ဘာသာစကား ၄၀ ခန္႔ကို ခ်က္ခ်င္း ဘာသာျပန္ေပးမယ့္ Google Pixel Buds

ဘာသာစကား ၄၀ ခန္႔ကို ခ်က္ခ်င္း ဘာသာျပန္ေပးမယ့္ Google Pixel Buds

Google က မေန႔ညက Google Pixel 2 နဲ႔ Pixel 2 XL ဖုန္းေတြအျပင္ စိတ္ဝင္စားဖြယ္ Product တစ္ခုကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ Google Pixel Buds Wireless Earphones ေတြပဲျဖစ္ျပီး Apple ရဲ႕ Air Pods ေတြလိုနဲ႔ ျပိဳင္ဆိုင္ခ်င္တာလုိ႔ ယူဆရပါတယ္။ ဒါေပမယ့္ Pixel Buds ဟာ သာမန္ Wireless Earphones တစ္ခုမဟုတ္ပဲ Google Assistant နဲ႔ Instant Translation လုိမ်ိဳး Features ေတြပါ ပါဝင္မွာျဖစ္ပါတယ္။


Google Pixel Buds ေတြက လံုးဝ Wireless ၾကီးမဟုတ္ပဲ ဘယ္၊ ညာ Earbud ေတြကို ၾကိဳးနဲ႔ ဆက္သယ္ေပးထားမွာပါ။ နားၾကပ္ရဲ႕တစ္ဖက္စီမွာလည္း Google Logo နဲ႔အတူ အလြယ္တကူ ျပဳတ္က်မွာမဟုတ္တဲ့ အနည္းငယ္ၾကီးမားတဲ့ Pixel Buds ရဲ႕ ကိုယ္ထည္ရွိေနမွာျဖစ္ပါတယ္။ အဆုိပါ ညာဘက္ Pixel Buds ရဲ႕ ကိုယ္ထည္က Touch Sensitive ျဖစ္တဲ့အတြက္ အသံအတုိးအက်ယ္နဲ႔ Google Assistant ကို အသံုးျပဳခ်င္တယ္ဆိုရင္ Touch အေနနဲ႔အသံုးျပဳျပီး ခိုင္းေစႏုိင္မွာျဖစ္ပါတယ္။

Google Pixel Buds ရဲ႕ အၾကီးမားဆံုး အားသာခ်က္တစ္ခုကေတာ့ Real-Time Translation ပဲျဖစ္ပါတယ္။ Pixel Buds ေတြက Google Translate နဲ႔ Machine Learning စနစ္ေတြကို အသံုးျပဳတဲ့အတြက္ တကယ္လို႔ သင္နားမလည္တဲ့ ဘာသာစကားနဲ႔ စကားလာေျပာတဲ့သူေတြရွိတယ္ဆုိရင္ Pixel Buds က ခ်က္ခ်င္းကို ဘာသာျပန္ေပးမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ဘာသာစကားအမ်ိဳး ၄၀ ကို အသံုးျပဳႏုိင္မွာပါ။ ေနာက္ထပ္လည္း ဘာသာစကားေတြထပ္မံအသံုးျပဳႏုိင္မယ္လုိ႔ သိရပါတယ္။

Google Pixel Buds ေတြကိုလာမယ့္ ႏုိဝင္ဘာလမွာ ေဒၚလာ ၁၅၉ နဲ႔ ေရာင္းခ်သြားမွာျဖစ္ျပီး Google Pixel 2 ဖုန္းအေရာင္ေတြျဖစ္တဲ့ Clearly White, Kinda Blue နဲ႔ Just Black အေရာင္ေတြ ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ ခ်ိတ္ဆက္မႈေတြနဲ႔ Bluetooth ကိုပဲ အသံုးျပဳခ်ိတ္ဆက္မွာျဖစ္ျပီး Google Pixel 2 ဖုန္းေတြနဲ႔ ဆိုရင္ Charging Case ကို ဖြင့္လိုက္သလုိ လြယ္ကူမွာျဖစ္ပါတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

အေသးစိတ္သိရွိလုိလွ်င္…

[UNICODE]

Google က မနေ့ညက Google Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေအပြင် စိတ်ဝင်စားဖွယ် Product တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ Google Pixel Buds Wireless Earphones တွေပဲဖြစ်ပြီး Apple ရဲ့ Air Pods တွေလိုနဲ့ ပြိုင်ဆိုင်ချင်တာလို့ ယူဆရပါတယ်။ ဒါပေမယ့် Pixel Buds ဟာ သာမန် Wireless Earphones တစ်ခုမဟုတ်ပဲ Google Assistant နဲ့ Instant Translation လိုမျိုး Features တွေပါ ပါဝင်မှာဖြစ်ပါတယ်။

Google Pixel Buds တွေက လုံးဝ Wireless ကြီးမဟုတ်ပဲ ဘယ်၊ ညာ Earbud တွေကို ကြိုးနဲ့ ဆက်သယ်ပေးထားမှာပါ။ နားကြပ်ရဲ့တစ်ဖက်စီမှာလည်း Google Logo နဲ့အတူ အလွယ်တကူ ပြုတ်ကျမှာမဟုတ်တဲ့ အနည်းငယ်ကြီးမားတဲ့ Pixel Buds ရဲ့ ကိုယ်ထည်ရှိနေမှာဖြစ်ပါတယ်။ အဆိုပါ ညာဘက် Pixel Buds ရဲ့ ကိုယ်ထည်က Touch Sensitive ဖြစ်တဲ့အတွက် အသံအတိုးအကျယ်နဲ့ Google Assistant ကို အသုံးပြုချင်တယ်ဆိုရင် Touch အနေနဲ့အသုံးပြုပြီး ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

Google Pixel Buds ရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုကတော့ Real-Time Translation ပဲဖြစ်ပါတယ်။ Pixel Buds တွေက Google Translate နဲ့ Machine Learning စနစ်တွေကို အသုံးပြုတဲ့အတွက် တကယ်လို့ သင်နားမလည်တဲ့ ဘာသာစကားနဲ့ စကားလာပြောတဲ့သူတွေရှိတယ်ဆိုရင် Pixel Buds က ချက်ချင်းကို ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ဘာသာစကားအမျိုး ၄၀ ကို အသုံးပြုနိုင်မှာပါ။ နောက်ထပ်လည်း ဘာသာစကားတွေထပ်မံအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Google Pixel Buds တွေကိုလာမယ့် နိုဝင်ဘာလမှာ ဒေါ်လာ ၁၅၉ နဲ့ ရောင်းချသွားမှာဖြစ်ပြီး Google Pixel 2 ဖုန်းအရောင်တွေဖြစ်တဲ့ Clearly White, Kinda Blue နဲ့ Just Black အရောင်တွေ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ချိတ်ဆက်မှုတွေနဲ့ Bluetooth ကိုပဲ အသုံးပြုချိတ်ဆက်မှာဖြစ်ပြီး Google Pixel 2 ဖုန်းတွေနဲ့ ဆိုရင် Charging Case ကို ဖွင့်လိုက်သလို လွယ်ကူမှာဖြစ်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

အေသးစိတ္သိရွိလုိလွ်င္…