Google Pixel Series စမတ်ဖုန်းတွေက အခုအချိန်မှာ Camera ပိုင်းမှာ အကောင်းဆုံးဖုန်းတွေအနေနဲ့ နာမည်ရရှိထားတာတာဖြစ်ပါတယ်။ ဒါကလည်း တခြားသော စမတ်ဖုန်းတွေက Dual Camera နဲ့ Triple Camera သုံးနေတဲ့အချိန်မှာ Single Camera ကိုပဲ သုံးပြီး အကောင်းဆုံးနေရာကို ရယူနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Google ကိုယ်တိုင်ကနေ Pixel 4 စမတ်ဖုန်းရဲ့ နောက်ကျောဘက်ဒီဇိုင်းကို ထုတ်ပြခဲ့ပြီး ဒီတစ်ကြိမ်မှာ Pixel 4 စမတ်ဖုန်းမှာ အနည်းဆုံးသော Camera ၂ လုံးပါဝင်လာမှာကို အတည်ပြုပေးခဲ့ပါတယ်။ ဒါကလည်း Pixel Series ဖုန်းတွေထဲမှာ ပထမဆုံးလည်းဖြစ်ပါတယ်။

အခုအချိန်မှာ Google ကနေ Pixel 4 ဖုန်းမှာပါဝင်လာမယ့် Camera Feature အသစ်ကို XDA Developer ကနေ ဖော်ပြသွားခဲ့ပါတယ်။ ဒါကတော့ ပုံမှန် Android ဖုန်း Camera တွေက ရိုက်ကူးနိုင်တဲ့ sRGB Color တွေအစား ပိုပြီး Color ပိုပြီး စိုပြီး Color Range ပိုများတဲ့ Wide Color DCI-P3 ကို Support ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ ဒါက Color ပုံစံကွဲသွားတာလို့ပဲ ပြောလို့ရပေမယ့် တကယ်တမ်းမှာ သိသိသာသာကို Pixel 4 ရဲ့ Camera Performance က ပိုကောင်းလာမှာပါ။

ဒီ DCI-P3 Color နဲ့ ရိုက်ကူးမယ်ဆိုရင် ပုံမှန် sRGB Color တွေထက် ၂၅ ရာခိုင်နှုန်းပိုပြီးကောင်းမှာဖြစ်ပြီးတော့ ဒီလိုမျိုး Wide Color Format နဲ့ ရိုက်ကူးနိုင်တာက Android ဖုန်းတွေထဲမှာ Pixel 4 က ပထမဆုံးဖြစ်လာမှာပါ။

ဒါပေမယ့်လည်း အလားတူ DCI-P3 Color နဲ့ ဓါတ်ပုံရိုက်ကူးဖို့ကို ပြီးခဲ့တဲ့ iPhone 7 မှာထဲက Apple က အသုံးပြုလာခဲ့တာဖြစ်ပြီးတော့ ဒါကြောင့်လည်း Apple iPhone ရဲ့ ဓါတ်ပုံတွေက ပို Flat ဖြစ်ပြီး Edit လုပ်တဲ့အချိန်မှာ Color တွေပိုလှနေတာလည်းဖြစ်ပါတယ်။

XDA ရဲ့ ပြောကြားချက်အရလည်း Google က ဒီ DCI-P3 Color Mode ကို Pixel 3 ဖုန်းမှာလည်း ထည့်သွင်းပေးခဲ့ပေမယ့် Activate မလုပ်ထားခဲ့ဘူးလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသတင်းက Google Pixel 4 စမတ်ဖုန်းက ယခင်ထက်တောင် ပိုပြီး Camera ပိုင်းကို အားစိုက်လာမယ်လို့ ယူဆရပါတယ်။

Ref : XDA Developer