
Google Pixel 3 XL Leak


Google Pixel 3 XL Leak


Google Pixel 3 XL Leak


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ ထွက်ရှိဖို့ ကျန်နေတဲ့ ၂၀၁၈ ခုနှစ်အတွက် Android Flagship စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။ Google ကနေ ကိုယ်တိုင်ထုတ်လုပ်တာဖြစ်တဲ့အတွက် ယခု Google Pixel 3 ဖုန်းတွေဟာ လောလောဆယ်မှာ Flagship စမတ်ဖုန်းတွေကို မျှော်လင့်နေတဲ့သူတွေအတွက် စောင့်ကြည့်သင့်တဲ့ စမတ်ဖုန်းတွေလည်းဖြစ်ပါတယ်။

Google Pixel 3 XL Leak

အခုအချိန်မှာတော့ Google ရဲ့ Pixel 3 XL စမတ်ဖုန်းလို့ ယူဆရတဲ့ ဒီဇိုင်းကို တွေ့ရပြီဖြစ်ပြီးတော့ ယခုဖုန်းက Google Pixel 3 XL ရဲ့ Final Design ဖြစ်လာနိုင်ပါတယ်။ အခု Pixel 3 XL စမတ်ဖုန်းဟာ ဖုန်းရဲ့ အရှေ့ပိုင်းမှာတော့ ယခင် Pixel 2 XL နဲ့ တူညီပြီးတော့ ဖုန်း Display ရဲ့ အပေါ်ပိုင်းမှာ Notch ပါဝင်လာတာဖြစ်ပါတယ်။

Google Pixel 3 XL Leak

ဖုန်းရဲ့ နောက်ကျောဘက်မှာကတော့ Single Camera ကိုပဲ ဆက်လက်အသုံးပြုထားတာကို တွေ့ရှိရပြီးတော့ လက်ရှိ Flagship စမတ်ဖုန်းတွေမှာ Dual Camera ၊ Triple Camera တွေကို အသုံးပြုနေကြတဲ့အတွက် Pixel 3 ရဲ့ Single Camera က နောက်နှစ် ၂၀၁၉ အထိ ဘယ်လိုမျိုး စွမ်းဆောင်နိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒါ့အပြင် Google Pixel 3 XL စမတ်ဖုန်းရဲ့ နောက်ကျောဘက်က Glass Body ကိုပဲပြောင်းလဲအသုံးပြုလာပြီး ဒါကလည်း Wireless Charging စနစ်ကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

Google Pixel 3 XL Leak

ဒါပေမယ့် အခုတွေ့မြင်ရတဲ့ Google Pixel 3 XL ဟာ Engineering Validation Test Unit တစ်ခုဖြစ်ပြီး EVT 1.0 Unit လို့ ရေးသားထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ အဲ့ဒီအတွက် Google ရဲ့ R&D Team က ဒီဇိုင်းပိုင်းမှာ အနည်းငယ်ပြောင်းလဲမှုရှိနေနိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း Display Notch နဲ Single Camera ကတော့ ရှိနေမှာ သေချာသလောက်ဖြစ်နေပါပြီ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com