
Android P Navigation


Android P Navigation





Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ ယနေ့မှာ Android Version 9.0 တဖြစ်လဲ Android P ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပြီးတော့ Android P ရဲ့ နာမည်က Android Pie ကို ကိုယ်စားပြုတယ်ဆိုတာကိုပါ အတည်ပြုခဲ့ပါတယ်။

Android P Navigation

Google ကနေ အခုလိုမျိုး Android Pie ကို ထုတ်ပေးခဲ့တဲ့အပြင် အခုအချိန်မှာ မကြာခင်ထွက်ရှိလာမယ့် Google Pixel 3 နဲ့ ပတ်သတ်ပြီး သတင်းတစ်ခုလည်း ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ လက်ရှိ Android Pie ရဲ့ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်တဲ့ Gesture Navigation နဲ့ ပတ်သတ်တာပဲဖြစ်ပါတယ်။

Android P Navigation

အခုသတင်းက Google ရဲ့ UX Design Manager ဖြစ်တဲ့ EK Chaung နဲ့ Android Central ရဲ့ Interview မှာ EK Chaung က ပြောကြားခဲ့တာဖြစ်ပြီးတော့ Pixel 3 ဖုန်းမှာ လက်ရှိ Android Pie မှာ ပြောင်းလဲခဲ့တဲ့ Home Key တဖြစ်လဲ Center Pill Button နဲ့အတူ Back Button တစ်ခုပဲပါဝင်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။ အခုလိုမျိုး Gesture ကို ပြောင်းလဲပြီးတော့ ယခင်က Multitasking Button တွေကို ထည့်သွင်းလာမှာမဟုတ်တော့တာက အသုံးပြုသူအနည်းစုကပဲ အဆိုပါ Multitasking Button တွေကို အသုံးပြုနေပြီး တခြားသော အသုံးပြုသူအများစုက Android Pie ရဲ့ Gesture အသစ်ကို ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။

အခု Android Pie ရဲ့ Gesture Navigation အသစ်ဟာ Application တစ်ခုနဲ့တစ်ခုကူးပြောင်းတဲ့အချိန်မှာ အလွန်လွယ်ကူလာပြီး အသစ်ပြောင်းလဲလိုက်တဲ့ Center Pill ကို ဘယ်နဲ့ညာကို ဆွဲပြီးတော့လည်း အမြန်ကူးနိုင်တဲ့အတွက် အသုံးပြုမှုကို ပိုပြီး မြန်ဆန်လာစေတာဖြစ်ပါတယ်။

Android P Gesture Navigation

ဒါပေမယ့်လည်း အခုလိုမျိုး Pixel 3 ဖုန်းမှာ ပုံမှန် Multitasking Button တွေကို အသုံးပြုနိုင်တော့မှာမဟုတ်ဘဲ Gesture တစ်ခုထဲ အသုံးပြုနိုင်မှာက တကယ်လို့ Gesture Based Navigation စနစ်ကို ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာမဟုတ်သလို Google Pixel မဟုတ်တဲ့တခြားသော Android Devices တွေမှာလည်း မတူညီတဲ့ Gesture တွေကို အသုံးပြုနေတဲ့အတွက် Google က Android Devices တွေမှာ Gesture Navigation စနစ်တစ်ခုထဲကို အသုံးပြုနိုင်အောင်ဆောင်ရွက်နိုင်ပါ့မလားဆိုတာက ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com