
Google Pixel 3 & 3 XL




Google Pixel 3 XL


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ရဲ့ Leak တွေထွက်လာခဲ့တဲ့ Google Pixel 3 XL က ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က တရားဝင်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းထွက်လာတော့ ရုပ်ဆိုးတဲ့ Notch ကြီးလည်းပါလာခဲ့တာပဲဖြစ်ပါတယ်။

Google Pixel 3 & 3 XL

အခုလိုမျိုး ကြီးမားတဲ့ Notch ပါလာတဲ့အတွက် Google Pixel 3 XL ရဲ့ ဒီဇိုင်းဟာ မတရားဝေဖန်ခံနေရပြီးတော့ Google ကနေ အဆင့်မြှင့်တင်ထားတဲ့ Feature တွေအပြင် Display Quality ကိုလည်း သိသိသာသာမြှင့်တင်ခဲ့ပေမယ့် Notch ကြောင့်ပဲ အပြစ်တင်ခံနေရတာပါ။

အဲ့ဒီအတွက် Google ကနေ Notch ကို မကြိုက်တဲ့သူတွေအတွက် ရွေးချယ်မှုတစ်ခုကို ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ Notch ကို မကြိုက်ရင် ဖျောက်ထားနိုင်အောင် Option တစ်ခုပေးသွားမယ်လို့ သိရပါတယ်။ အခုလိုမျိုး Notch ကို ဖျောက်လိုက်တာက အခုအချိန်မှာ တခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေကလည်း ပြုလုပ်နေတဲ့အရာဖြစ်တဲ့အတွက် အထူးအဆန်းမဟုတ်ပေမယ့် Google ကပါ အခုအချိန်မှာ လိုက်လုပ်လာတာဖြစ်ပါတယ်။

Google က အခု Notch ကို ဖျောက်နိုင်တဲ့ Option ကိုထည့်ပေးထားတဲ့အတွက် အဆင်ပြေလာတယ်လို့ ပြောလို့ရပေမယ့် လောလောဆယ်မှာတော့ အဆိုပါ Option က Setting ထဲမှာ မရှိနေသေးဘဲ Developer Option ကနေ လုပ်နေရတုန်းပဲဖြစ်ပါတယ်။

Google Pixel 3 XL

ဒါပေမယ့်လည်း အခုထိ Pixel 3 XL ရဲ့ Notch က အရုပ်ဆိုးနေတုန်းပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com