Apple က မႏွစ္က iPhone X နဲ႔အတူ လက္ရွိစမတ္ဖုန္းေတြရဲ႕ Display မွာ Notch ထည့္သြင္းလာေအာင္ ဦးေဆာင္သြားခဲ့တာဆိုရင္ မမွားပါဘူး။ iPhone X စထြက္လာတုန္းက Display Notch ကို ဘယ္သူမွမၾကိဳက္ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ စမတ္ဖုန္းကုမၸဏီအမ်ားစုကလည္း Notch ကိုထည့္လာၾကတဲ့အတြက္ တျဖည္းျဖည္း Notch ပါဝင္တဲ့ စမတ္ဖုန္းေတြကို အသံုးျပဳသူမ်ားျပားလာျပီပဲျဖစ္ပါတယ္။

Pixel 3

အခုလည္း Google က ထုတ္လုိက္တဲ့ Pixel 3 XL စမတ္ဖုန္းဆိုရင္လည္း Apple iPhone X လုိမ်ိဳးပဲ Notch ပါဝင္တဲ့ Display နဲ႔ ထြက္ရွိလာတာျဖစ္ပါတယ္။ အဲ့ဒါကလည္း တျခားဖုန္းေတြနဲ႔ယွဥ္ရင္ ေတာ္ေတာ္ေလးကို အရုပ္ဆုိးျပီး ေအာက္ကိုနက္တဲ့ Notch ၾကီးပါ။ အဲ့ေတာ့ အျမဲတမ္း Apple ကို ခနဲ႔ေနတဲ့ Google က ေနာက္ဆံုးေတာ့ Apple ေနာက္ကိုပဲ လုိက္သြားျပန္တယ္လုိ႔ ေဝဖန္ခံေနရတာပါ။

Pixel 3 XL

ဒါေပမယ့္လည္း အခု Google Pixel 3 XL က Apple ရဲ႕ ေနာက္ဆံုးထြက္ထားတဲ့ iPhone XS ထက္ ပိုျပီး သာေနတဲ့အခ်က္တစ္ခုရွိပါေသးတယ္။ အဲ့ဒါကဘာလဲဆုိရင္ Audio ပိုင္းမွာပါ။

Apple iPhone XS ဟာ 3.5mm Audio Jack မပါတဲ့ဖုန္းတစ္ခုျဖစ္သလုိ ဖုနး္ရဲ႕ ဘူးထဲမွာလည္း Lightning to 3.5mm Audio Dongle ကို ထည့္သြင္းေပးထားျခင္းမရွိျပန္ပါဘူး။ အဲ့ဒီအတြက္ တကယ္လုိ႔ ဘူးထဲမွာပါဝင္တဲ့ Lightning EarPods ကို မသံုးဘဲ ပံုမွန္ 3.5mm Earphone သံုးမယ္ဆုိရင္ သီးသန္႔ ဝယ္ယူရမွာျဖစ္ပါတယ္။

Pixel 3

အခု Google Pixel 3 XL မွာေတာ့ Google ကေန USB-C to 3.5mm Audio Adapter ကို ထည့္သြင္းထားတဲ့အျပင္ ေနာက္ထပ္ ေဒၚလာ ၃၀ တန္ဖုိးရွိတဲ့ USB-C Earbuds ေတြကို ထည့္သြင္းထားတာျဖစ္ပါတယ္။ ဒါကလည္း ပံုမွန္ Earphone တစ္ခုထက္ ပိုျပီးစြမ္းေဆာင္ႏုိင္တဲ့ USB-C Earbuds ေတြပါ။

Pixel 3 USB-C Earbuds

အခု Pixel 3 မွာ ပါဝင္လာတဲ့ USB-C Earbuds ေတြက Pixel ဖုန္းေတြနဲ႔ပဲ အေကာင္းဆံုးအလုပ္လုပ္မွာျဖစ္ျပီးေတာ့ 24-bit Digital Audio Quality ကို ရရွိေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ စစျခင္း အခု Earbuds ေတြကို အသံုးျပဳလုိက္တာနဲ႔ Google Assistant ကေနတစ္ဆင့္ ဖုန္းမွာ ဝင္လာတဲ့ Notification ေတြကိုပါ Earbuds ကေန တစ္ဆင့္ေျပာျပသြားဦးမွာပဲျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ မႏွစ္က Pixel Buds ေတြလုိမ်ိဳး Google Translate ကို အသံုးျပဳျပီးေတာ့ ဘာသာစကားအမ်ိဳး ၄၀ ကိုလည္း Real-time ဘာသာျပန္ေပးေနဦးမွာပါ။ ဒါက တျခားေသာ Earphone ေတြနဲ႔ ယွဥ္မယ္ဆိုရင္ သိသိသာသာကို အားသာခ်က္ျဖစ္လာတာပါ။

ဒီ Feature ေတြတင္မကေသးဘဲ အခု USB-C Earbuds ေတြက Google Assistant ကိုပါ Remote ရဲ႕ Middle Button ကို ႏွိပ္လုိက္ရုံနဲ႔ အသံုးျပဳႏုိင္ဦးမွာျဖစ္ျပီး ဝင္လာတဲ့ Messages ေတြကို သိႏိုင္မွာျဖစ္သလုိ စိတ္ၾကိဳက္ခုိင္းေစမႈေတြကိုလည္း ျပဳလုပ္နုိင္ဥိးမွာပါ။

Pixel 3 USB-C Earbuds

အခုလုိမ်ိဳး USB-C to 3.5mm Audio Dongle ေရာ၊ အရည္အေသြးျမင့္ USB-C Earbud တစ္ခုပါ ထည့္သြင္းထားတဲ့ Google Pixel 3 XL က Audio Dongle ေတာင္ မထည့္ေပးထားတဲ့ iPhone XS ထက္ေတာ့ ပိုသာတယ္လုိ႔ ေျပာရမွာပါ။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple က မနှစ်က iPhone X နဲ့အတူ လက်ရှိစမတ်ဖုန်းတွေရဲ့ Display မှာ Notch ထည့်သွင်းလာအောင် ဦးဆောင်သွားခဲ့တာဆိုရင် မမှားပါဘူး။ iPhone X စထွက်လာတုန်းက Display Notch ကို ဘယ်သူမှမကြိုက်ကြပေမယ့် အခုအချိန်မှာတော့ စမတ်ဖုန်းကုမ္ပဏီအများစုကလည်း Notch ကိုထည့်လာကြတဲ့အတွက် တဖြည်းဖြည်း Notch ပါဝင်တဲ့ စမတ်ဖုန်းတွေကို အသုံးပြုသူများပြားလာပြီပဲဖြစ်ပါတယ်။

Pixel 3

အခုလည်း Google က ထုတ်လိုက်တဲ့ Pixel 3 XL စမတ်ဖုန်းဆိုရင်လည်း Apple iPhone X လိုမျိုးပဲ Notch ပါဝင်တဲ့ Display နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒါကလည်း တခြားဖုန်းတွေနဲ့ယှဉ်ရင် တော်တော်လေးကို အရုပ်ဆိုးပြီး အောက်ကိုနက်တဲ့ Notch ကြီးပါ။ အဲ့တော့ အမြဲတမ်း Apple ကို ခနဲ့နေတဲ့ Google က နောက်ဆုံးတော့ Apple နောက်ကိုပဲ လိုက်သွားပြန်တယ်လို့ ဝေဖန်ခံနေရတာပါ။

Pixel 3 XL

ဒါပေမယ့်လည်း အခု Google Pixel 3 XL က Apple ရဲ့ နောက်ဆုံးထွက်ထားတဲ့ iPhone XS ထက် ပိုပြီး သာနေတဲ့အချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကဘာလဲဆိုရင် Audio ပိုင်းမှာပါ။

Apple iPhone XS ဟာ 3.5mm Audio Jack မပါတဲ့ဖုန်းတစ်ခုဖြစ်သလို ဖုနး်ရဲ့ ဘူးထဲမှာလည်း Lightning to 3.5mm Audio Dongle ကို ထည့်သွင်းပေးထားခြင်းမရှိပြန်ပါဘူး။ အဲ့ဒီအတွက် တကယ်လို့ ဘူးထဲမှာပါဝင်တဲ့ Lightning EarPods ကို မသုံးဘဲ ပုံမှန် 3.5mm Earphone သုံးမယ်ဆိုရင် သီးသန့် ဝယ်ယူရမှာဖြစ်ပါတယ်။

Pixel 3

အခု Google Pixel 3 XL မှာတော့ Google ကနေ USB-C to 3.5mm Audio Adapter ကို ထည့်သွင်းထားတဲ့အပြင် နောက်ထပ် ဒေါ်လာ ၃၀ တန်ဖိုးရှိတဲ့ USB-C Earbuds တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါကလည်း ပုံမှန် Earphone တစ်ခုထက် ပိုပြီးစွမ်းဆောင်နိုင်တဲ့ USB-C Earbuds တွေပါ။

Pixel 3 USB-C Earbuds

အခု Pixel 3 မှာ ပါဝင်လာတဲ့ USB-C Earbuds တွေက Pixel ဖုန်းတွေနဲ့ပဲ အကောင်းဆုံးအလုပ်လုပ်မှာဖြစ်ပြီးတော့ 24-bit Digital Audio Quality ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် စစခြင်း အခု Earbuds တွေကို အသုံးပြုလိုက်တာနဲ့ Google Assistant ကနေတစ်ဆင့် ဖုန်းမှာ ဝင်လာတဲ့ Notification တွေကိုပါ Earbuds ကနေ တစ်ဆင့်ပြောပြသွားဦးမှာပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ မနှစ်က Pixel Buds တွေလိုမျိုး Google Translate ကို အသုံးပြုပြီးတော့ ဘာသာစကားအမျိုး ၄၀ ကိုလည်း Real-time ဘာသာပြန်ပေးနေဦးမှာပါ။ ဒါက တခြားသော Earphone တွေနဲ့ ယှဉ်မယ်ဆိုရင် သိသိသာသာကို အားသာချက်ဖြစ်လာတာပါ။

ဒီ Feature တွေတင်မကသေးဘဲ အခု USB-C Earbuds တွေက Google Assistant ကိုပါ Remote ရဲ့ Middle Button ကို နှိပ်လိုက်ရုံနဲ့ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး ဝင်လာတဲ့ Messages တွေကို သိနိုင်မှာဖြစ်သလို စိတ်ကြိုက်ခိုင်းစေမှုတွေကိုလည်း ပြုလုပ်နိုင်ဥိးမှာပါ။

Pixel 3 USB-C Earbuds

အခုလိုမျိုး USB-C to 3.5mm Audio Dongle ရော၊ အရည်အသွေးမြင့် USB-C Earbud တစ်ခုပါ ထည့်သွင်းထားတဲ့ Google Pixel 3 XL က Audio Dongle တောင် မထည့်ပေးထားတဲ့ iPhone XS ထက်တော့ ပိုသာတယ်လို့ ပြောရမှာပါ။

Zawyè (Akhayar) 

www.akhayar.com