လာတာကတော့ ကွန်ပျူတာနဲ့ Android Tablet အစားထိုး Laptop လေးတွေဖြစ်တဲ့ Chrome OS အသုံးပြုထားတဲ့ Chromebook တွေပဲဖြစ်ပါတယ်။ Chromebook တွေကို တန်ဖိုးသင့်ကနေ $1000 ဝန်းကျင်အထိဈေးအမျိုးမျိုးနဲ့တွေ့ရမှာဖြစ်ပါတယ်။ 

Google ကိုယ်တိုင်အပါအဝင် Samsung, Acer  အစရှိတဲ့ ကွန်ပျူတာကုမ္ပဏီတွေက Chromebook တွေကိုထုတ်လုပ်ပြီး ဈေးကွက်ထဲကိုဝင်ရောက်လာနေခဲ့တာ အချိန်တစ်ခုကြာသွားပြီပဲဖြစ်ပါတယ်။ Chromebook လေးတွေကိုတော့ သာမန်ရုံးသုံး၊ ကျောင်းသားသုံးတွေအပြင် အသေးစားစီးပွားရေးလုပ်ငန်းတွေမှာလည်း အသုံးပြုနေကြပါတယ်။ Chromebook တွေက အခြားကွန်ပျူတာတွေလောက်တော့ စွမ်းဆောင်ရည်မမြင့်မားပေးမယ့် Hardware ပိုင်းမှာတော့ Laptop တစ်လုံးရဲ့စံနှုန်းအတိုင်း အရည်အသွေးကောင်းတဲ့ပစ္စည်းတွေကိုသာသုံးပြီးထုတ်လုပ်ထားတာများပါတယ်။ အဲ့ဒီအထဲကမှ Google ရဲ့ Pixelbook ကတော့ Display Resolution အနေနဲ့ 2400×1600 အထိဖြစ်တဲ့အပြင် Display Size က 12.3 Inch ဖြစ်ပါတယ်။ ဒီလောက် Resolution ဆိုရင် Chromebook တွေအတွက်လုံလောက်ပြီလို့ပြောလို့ရပေမယ့် Google ရဲ့ Chromebook တွေကအခြား Chromebook တွေထက်ပိုကောင်းတယ်လို့အားလုံးကလက်ခံထားကြပါတယ်။ 

နောက်ထွက်လာမယ့် Pixelbook အသစ်မှာတော့ 4K Resolutoion ရှိတဲ့ Display ကို Google ကထုတ်ပြလာနိုင်မယ်လို့သတင်းတွေထွက်နေပါပြီ။ လက်ရှိ Chromium OS ရဲ့ Source Code  ထဲမှာတော့ “atlas” လို့နာမည်ပေးထားတဲ့ Display Resolution 3840×2160 နဲ့ Device တစ်ခုကိုတွေ့နေရပါတယ်လို့ XDA Developers မှာဖော်ပြထားပါတယ်။ အဲ့ဒီ Device ကိုတော့ Pixelbook လိုပဲ SD Card Slot ပါဝင်မှာမဟုတ်ပဲ Keyboard ၊ Touch Screen နဲ့ Trackpad ပါဝင်မှာဖြစ်ပါတယ်။ 4K Display တွေက Chromebook အသုံးပြုသူတွေအတွက် ကြီးမားတဲ့ Upgrade ဖြစ်လာမှာဖြစ်ပြီး YouTube မှာ 4K Video Streaming လုပ်တာ၊ စာအုပ်ဖတ်သူတွေအတွက်ပိုကောင်းတဲ့ Resolution ရလာတာနဲ့ Drawing သမားအချို့အတွက် ပိုကောင်းတဲ့ Display အတွေ့အကြုံသစ်ကိုယူဆောင်လာပေးမှာဖြစ်ပါတယ်။ Chromebook တွေ 4K Display နဲ့လာခဲ့ရင်တာ့ Chrome OS မှာလည်း သိသာတဲ့ပြောင်းလဲမှုတွေဖြစ်လာဖို့မျှော်လင့်ထားကြပါတယ်။ 4K Display ကိုကောင်းကောင်းအသုံးချနိုင်ဖို့ကတော့ Chromebook တွေက အခုလက်ရှိထက် ပိုပြီးစွမ်းဆောင်ရည်မြင့်လာမှအဆင်ပြေမှာပါ။ ဈေးကလည်း လက်ရှိ Chromebook တွေထက်ပိုများမှာဖြစ်တဲ့အပြင် Laptop တွေ iPad Pro တွေလိုပဲတန်ဖိုးမြင့် Computer ဈေးကွက်ထဲကိုရောက်လာမှာပဲဖြစ်ပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။