


Google Pixel 3 XL leaks



Google Pixel 3 Leaks



Ref : The Verge

Zawyè

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ယခု ၂၀၁၈ ခုနှစ်မှာ စမတ်ဖုန်းတွေမှာ ခေတ်အစားဆုံးအရာတစ်ခုကိုပြောပါဆိုရင် အဲ့ဒါက် Display မှာ Notch ပါဝင်လာတာပဲဖြစ်ပါတယ်။ ဒါက Apple iPhone X ကနေ မနှစ်ကစတင်ခဲ့တဲ့ Trend တစ်ခုကို လိုက်လာတာလို့ပြောလို့ရလို့သလို Screen ကို တတ်နိုင်သမျှ ဖုန်းအရှေ့ပိုင်းမှာ ရနိုင်သမျှနေရာယူဖို့အတွက် ပြုလုပ်လာတာလို့လည်း ပြောလို့ရပါတယ်။

အခုလိုမျိုး Android ဖုန်းတွေမှာ Notch တွေကို ထည့်သွင်းလာလိုက်တာ အခုအချိန်မှာ Notch မပါတဲ့ ဖုန်းဆိုတာ လက်ချိုးရေလို့ရနေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ကိုယ်တိုင်ကတော့ Android P Version 9.0 မှာ Notch အတွက် Optimize လုပ်ထားတဲ့ Features ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

Google ကနေ အစပိုင်းက Android P မှာ Notch အတွက် Optimizations တွေကို ပြုလုပ်လာခဲ့တဲ့အတွက် Google က ကိုယ်တိုင်ထုတ်လုပ်မယ့် Pixel 3 ဖုန်းမှာရော Notch ပါဝင်လာမလားဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Google Pixel 3 XL leaks

Display မှာ Notch ပါဝင်တာကို လက်ရှိမှာ လူတော်တော်များများက ကြိုက်နှစ်သက်ခြင်းမရှိပေမယ့် အခုအချိန်မှာတော့ Google က သူရဲ့ Pixel 3 XL စမတ်ဖုန်းမှာလည်း ထည့်သွင်းလာတော့မှာပါ။ ဒါကိုလည်း လက်ရှိနောက်ဆုံးထွက်ပေါ်လာတဲ့ Google Pixel 3 XL ရဲ့ Codename ဖြစ်တဲ့ Crosshatch နာမည်နဲ့ Google Pixel 3 XL လို့ ယူဆရတဲ့ စမတ်ဖုန်းပုံတွေက သက်သေခံနေပါတယ်။

အခု Google Pixel 3 XL ဖုန်းရဲ့ Leak ဓါတ်ပုံအရတော့ Google ဟာ Display မှာ Notch ထည့်သွင်းလာတာကို တွေ့ခဲ့ရပြီးတော့ အခြား ဒီဇိုင်းပိုင်းအနေနဲ့တော့ Pixel ဖုန်းတွေနဲ့ အရမ်းကြီးကွာခြားနေတာမျိုးမရှိသေးပါဘူး။ Fingerprint Scanner ကိုလည်း ဖုန်းရဲ့ နောက်ကျောဘက်မှာ တွေ့ရတဲ့အတွက် Google ဟာ Pixel 3 ဖုန်းတွေမှာလည်း Face ID လိုမျိုး စနစ်တွေအစား Fingerprint ကိုပဲ အသုံးပြုလာဦးမယ့်ပုံပါပဲ။ လက်ရှိ အချို့စမတ်ဖုန်းတွေက Camera ၃ လုံး၊ ၂ လုံးတွေပါဝင်နေပေမယ့်လည်း Google Pixel 3 XL ဖုန်းမှာ Single Camera ကိုပဲ တွေ့ရှိနေရတုန်းပါ။ Pixel 2 ဖုန်းတုန်းကလည်း Single Camera ပဲထည့်သွင်းပေးထားပေမယ့် အခု ထွက်တာ ၆ လကျော်နေတဲ့အချိန်အထိကို အကောင်းဆုံးစမတ်ဖုန်းကင်မရာအဖြစ်သတ်မှတ်ခဲ့ထားရတဲ့အတွက် Google Pixel 3 ဖုန်းတွေရဲ့ ကင်မရာကလည်း Single Camera ပဲဖြစ်ပေမယ့် အများကြီးမျှော်လင့်ထားရမှာပါ။

Google Pixel 3 Leaks

နောက်ထပ်တစ်ချက်ကတော့ Google Pixel 3 XL ရဲ့ ဘေးဘောင်တွေက Metal အစား Glass ကို အသုံးပြုထားတဲ့အတွက် Google ဟာ သူရဲ့ Two-tone Design ကို Glass Body နဲ့အစားထိုးလာမလားဆိုတာက စိတ်ဝင်စားစရာပါ။

Google Pixel 3 ဖုန်းတွေဟာ ယခင်က ထွက်ရှိခဲ့တဲ့ဖုန်းတွေလိုမျိုးပဲ Specifications တွေအရတော့ Qualcomm Snapdragon 845 ၊ RAM 4GB ပဲပါဝင်လာမှာဖြစ်ပြီး စိတ်ဝင်စားဖို့မကောင်းပေမယ့် Software နဲ့ အခြားသော Features တွေကြောင့် ထွက်လာတဲ့အချိန်မှာ အကောင်းဆုံးသော Android စမတ်ဖုန်းတစ်ခုဖြစ်လာမယ်ဆိုတာက သေချာပါတယ်။

Ref : The Verge

Zawyè

www.akhayar.com