Google ကနေ Android Q ကို အခုအချိန်မှာ Pixel စမတ်ဖုန်းတွေအတွက် Beta Version အနေနဲ့ ထုတ်ပေးနေတာ အခုဆိုရင် Beta 2 အထိ ရောက်သွားပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Android Q မှာပါဝင်လာမယ့် Feature တစ်ခုက ထွက်ပေါ်လာပြန်ပါပြီ။

Under-Display Fingerprint

Google ကနေ Android Q မှာ ထည့်သွင်းလာမယ့် Feature ကတော့ “Deep Press” လို့ နာမည်ပေးထားပြီး အဆိုပါ Feature က 3D Fingerprint Unlock ဒါမှမဟုတ် Under Display Fingerprint အတွက်ဖြစ်လာမယ်လို့ ယူဆရပါတယ်။ ဒီအတွက် Google ကိုယ်တိုင်က ဒီ Under Display Fingerprint တွေအတွက် ကိုယ်တိုင် နာမည်တစ်ခုကို သတ်မှတ်ပေးဖို့ စိတ်ကူးနေတဲ့ပုံစံပါပဲ။

နောက်ထပ်ဖြစ်နိုင်တဲ့အချက်က Android Q မှာ ဒီ Feature ပါဝင်လာမှာဖြစ်တဲ့အတွက် လာမယ့်အောက်တိုဘာလမှာ မိတ်ဆက်သွားမယ့် Google Pixel 4 ဖုန်းမှာ Under Display Fingerprint ပါလာမယ်ဆိုတာ ကျိန်းသေသလောက်ဖြစ်သွားပါပြီ။ လက်ရှိ Pixel ဖုန်းတွေရဲ့ Fingerprint ကို Pixel Imprint လို့ နာမည်ပေးထားပေမယ့် “Deep Press” လို့ ပြောင်းလဲထားတဲ့အတွက် Fingerprint အတွက် Pressure Sensitive Display ကိုပါ Pixel 4 မှာ သုံးလာနိုင်ပါတယ်။

Under-Display Fingerprint

ဒါပေမယ့်လည်း ဒီလိုမျိုး Under Display Fingerprint ကို Android Q မှာ Support ပြုလုပ်လာမယ်ဆိုပေမယ့် အသေးစိတ်အလုပ်လုပ်မယ့်ပုံစံနဲ့ တခြားသော Under Display Fingerprint တွေနဲ့ ယှဉ်ရင် ဘယ်လိုကွာခြားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref : GSMArena