








Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ဟာ သူကိုယ်တိုင် Pixel Series စမတ်ဖုန်းတွေကို ထုတ်လုပ်လာတာအခုဆိုရင် Pixel 3 ကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ Google ဟာ Pixel 1 နဲ့ Pixel 2 ဖုန်းတွေကို အောက်တိုဘာလ ၄ ရက်နေ့ ၂၀၁၆ နဲ့ ၂၀၁၇ တွေမှာ မိတ်ဆက်ခဲ့သလိုပဲ ဒီနှစ်အတွက် Pixel 3 ဖုန်းတွေကိုလည်း လာမယ့်အောက်တိုဘာလ ၄ ရက်နေ့မှာပဲ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလမှ မိတ်ဆက်မှာဖြစ်ပေမယ့် Google Pixel 3 ဖုန်းတွေက ထွက်ရှိဖို့ အဆင်သင့်ဖြစ်နေပုံပါပဲ။ ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံး Google Pixel 3 XL စမတ်ဖုန်းရဲ့ Unboxing Video ပါ Leak ထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။

Google Pixel 3 XL စမတ်ဖုန်းဟာ ယခင်က Leak တွေထွက်ရှိခဲ့တဲ့ ဒီဇိုင်းနဲ့ တူညီပြီးတော့ ကြီးမားတဲ့ Notch ပါဝင်ပြီး ဖုန်းရဲ့ အောက်ခြေမှာလည်း Stereo Speaker အတွက် နေရာပေးလိုက်ရတဲ့အတွက် ဖုန်းရဲ့ အောက်ခြေဘောင်ကလည်း ကြီးမားနေတာကို တွေ့ရပါတယ်။ Android 9 Pie ကို အသုံးပြုထားပြီး Qualcomm Snapdragon 845 Processor ကို အသုံးပြုထားပေမယ့်လည်း RAM ကတော့ 4GB ပဲ ပါဝင်နေသေးတာဖြစ်ပါတယ်။

Google Pixel 3 XL Unboxing

ဖုန်းရဲ့ နောက်ကျောဘက် ဒီဇိုင်းကို အနည်းငယ်ပြောင်းလဲထားပြီး Glass Back ဖြစ်သွားတယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် Wireless Charging ကိုပါ Support ပြုလုပ်လာနိုင်ဖွယ်ရှိပါတယ်။ ကင်မရာအနေနဲ့ကတော့ ဘယ်သူတွေဘယ်လိုပဲ Dual Camera ၊ Single Camera ကို အသုံးပြုနေပါစေ Pixel 3 XL ကတော့ Single Camera တစ်ခုထဲနဲ့ ပွဲထွက်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Google Pixel 2 ဖုန်းတွေကလည်း Single Camera တစ်ခုထဲပါဝင်ပြီးတော့ လက်ရှိအချိန်အထိ အကောင်းဆုံးစမတ်ဖုန်းကင်မရာတစ်ခုအဖြစ်သတ်မှတ်ခံထားရတယ်ဆိုတော့ Google Pixel 3 ရဲ့ Single Camera စွမ်းဆောင်ရည်ကလည်း ဘယ်လောက်တောင်ကောင်းနေမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Google Pixel 3 XL Unboxing

Google Pixel 3 XL ဖုန်းမှာ တစ်ခုထူးခြားတာကတော့ ဖုန်းအတွင်းမှာ ပုံမှန်ပါဝင်နေကြ USB-C Charger ၊ Audio Dongle နဲ့ USB-C to USB-A Dongle တွေအပြင် Google Pixel Buds ပုံစံ Type -C Earphone တစ်ခုပါ ပါဝင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Google Pixel 2 ဖုန်းတွေမှာ Earphone ပါဝင်ခြင်းမရှိခဲ့ပေမယ့် ဒီနှစ် Google Pixel 3 ဖုန်းတွေမှာတော့ Earphone ပါဝင်လာတော့မယ့်ပုံပါပဲ။

Google Pixel 3 XL Unboxing

ဘာပဲဖြစ်ဖြစ် Google Pixel 3 XL က ဒီနှစ်ထဲမှာ ထွက်ရှိလာမယ့် စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်မဖြစ် မသိသေးပေမယ့် ဒီဇိုင်းအရတော့ ရုပ်အဆိုးဆုံးဖြစ်နေတဲ့ပုံပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com