ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Google Pixel 3 စမတ္ဖုန္းရဲ႕ Rumors ေတြ ထြက္ေပၚလာတာကို သတိထားမိမွာပါ။ အခုအခ်ိန္မွာ Google Pixel 3 ဖုန္းေတြ ထြက္ရွိမယ့္ အခ်ိန္ကို အတိအက်မသိေသးေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဖုန္းဒီဇုိင္း Leaks ေတြေရာ၊ တျခား Feature Leak ေတြပါ ထြက္ရွိေနတာပဲျဖစ္ပါတယ္။

Google Pixel 3 Leak

အခုလည္း Google Pixel 3 စမတ္ဖုန္းမွာ ပါဝင္လာမယ့္ Feature ၂ ခုက ထပ္မံေပါက္ၾကားလာျပီျဖစ္ပါတယ္။ အခု Feature ေတြထဲက တစ္ခုကေတာ့ ယခင္ Google Pixel 2 စမတ္ဖုန္းမွာ စတင္ပါဝင္လာခဲ့တဲ့ Squeeze Gesture လို႔ေခၚတဲ့ ဖုန္းရဲ႕ ေဘးေဘာင္ေတြကို ညွစ္ျပီးေတာ့ Google Assistant ကို ေခၚတာ၊ Alarm ေတြ၊ Incoming Call ေတြကို Silent လုပ္တာေတြကို ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။ Google Pixel 3 မွာပါဝင္လာမယ့္ ဒီ Active Edge တျဖစ္လဲ Squeeze Feature က Functions ေတြပိုျပီး အလုပ္လုပ္လုိ႔ရမယ္လုိ႔လည္း သိရပါတယ္။

ေနာက္ထပ္ Google Pixel 3 မွာ ပါဝင္လာႏုိင္တဲ့ Feature တစ္ခုကေတာ့ Wireless Charging စနစ္ပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရက္ပိုင္းတုန္းကထြက္ခဲ့တဲ့ Leak Design ေတြအရ Google Pixel 3 ဟာ ယခင္ Metal နဲ႔ Glass Body ကေန လံုးဝ Glass Body ဘက္ကို ေျပာင္းလဲထားတာကိုေတြ႕ခဲ့ရျပီးေတာ့ အခုအခ်ိန္မွာေတာ့ ဘာလုိ႔ Glass Body ကို ေျပာင္းလဲခဲ့သလဲဆိုတာကို သိလာရတာပဲျဖစ္ပါတယ္။

Google Pixel 3 Leak

Google Pixel 3 ရဲ႕ SystemUIGoogle.APK ကို စစ္ေဆးခ်က္အရ “DOCK_IDLE” နဲ႔ “DOCK_ACTIVE” စတဲ့ Code ေတြကို ေတြ႕ရတဲ့အတြက္ Wireless Charging စနစ္ကို ထည့္သြင္းလာမွာေသခ်ာသြားတာပဲျဖစ္ပါတယ္။

Google Pixel ဖုန္းေတြဟာ ထြက္ရွိတဲ့အခ်ိန္တုိင္း အေကာင္းဆံုး Android ဖုန္းေတြျဖစ္လာတဲ့အတြက္ ဒီတစ္ၾကိမ္ Google Pixel 3 ဖုန္းေတြကေရာ ဘယ္လုိမ်ိဳး အလန္းစား Features ေတြပါလာဦးမလဲဆိုတာက ဆက္ျပီး ေစာင့္ၾကည့္ရဦးမွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Google Pixel 3 စမတ်ဖုန်းရဲ့ Rumors တွေ ထွက်ပေါ်လာတာကို သတိထားမိမှာပါ။ အခုအချိန်မှာ Google Pixel 3 ဖုန်းတွေ ထွက်ရှိမယ့် အချိန်ကို အတိအကျမသိသေးပေမယ့် လက်ရှိအချိန်မှာတော့ ဖုန်းဒီဇိုင်း Leaks တွေရော၊ တခြား Feature Leak တွေပါ ထွက်ရှိနေတာပဲဖြစ်ပါတယ်။

Google Pixel 3 Leak

အခုလည်း Google Pixel 3 စမတ်ဖုန်းမှာ ပါဝင်လာမယ့် Feature ၂ ခုက ထပ်မံပေါက်ကြားလာပြီဖြစ်ပါတယ်။ အခု Feature တွေထဲက တစ်ခုကတော့ ယခင် Google Pixel 2 စမတ်ဖုန်းမှာ စတင်ပါဝင်လာခဲ့တဲ့ Squeeze Gesture လို့ခေါ်တဲ့ ဖုန်းရဲ့ ဘေးဘောင်တွေကို ညှစ်ပြီးတော့ Google Assistant ကို ခေါ်တာ၊ Alarm တွေ၊ Incoming Call တွေကို Silent လုပ်တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Google Pixel 3 မှာပါဝင်လာမယ့် ဒီ Active Edge တဖြစ်လဲ Squeeze Feature က Functions တွေပိုပြီး အလုပ်လုပ်လို့ရမယ်လို့လည်း သိရပါတယ်။

နောက်ထပ် Google Pixel 3 မှာ ပါဝင်လာနိုင်တဲ့ Feature တစ်ခုကတော့ Wireless Charging စနစ်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထွက်ခဲ့တဲ့ Leak Design တွေအရ Google Pixel 3 ဟာ ယခင် Metal နဲ့ Glass Body ကနေ လုံးဝ Glass Body ဘက်ကို ပြောင်းလဲထားတာကိုတွေ့ခဲ့ရပြီးတော့ အခုအချိန်မှာတော့ ဘာလို့ Glass Body ကို ပြောင်းလဲခဲ့သလဲဆိုတာကို သိလာရတာပဲဖြစ်ပါတယ်။

Google Pixel 3 Leak

Google Pixel 3 ရဲ့ SystemUIGoogle.APK ကို စစ်ဆေးချက်အရ “DOCK_IDLE” နဲ့ “DOCK_ACTIVE” စတဲ့ Code တွေကို တွေ့ရတဲ့အတွက် Wireless Charging စနစ်ကို ထည့်သွင်းလာမှာသေချာသွားတာပဲဖြစ်ပါတယ်။

Google Pixel ဖုန်းတွေဟာ ထွက်ရှိတဲ့အချိန်တိုင်း အကောင်းဆုံး Android ဖုန်းတွေဖြစ်လာတဲ့အတွက် ဒီတစ်ကြိမ် Google Pixel 3 ဖုန်းတွေကရော ဘယ်လိုမျိုး အလန်းစား Features တွေပါလာဦးမလဲဆိုတာက ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com