
Pixel 3 Lite Leaks



Pixel 3 Lite Leaks


Pixel 3 Lite Leaks

Google Pixel 3 Lite စမတ်ဖုန်းဟာ Pixel Experience ကို ဈေးသက်သက်သာသာနဲ့ အသုံးပြုချင်တဲ့သူတွေအတွက် ရွေးချယ်စရာဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ Qualcomm Snapdragon 670 Processor ၊ RAM 4GB ၊ 32GB ROM နဲ့ Headphone Jack တွေပါဝင်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာ Mid Range ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Google Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းတွေက Google ရဲ့ ဒီနှစ်အတွက် တစ်ခုထဲသော Pixel ဖုန်းတွေမဟုတ်လောက်တော့ပါဘူး။

Pixel 3 Lite Leaks

မကြာသေးမီက Google ကနေ ဒေါ်လာ ၄၀၀ ဝန်းကျင်တန် Snapdragon 670 Processor ၊ Plastic Body နဲ့ Internal Storage 32GB ပါဝင်တဲ့ Pixel 3 Lite စမတ်ဖုန်းကိုပါ မိတ်ဆက်ပေးဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါသတင်းကို ပိုပြီးသေချာသွားစေတဲ့အချက်တွေပေါ်လာပြီဖြစ်ပါတယ်။

အဲ့ဒါကတော့ အခု Google Pixel 3 Lite လို့ ယူဆရတဲ့ စမတ်ဖုန်းရဲ့ Camera Sample Photo တွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ Google Pixel 3 Lite စမတ်ဖုန်းဟာ 12MP Back Camera နဲ့ Front Camera 8MP ပါဝင်မှာဖြစ်ပြီးတော့ Pixel ဖုန်းတွေရဲ့ ထုံးစံအတိုင်း Camera ပိုင်းမှာတော့ လုံးဝထိပ်တန်းအဆင့်ရှိနေဖို့များနေပါတယ်။

Pixel 3 Lite Leaks

အခု ထွက်ပေါ်လာတဲ့ ဓါတ်ပုံ ၂ ပုံအရတော့ Pixel 3 Lite ရဲ့ Camera က သိသိသာသာကိုကောင်းမွန်နေတယ်လို့ ပြောလို့ရပြီးတော့ လက်ရှိ Google Pixel 3 နဲ့ မနှစ်က Google Pixel 2 ဖုန်းတွေရဲ့ ကင်မရာကိုမှီမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် Google Pixel ဖုန်းဖြစ်နေတဲ့အတွက် အခု Pixel 3 Lite စမတ်ဖုန်းက ဒေါ်လာ ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်တန် စမတ်ဖုန်းတွေထဲမှာ Camera အကောင်းဆုံးသောဖုန်းဖြစ်လာဖို့များနေပါတယ်။

Pixel 3 Lite Leaks

Google Pixel 3 Lite စမတ်ဖုန်းဟာ Pixel Experience ကို စျေးသက်သက်သာသာနဲ့ အသုံးပြုချင်တဲ့သူတွေအတွက် ရွေးချယ်စရာဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ Qualcomm Snapdragon 670 Processor ၊ RAM 4GB ၊ 32GB ROM နဲ့ Headphone Jack တွေပါဝင်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာ Mid Range ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com