Google ကေန အခုအခ်ိန္မွာ Pixel 3 ကိုမိတ္ဆက္ထားျပီးျဖစ္ျပီးေတာ့ မၾကာခင္မွာ စတင္ေရာင္းခ်ေတာ့မွာလည္းျဖစ္ပါတယ္။ Pixel Camera ေတြက ယခင္ထဲက အေကာင္းဆံုးေသာ ဓါတ္ပံုေတြကို ရုိက္ကူးႏုိင္သလိုပဲ အခု Pixel 3 ဟာလည္း အေစာပိုင္းသံုးသပ္ခ်က္ေတြအရ တကယ့္ကို စမတ္ဖုန္းေတြထဲမွာ အေကာင္းဆံုးကင္မရာျဖစ္လာဖုိ႔ မ်ားေနတာျဖစ္ပါတယ္။

Google Pixel 3 & 3 XL

အခုေနာက္ဆံုးအေနနဲ႔ Google Pixel 3 ကေနာက္ထပ္ Camera Feature တစ္ခုကို ရရွိလာဖုိ႔ရွိေနပါတယ္။ ဒါကလည္း Photo ပိုင္း Feature မဟုတ္ဘဲ Video ပိုင္းအတြက္ျဖစ္လာမွာပါ။ အခု Feature က ဘာလဲဆုိရင္ Google Pixel 3 ဖုန္းမွာ External Mic ေတြကို Support ေပးလာတာပဲျဖစ္ပါတယ္။

ဒါေပမယ့္ အခု Feature Update က ေလာေလာဆယ္မွာေတာ့ ရရွိဦးမွာမဟုတ္ေသးဘဲ Google Pixel 3 ကို စတင္ေရာင္းခ်မယ့္အခ်ိန္ျဖစ္တဲ့ ေအာက္တုိဘာလ ၁၈ ရက္ဝန္းက်င္မွသာ Software Update အေနနဲ႔ ရရွိလာမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google Pixel 3 မွာ USB-C External Mic ဒါမွမဟုတ္ ႏွစ္သက္ရာ External Mic ကို Dongle နဲ႔ တစ္ဆင့္ရုိက္ကူးႏုိင္မွာျဖစ္ပါတယ္။

Google Pixel ဖုန္းေတြဟာ အေကာင္းဆံုးေသာ ဓါတ္ပံုေတြကို ရုိက္ကူးႏုိင္တယ္ဆိုျပီး နာမည္ၾကီးသလုိ Video ပိုင္းမွာလည္း OIS နဲ႔ EIS ၂ ခုစလံုးကို ေပါင္းစပ္ျပီး ေဆာင္ရြက္တဲ့အတြက္ အရမ္းကို Smooth ျဖစ္တဲ့ Video ေတြကို ရုိက္ကူးႏုိင္တာျဖစ္ပါတယ္။ ဒါေပမယ့္ Video ရုိက္ကူးတဲ့ေနရာမွာ Audio Recording အတြက္ အသံကိုေတာ့ ဖုန္းမွာပါဝင္တဲ့ Mic ေတြက ပံုမွန္အေနနဲ႔ပဲ ဖမ္းယူႏုိင္တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခုလုိ External Mic ကို Support ျပဳလုပ္လာတာက Pixel 3 ကို ဝယ္ယူမယ့္သူေတြအတြက္ေတာ့ တကယ္ကို သတင္းေကာင္းတစ္ခုျဖစ္လာႏုိင္ပါတယ္။

Google Pixel 3 & 3 XL

ယခင္တုန္းက အခုလုိမ်ိဳး External Mic ကို Support ျပဳလုပ္ဖုိ႔အတြက္ Open Camera လုိမ်ိဳး Application ေတြကို အသံုးျပဳဖုိ႔လုိအပ္ခဲ့ျပီးေတာ့ အခုေတာ့ နဂို Camera App မွာတင္ အသံုးျပဳလာႏုိင္ေတာ့မွာပါ။

Google Pixel 3 ဟာ အခုလုိ External Mic Support ရရွိမယ့္အျပင္ တျခားေသာ Camera Feature အမ်ားအျပားလည္း ပါဝင္ေနေသးတဲ့အတြက္ တကယ္ကို အေကာင္းဆံုးေသာ ကင္မရာပါဝင္တဲ့ စမတ္ဖုန္းတစ္ခုျဖစ္လာဖုိ႔မ်ားေနပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ အခုအချိန်မှာ Pixel 3 ကိုမိတ်ဆက်ထားပြီးဖြစ်ပြီးတော့ မကြာခင်မှာ စတင်ရောင်းချတော့မှာလည်းဖြစ်ပါတယ်။ Pixel Camera တွေက ယခင်ထဲက အကောင်းဆုံးသော ဓါတ်ပုံတွေကို ရိုက်ကူးနိုင်သလိုပဲ အခု Pixel 3 ဟာလည်း အစောပိုင်းသုံးသပ်ချက်တွေအရ တကယ့်ကို စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးကင်မရာဖြစ်လာဖို့ များနေတာဖြစ်ပါတယ်။

Google Pixel 3 & 3 XL

အခုနောက်ဆုံးအနေနဲ့ Google Pixel 3 ကနောက်ထပ် Camera Feature တစ်ခုကို ရရှိလာဖို့ရှိနေပါတယ်။ ဒါကလည်း Photo ပိုင်း Feature မဟုတ်ဘဲ Video ပိုင်းအတွက်ဖြစ်လာမှာပါ။ အခု Feature က ဘာလဲဆိုရင် Google Pixel 3 ဖုန်းမှာ External Mic တွေကို Support ပေးလာတာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခု Feature Update က လောလောဆယ်မှာတော့ ရရှိဦးမှာမဟုတ်သေးဘဲ Google Pixel 3 ကို စတင်ရောင်းချမယ့်အချိန်ဖြစ်တဲ့ အောက်တိုဘာလ ၁၈ ရက်ဝန်းကျင်မှသာ Software Update အနေနဲ့ ရရှိလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Pixel 3 မှာ USB-C External Mic ဒါမှမဟုတ် နှစ်သက်ရာ External Mic ကို Dongle နဲ့ တစ်ဆင့်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Google Pixel ဖုန်းတွေဟာ အကောင်းဆုံးသော ဓါတ်ပုံတွေကို ရိုက်ကူးနိုင်တယ်ဆိုပြီး နာမည်ကြီးသလို Video ပိုင်းမှာလည်း OIS နဲ့ EIS ၂ ခုစလုံးကို ပေါင်းစပ်ပြီး ဆောင်ရွက်တဲ့အတွက် အရမ်းကို Smooth ဖြစ်တဲ့ Video တွေကို ရိုက်ကူးနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် Video ရိုက်ကူးတဲ့နေရာမှာ Audio Recording အတွက် အသံကိုတော့ ဖုန်းမှာပါဝင်တဲ့ Mic တွေက ပုံမှန်အနေနဲ့ပဲ ဖမ်းယူနိုင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလို External Mic ကို Support ပြုလုပ်လာတာက Pixel 3 ကို ဝယ်ယူမယ့်သူတွေအတွက်တော့ တကယ်ကို သတင်းကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Google Pixel 3 & 3 XL

ယခင်တုန်းက အခုလိုမျိုး External Mic ကို Support ပြုလုပ်ဖို့အတွက် Open Camera လိုမျိုး Application တွေကို အသုံးပြုဖို့လိုအပ်ခဲ့ပြီးတော့ အခုတော့ နဂို Camera App မှာတင် အသုံးပြုလာနိုင်တော့မှာပါ။

Google Pixel 3 ဟာ အခုလို External Mic Support ရရှိမယ့်အပြင် တခြားသော Camera Feature အများအပြားလည်း ပါဝင်နေသေးတဲ့အတွက် တကယ်ကို အကောင်းဆုံးသော ကင်မရာပါဝင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာဖို့များနေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com