
Google Pixelbook





Google Pixel Slate


Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Android Tablet တွေထဲမှာ စွမ်းဆောင်ရည်ကောင်းတဲ့ Tablet တွေဆိုတာက အခုအချိန်မှာတော်တော်လေးကိုနည်းပါးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Google ကတော့ Pixel Tablet အသစ်နဲ့ စွမ်းဆောင်ရည်မြင့် Android Tablet တစ်ခုကိုထုတ်ပြတော့မယ့်ပုံပါပဲ။

Google Pixelbook

Google ရဲ့ အခုထွက်လာဖို့ရှိနေတဲ့ Tablet ကတော့ Android Tablet ဆိုတာရောဟုတ်သေးရဲ့လားလို့တောင် ပြောရမယ့်ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် Google က လာမယ့်အောက်တိုဘာလ ၉ ရက်နေ့မှာ မိတ်ဆက်မယ့် Event မှာ အခု Pixel Slate Tablet က တကယ်ကို ယုံကြည်နိုင်ဖွယ်မရှိတဲ့ Specification တွေပါဝင်လာမှာဖြစ်လို့ပါ။

Google Pixel Slate Geekbench

အခု Pixel Slate Tablet ရဲ့ Codename ကိုတော့ Nocture လို့ နာမည်ပေးထားပြီးတော့ အခုအချိန်မှာ Geekbench Benchmark တွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ အခု Geekbench Benchmark တွေအရ Intel Core i7 – 8500Y processor နဲ့ RAM 16GB ပါဝင်မှာပါ။ အခု Intel i7 Processor ဟာ Thermal Design Power အနေနဲ့ 5W ပဲရှိပြီးတော့ Base Clock Speed 1.5GHz နဲ့ Turbo Boost Clock Speed က 4.2GHz အထိရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် ထူးဆန်းတာတစ်ခုကတော့ အခု Pixel Slate Tablet က Chrome OS အစား Android 9 Pie နဲ့ ထွက်လာတာဖြစ်ပြီးတော့ Android Tablet တစ်ခုအနေနဲ့ Intel Core i7 Processor နဲ့ RAM 16GB လိုအပ်ရဲ့လားဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အဲ့ဒီအတွက် တကယ်ကို သတင်းတွေထွက်ထားသလိုမျိုး Google Pixel Slate Tablet က Windows 10 OS ကိုပါ Dual Boot အနေနဲ့ အသုံးပြုနိုင်မလားဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Google Pixel Slate

ဘာပဲဖြစ်ဖြစ် Google ရဲ့ အစီအစဉ်တွေကို လာမယ့်အောက်တိုဘာလ ၉ ရက်နေ့ကြရင် မြင်ရတော့မှာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com