Google ကေန Pixel 3 နဲ႔ Pixel 3 XL စမတ္ဖုန္းေတြကို မၾကာေသးခင္တုန္းက ေဖာ္ျပခဲ့ထားတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Google ကေန ဒီ Pixel 3 နဲ႔ 3 XL ဖုန္းေတြကို ထပ္ျပီးေၾကာ္ျငာျပဳလုပ္ေနျပီးေတာ့ အခုလည္း “Unswitchables” နာမည္နဲ႔ ေၾကာ္ျငာေတြကို ထုတ္ေပးလုိက္ပါတယ္။

အခု “Unswitchables” ေၾကာ္ျငာေတြက Google ကေန လက္ရွိ Apple iPhone ေတြကို အသံုးျပဳေနတဲ့သူေတြကို Google Pixel 3 ဖုန္းကို ေျပာင္းလဲအသံုးျပဳႏုိင္ေအာင္ ဘယ္လုိမ်ိဳးစြဲေဆာင္ႏိုင္ခဲ့သလဲဆုိတာကို အဓိကေဖာ္ျပသြားတာျဖစ္ျပီးေတာ့ Made by Google YouTube Channel မွာ တင္ထားခဲ့တာျဖစ္ပါတယ္။

တျခားေသာ ေၾကာ္ျငာေတြနဲ႔ ကြာျခားတဲ့အခ်က္ကေတာ့ တကယ္ကို အျပင္ေလာကမွာ ေအာင္ျမင္ေနတဲ့သူေတြကို သြားေရာက္ေတြ႕ဆုံျပီးေတာ့ အခ်ိန္အားျဖင့္ ၇ မိနစ္ကေန ၈ မိနစ္အထိၾကာျမင့္ေနတာျဖစ္ပါတယ္။

အခု “Unswitchables” ေၾကာ္ျငာ ၃ ခုဟာ Host ကေန မတူညီတဲ့ Lifestyle ၃ မ်ိဳးက လူ ၃ ေယာက္ကို Google Pixel 3 ဖုန္းကို ၃ ပတ္ခန္႔ ေပးကိုင္ျပီးေတာ့ သူတုိ႔လက္ရွိကိုင္ေနတဲ့စမတ္ဖုန္းအစားထုိးျပီး ကိုင္ႏုိင္လားဆုိတာကို အေလာင္းအစားလုပ္တဲ့ပံုစံမ်ိဳးနဲ႔ ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ ေနာက္ဆံုးမွာေတာ့ Google Pixel 3 ရဲ႕ အလြန္ေကာင္းမြန္တဲ့ကင္မရာအျပင္ Battery နဲ႔ Google Assistant လုိ အားသာခ်က္ေတြေၾကာင့္ ေျပာင္းလဲအသံုးျပဳတဲ့အေၾကာင္းကို ေဖာ္ျပထားတာပါ။

ဒီေၾကာ္ျငာေတြက ပံုမွန္ျမင္ေနၾကေၾကာ္ျငာေတြကေန ကြဲထြက္ေနျပီး ကိုင္ေနတဲ့ဖုန္းေတြက ဘာအမ်ိဳးအစားလဲဆုိတာကို ေျပာၾကားျခင္းမရွိေသးေပမယ့္ Ecosystem နဲ႔ ဖုန္းေနာက္ပိုင္းပံုစံကို ေဖာ္ျပထားတဲ့အတြက္ iPhone ကို သြယ္ဝိုက္ျပီး တုိက္ခိုက္ေနတာက သိသာေနပါတယ္။

Google Pixel 3 XL

တကယ္ကို ဒီေၾကာ္ျငာေတြက Google Pixel 3 ကို စိတ္ဝင္စားေနတဲ့သူေတြအတြက္ကေတာ့ ၾကည့္လုိ႔ေကာင္းတဲ့ေၾကာ္ျငာေတြလုိ႔ ေျပာလုိ႔ရပါတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းတွေကို မကြာသေးခင်တုန်းက ဖော်ပြခဲ့ထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ ဒီ Pixel 3 နဲ့ 3 XL ဖုန်းတွေကို ထပ်ပြီးကြော်ငြာပြုလုပ်နေပြီးတော့ အခုလည်း “Unswitchables” နာမည်နဲ့ ကြော်ငြာတွေကို ထုတ်ပေးလိုက်ပါတယ်။

အခု “Unswitchables” ကြော်ငြာတွေက Google ကနေ လက်ရှိ Apple iPhone တွေကို အသုံးပြုနေတဲ့သူတွေကို Google Pixel 3 ဖုန်းကို ပြောင်းလဲအသုံးပြုနိုင်အောင် ဘယ်လိုမျိုးစွဲဆောင်နိုင်ခဲ့သလဲဆိုတာကို အဓိကဖော်ပြသွားတာဖြစ်ပြီးတော့ Made by Google YouTube Channel မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

တခြားသော ကြော်ငြာတွေနဲ့ ကွာခြားတဲ့အချက်ကတော့ တကယ်ကို အပြင်လောကမှာ အောင်မြင်နေတဲ့သူတွေကို သွားရောက်တွေ့ဆုံပြီးတော့ အချိန်အားဖြင့် ၇ မိနစ်ကနေ ၈ မိနစ်အထိကြာမြင့်နေတာဖြစ်ပါတယ်။

အခု “Unswitchables” ကြော်ငြာ ၃ ခုဟာ Host ကနေ မတူညီတဲ့ Lifestyle ၃ မျိုးက လူ ၃ ယောက်ကို Google Pixel 3 ဖုန်းကို ၃ ပတ်ခန့် ပေးကိုင်ပြီးတော့ သူတို့လက်ရှိကိုင်နေတဲ့စမတ်ဖုန်းအစားထိုးပြီး ကိုင်နိုင်လားဆိုတာကို အလောင်းအစားလုပ်တဲ့ပုံစံမျိုးနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Google Pixel 3 ရဲ့ အလွန်ကောင်းမွန်တဲ့ကင်မရာအပြင် Battery နဲ့ Google Assistant လို အားသာချက်တွေကြောင့် ပြောင်းလဲအသုံးပြုတဲ့အကြောင်းကို ဖော်ပြထားတာပါ။

ဒီကြော်ငြာတွေက ပုံမှန်မြင်နေကြကြော်ငြာတွေကနေ ကွဲထွက်နေပြီး ကိုင်နေတဲ့ဖုန်းတွေက ဘာအမျိုးအစားလဲဆိုတာကို ပြောကြားခြင်းမရှိသေးပေမယ့် Ecosystem နဲ့ ဖုန်းနောက်ပိုင်းပုံစံကို ဖော်ပြထားတဲ့အတွက် iPhone ကို သွယ်ဝိုက်ပြီး တိုက်ခိုက်နေတာက သိသာနေပါတယ်။

Google Pixel 3 XL

တကယ်ကို ဒီကြော်ငြာတွေက Google Pixel 3 ကို စိတ်ဝင်စားနေတဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းတဲ့ကြော်ငြာတွေလို့ ပြောလို့ရပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com