
Google Pixel 2


Famebit Ads


Google Pixel 3 Leak


Ref : 9to5Google

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ယခုနှစ်အတွက် ထွက်ရှိလာဖို့ ကျန်ရှိနေတဲ့စမတ်ဖုန်းတွေထဲမှာ Google Pixel 3 နဲ့ 3 XL ဖုန်းတွေလည်း ကျန်ရှိနေသေးပါတယ်။ Google ကနေ အခုအချိန်မှာ ဒီနှစ်ရဲ့ တတိယမြောက် Pixel ဖုန်းတွေကို ထုတ်လုပ်မယ့်အချိန်ပေါက်ကြားလာပြီး အဆိုပါအချိန်က ရင်းနှီးနေမှာပါ။

Google Pixel 2

ဘာကြောင့်လဲဆိုရင် Google ကနေ ပြီးခဲ့တဲ့ Pixel ဖုန်းတွေကို ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်ရဲ့ အောက်တိုဘာလ ၄ ရက်နေ့မှာပဲ ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ အခုနှစ်မှာလည်း ကွာခြားမှာမဟုတ်ဘဲ ဒီနှစ်အောက်တိုဘာလ ၄ ရက်နေ့မှာ Pixel 3 ဖုန်းတွေကို ကြေညာသွားမှာဖြစ်ပါတယ်။ အခုသတင်းက YouTube ရဲ့ Branded Content Platform တစ်ခုဖြစ်တဲ့ Famebit ရဲ့ ကြော်ငြာတစ်ခုကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Famebit Ads

အခုလိုမျိုး Famebit လိုမျိုး Canada YouTube Content Platform တွေမှာ အခုလိုမျိုး ကြော်ငြာတက်လာတဲ့အတွက် Pixel 3 ဖုန်းတွေက အခုအချိန်မှာ Final Design ဖြစ်သွားလောက်ပါပြီ။ ဒါပေမယ့် Famebit က Pixel 3 ရဲ့ ဓါတ်ပုံနဲ့ Specification တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိသေးပါဘူး။

Google Pixel 3 Leak

Google ကနေ ထုတ်လုပ်တဲ့ Pixel ဖုန်းတွေဟာ Hardware နဲ့ Software ပိုင်း ပေါင်းစပ်မှုမှာ အကောင်းဆုံးဆိုပြီး သတ်မှတ်ခံထားရသလို မနှစ်ကထွက်ရှိထားတဲ့ Pixel 2 ဖုန်းကလည်း လက်ရှိအချိန်အထိ ကင်မရာအကောင်းဆုံးဖုန်းတစ်ခုဖြစ်နေတဲ့အတွက် Pixel 3 ဖုန်းကင်မရာက ဘယ်လောက်ကောင်းလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Ref : 9to5Google

Zawyè (Akhayar) 

www.akhayar.com