ႏွစ္ဝက္ေနာက္ပိုင္း ေရာက္လာတာနဲ႔အတူ စမတ္ဖုန္းေလာကအတြင္း ျပိဳင္ဆိုင္မႈေတြကလည္း ပိုျပီး ျပင္းထန္လာျပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ လူစိတ္ဝင္စားမႈမ်ားျပားေနတဲ့ Samsung Galaxy Note 9 နဲ႔ iPhone အသစ္ေတြ မိတ္ဆက္သြားဖုိ႔ က်န္ရွိေနေသးသလုိပဲ Android ဖုန္းေတြရဲ႕ ဘုရင္တစ္ဆူလုိ႔ သတ္မွတ္ရမယ့္ Google Pixel 3 စမတ္ဖုန္းေတြလည္း ထြက္ရွိလာဦးမွာျဖစ္ပါတယ္။

Google Pixel 3 Render

အခု Google Pixel 3 စမတ္ဖုန္းေတြဟာ မႏွစ္က ေအာင္ျမင္ခဲ့တဲ့ Google Pixel 2 စမတ္ဖုန္းေတြထက္ေတာင္ စြမ္းေဆာင္ရည္ပိုေကာင္းလာမွာျဖစ္ျပီးေတာ့ ကင္မရာပိုင္းမွာလည္း တျခားေသာ စမတ္ဖုန္းေတြက Triple Camera Setup အထိ အသံုးျပဳလာၾကေပမယ့္ Single Camera နဲ႔ပဲ ထြက္ရွိလာဦးမွာျဖစ္ပါတယ္။

လက္ရွိေနာက္ဆံုးထြက္ရွိလာတဲ့သတင္းေတြအရ Google Pixel 3 ဖုန္းေတြမွာ Feature အသစ္တစ္ခုပါဝင္လာမယ္ဆိုတာက ေသခ်ာသြားျပီျဖစ္ျပီး အဆိုပါ Feature အတြက္ Accessory အသစ္တစ္ခုပါ ထြက္ရွိလာဖုိ႔ ရွိေနပါတယ္။

Google App Teardown

Google Pixel 3 ဖုန္းေတြမွာ ပါဝင္လာမယ့္ Feature ကေတာ့ Wireless Charging စနစ္ပဲျဖစ္ျပီးေတာ့ အခုလိုမ်ိဳး ေတြ႕ရွိတာက 9to5Google ကေန လက္ရွိ Google App ကို Teardown ျပဳလုပ္ျပီး အတြင္းမွာရွိတဲ့ Code ေတြကေန တစ္ဆင့္သိရွိခဲ့တာလည္းျဖစ္ပါတယ္။

9to5Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ Google Pixel 3 ဟာ Wireless Charging Support ျပဳလုပ္မယ့္အျပင္ Pixel Stand နာမည္နဲ႔ Wireless Charger တစ္ခုကိုပါ ထုတ္လုပ္လာမယ္လုိ႔ သိရပါတယ္။ အဆိုပါ Pixel Stand ဟာ လက္ရွိ Samsung Galaxy ဖုန္းေတြမွာ ပါဝင္တဲ့ Wireless Charger နဲ႔ တူညီတယ္ဆုိေပမယ့္ ကြဲျပားမႈေတြရွိေနပါေသးတယ္။

Google Pixel 3 XL Render

အဲ့ဒါကေတာ့ Google Pixel 3 ဖုန္းေတြကို အဆိုပါ Pixel Stand ေပၚမွာ တင္ထားလုိက္ရုံနဲ႔ အားသြင္းေပးမွာျဖစ္တဲ့အျပင္ Google Assistant က အျမဲတမ္းအလုပ္လုပ္ေနမွာျဖစ္တဲ့အတြက္ ဖုန္း Screen ကို ဖြင့္စရာမလုိဘဲ Google Assistant ကို အသံုးျပဳႏုိင္မွာပါ။ ေနာက္ထပ္လည္း အခုလုိမ်ိဳး Google Assistant နဲ႔ တြဲဖက္ႏုိင္တဲ့အတြက္ အဆိုပါ Google Pixel Stand က သီးျခား Smart Speaker တစ္ခုလုိပါ အသံုးျပဳႏုိင္မယ္လုိ႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ မႏွစ္က Apple ကေန Wireless Charging နည္းပညာကို စတင္အသံုးျပဳျပီးေနာက္ပိုင္း Google ကလည္း အခုလုိမ်ိဳး Wireless Charging စနစ္ကို ေထာက္ပံ့လာတာက ေကာင္းမြန္တဲ့ အခ်က္တစ္ခုလို႔ သတ္မွတ္ရမွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

နှစ်ဝက်နောက်ပိုင်း ရောက်လာတာနဲ့အတူ စမတ်ဖုန်းလောကအတွင်း ပြိုင်ဆိုင်မှုတွေကလည်း ပိုပြီး ပြင်းထန်လာပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူစိတ်ဝင်စားမှုများပြားနေတဲ့ Samsung Galaxy Note 9 နဲ့ iPhone အသစ်တွေ မိတ်ဆက်သွားဖို့ ကျန်ရှိနေသေးသလိုပဲ Android ဖုန်းတွေရဲ့ ဘုရင်တစ်ဆူလို့ သတ်မှတ်ရမယ့် Google Pixel 3 စမတ်ဖုန်းတွေလည်း ထွက်ရှိလာဦးမှာဖြစ်ပါတယ်။

Google Pixel 3 Render

အခု Google Pixel 3 စမတ်ဖုန်းတွေဟာ မနှစ်က အောင်မြင်ခဲ့တဲ့ Google Pixel 2 စမတ်ဖုန်းတွေထက်တောင် စွမ်းဆောင်ရည်ပိုကောင်းလာမှာဖြစ်ပြီးတော့ ကင်မရာပိုင်းမှာလည်း တခြားသော စမတ်ဖုန်းတွေက Triple Camera Setup အထိ အသုံးပြုလာကြပေမယ့် Single Camera နဲ့ပဲ ထွက်ရှိလာဦးမှာဖြစ်ပါတယ်။

လက်ရှိနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Google Pixel 3 ဖုန်းတွေမှာ Feature အသစ်တစ်ခုပါဝင်လာမယ်ဆိုတာက သေချာသွားပြီဖြစ်ပြီး အဆိုပါ Feature အတွက် Accessory အသစ်တစ်ခုပါ ထွက်ရှိလာဖို့ ရှိနေပါတယ်။

Google App Teardown

Google Pixel 3 ဖုန်းတွေမှာ ပါဝင်လာမယ့် Feature ကတော့ Wireless Charging စနစ်ပဲဖြစ်ပြီးတော့ အခုလိုမျိုး တွေ့ရှိတာက 9to5Google ကနေ လက်ရှိ Google App ကို Teardown ပြုလုပ်ပြီး အတွင်းမှာရှိတဲ့ Code တွေကနေ တစ်ဆင့်သိရှိခဲ့တာလည်းဖြစ်ပါတယ်။

9to5Google ရဲ့ ပြောကြားချက်အရတော့ Google Pixel 3 ဟာ Wireless Charging Support ပြုလုပ်မယ့်အပြင် Pixel Stand နာမည်နဲ့ Wireless Charger တစ်ခုကိုပါ ထုတ်လုပ်လာမယ်လို့ သိရပါတယ်။ အဆိုပါ Pixel Stand ဟာ လက်ရှိ Samsung Galaxy ဖုန်းတွေမှာ ပါဝင်တဲ့ Wireless Charger နဲ့ တူညီတယ်ဆိုပေမယ့် ကွဲပြားမှုတွေရှိနေပါသေးတယ်။

Google Pixel 3 XL Render

အဲ့ဒါကတော့ Google Pixel 3 ဖုန်းတွေကို အဆိုပါ Pixel Stand ပေါ်မှာ တင်ထားလိုက်ရုံနဲ့ အားသွင်းပေးမှာဖြစ်တဲ့အပြင် Google Assistant က အမြဲတမ်းအလုပ်လုပ်နေမှာဖြစ်တဲ့အတွက် ဖုန်း Screen ကို ဖွင့်စရာမလိုဘဲ Google Assistant ကို အသုံးပြုနိုင်မှာပါ။ နောက်ထပ်လည်း အခုလိုမျိုး Google Assistant နဲ့ တွဲဖက်နိုင်တဲ့အတွက် အဆိုပါ Google Pixel Stand က သီးခြား Smart Speaker တစ်ခုလိုပါ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် မနှစ်က Apple ကနေ Wireless Charging နည်းပညာကို စတင်အသုံးပြုပြီးနောက်ပိုင်း Google ကလည်း အခုလိုမျိုး Wireless Charging စနစ်ကို ထောက်ပံ့လာတာက ကောင်းမွန်တဲ့ အချက်တစ်ခုလို့ သတ်မှတ်ရမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com