Google ရဲ႕ Pixel စမတ္ဖုန္းေတြဟာ ကင္မရာပိုင္းမွာ ထိပ္တန္းအဆင့္ရွိေနျပီးေတာ့ ျပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းက ထြက္ရွိခဲ့တဲ့ Google Pixel 2 စမတ္ဖုန္းဆုိရင္လည္း လက္ရွိအခ်ိန္အထိ ကင္မရာအေကာင္းဆံုးစမတ္ဖုန္းတစ္ခုျဖစ္ေနေသးတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Google Pixel 2

ဒါေပမယ့္ ဒီႏွစ္မွာေတာ့ Flagship စမတ္ဖုန္းေတြက Dual Aperture ၊ ကင္မရာ ၃ လံုးစသျဖင့္ အသံုးျပဳလာၾကျပီးေတာ့ ကင္မရာပိုင္းမွာ သိသိသာသာကို တုိးတက္လာခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ႏွစ္တုိင္း ကင္မရာအေကာင္းဆံုးေနရာကို ရယူႏုိင္တဲ့ Google က ဒီႏွစ္ Pixel 3 ဖုန္းမွာ ဘယ္လုိမ်ိဳး နည္းပညာေတြပါဝင္လာမလဲဆိုတာ စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

Google Pixel 3 XL Leaks

အခုေနာက္ဆံုးထြက္ေပၚလာတဲ့ Pixel 3 XL ရဲ႕ Case Design အရေတာ့ Google ဟာ ကင္မရာ ၁ လံုးထဲပဲ အသံုးျပဳလာမွာျဖစ္ျပီးေတာ့ Fingerprint Scanner ကိုလည္း ဖုန္းရဲ႕ ေနာက္ေက်ာမွာပဲ ထားရွိလာမွာျဖစ္ပါတယ္။

Google Pixel 3 XL စမတ္ဖုန္းဟာ 6.2″ အရြယ္အစားရွိတဲ့ Notch ပါဝင္တဲ့ Display ကို တပ္ဆင္ထားမွာျဖစ္ျပီးေတာ့ Google Pixel 3 ကေတာ့ Notch ပါဝင္မွာ မဟုတ္တဲ့ 5.3″ Display ကိုပဲ တပ္ဆင္ထားမယ္လုိ႔ သိရျပီးေတာ့ Qualcomm ရဲ႕ Snapdragon 845 Processor ၊ RAM 4GB ပါဝင္မွာျဖစ္ပါတယ္။

Google Pixel 3 XL Leaks

Google ဟာ ေနာက္ႏွစ္အေစာပိုင္းမွာ Qualcomm Snapdragon 710 Processor ကို အသံုးျပဳထားတဲ့ ေစ်းသက္သာတဲ့ Pixel စမတ္ဖုန္းတစ္ခုကိုလည္း ထပ္မံထုတ္လုပ္ဦးမွာျဖစ္ပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ Pixel စမတ်ဖုန်းတွေဟာ ကင်မရာပိုင်းမှာ ထိပ်တန်းအဆင့်ရှိနေပြီးတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ထွက်ရှိခဲ့တဲ့ Google Pixel 2 စမတ်ဖုန်းဆိုရင်လည်း လက်ရှိအချိန်အထိ ကင်မရာအကောင်းဆုံးစမတ်ဖုန်းတစ်ခုဖြစ်နေသေးတယ်လို့ ပြောလို့ရပါတယ်။

Google Pixel 2

ဒါပေမယ့် ဒီနှစ်မှာတော့ Flagship စမတ်ဖုန်းတွေက Dual Aperture ၊ ကင်မရာ ၃ လုံးစသဖြင့် အသုံးပြုလာကြပြီးတော့ ကင်မရာပိုင်းမှာ သိသိသာသာကို တိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နှစ်တိုင်း ကင်မရာအကောင်းဆုံးနေရာကို ရယူနိုင်တဲ့ Google က ဒီနှစ် Pixel 3 ဖုန်းမှာ ဘယ်လိုမျိုး နည်းပညာတွေပါဝင်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Google Pixel 3 XL Leaks

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ Pixel 3 XL ရဲ့ Case Design အရတော့ Google ဟာ ကင်မရာ ၁ လုံးထဲပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ Fingerprint Scanner ကိုလည်း ဖုန်းရဲ့ နောက်ကျောမှာပဲ ထားရှိလာမှာဖြစ်ပါတယ်။

Google Pixel 3 XL စမတ်ဖုန်းဟာ 6.2″ အရွယ်အစားရှိတဲ့ Notch ပါဝင်တဲ့ Display ကို တပ်ဆင်ထားမှာဖြစ်ပြီးတော့ Google Pixel 3 ကတော့ Notch ပါဝင်မှာ မဟုတ်တဲ့ 5.3″ Display ကိုပဲ တပ်ဆင်ထားမယ်လို့ သိရပြီးတော့ Qualcomm ရဲ့ Snapdragon 845 Processor ၊ RAM 4GB ပါဝင်မှာဖြစ်ပါတယ်။

Google Pixel 3 XL Leaks

Google ဟာ နောက်နှစ်အစောပိုင်းမှာ Qualcomm Snapdragon 710 Processor ကို အသုံးပြုထားတဲ့ ဈေးသက်သာတဲ့ Pixel စမတ်ဖုန်းတစ်ခုကိုလည်း ထပ်မံထုတ်လုပ်ဦးမှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com