Google ရဲ႕ Pixel Series စမတ္ဖုန္းေတြက လက္ရွိအခ်ိန္အထိ ထြက္ရွိလာတဲ့အခ်ိန္တုိင္းမွာ အေကာင္းဆံုးေသာ စမတ္ဖုန္းေတြအျဖစ္နာမည္ရေနတဲ့စမတ္ဖုန္းေတြျဖစ္ပါတယ္။ ဒါေပမယ့္ ၾကည့္ရတာေတာ့ Google ကေန Pxiel စမတ္ဖုန္းေတြကို High-end Flagship စမတ္ဖုန္းေတြအစား Mid-range အေနနဲ႔ပါ ထုတ္လုပ္သြားေတာ့မယ့္ပံုစံပါပဲ။

Google Pixel 3 Lite

အခုထြက္ရွိလာမယ့္ Google ရဲ႕ Mid-range စမတ္ဖုန္းက Pixel 3 Lite ျဖစ္လာမွာျဖစ္ျပီးေတာ့ မၾကာေသးခင္ကလည္း သတင္းေတြေပါက္ၾကားခဲ့ေသးတာပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Twitter အသံုးျပဳသူတစ္ဦးျဖစ္တဲ့ Ben Geskin ကေန Pixel 3 Lite စမတ္ဖုန္းကို Pixel 3 ဖုန္းနဲ႔ အတူယွဥ္ထားတဲ့ဓါတ္ပံုကို တင္ထားခဲ့တာျဖစ္ပါတယ္။

အခုဓါတ္ပံုအရ ဘယ္ဘက္မွာရွိတဲ့ Pixel 3 Lite ဟာ ပံုမွန္ Pixel 3 နဲ႔ အေတာ္ေလးကို ဆင္တူျပီးေတာ့ Pixel 3 ထက္ေတာင္ အနည္းငယ္ရွည္ေနတာျဖစ္ပါတယ္။ ဒါကလည္း Pixel 3 Lite ဖုန္းက Google Pixel 3 လုိမ်ိဳး 18:9 Display ကို သံုးထားတာမဟုတ္ပဲ 5.56″ 18.5:9 Display ကို အသံုးျပဳထားတာေၾကာင့္ျဖစ္ပါတယ္။ Google အေနနဲ႔ OLED Display ပဲ သံုးလာဦးမလား၊ LCD Display ကိုေျပာင္းသြားမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။

Google Pixel 3 Lite စမတ္ဖုန္း Qualcomm Snapdragon 670 Processor ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ 4GB RAM ၊ 32GB Storage အျပင္ 2915mAh Battery ပါဝင္လာမယ္လုိ႔ သိရပါတယ္။

Google Pixel 3 Lite

Pixel 3 Lite ဖုန္းက Specification ပိုင္းအရေတာ့ အရမ္းၾကီးေကာင္းေနတာမ်ိဳးမဟုတ္ေပမယ့္ Pixel Series ဖုန္းတစ္ခုျဖစ္ေနတဲ့အတြက္ Camera ပိုင္းမွာေတာ့ ပံုမွန္ထက္ေကာင္းလာဖုိ႔ရွိေနပါတယ္။ လက္ရွိသိထားရတဲ့သတင္းေတြအရေတာ့ Pixel 3 Lite မွာ Single 12MP Camera ကိုပဲ အသံုးျပဳလာမွာျဖစ္ျပီးေတာ့ Selfie အေနနဲ႔ေတာ့ 8MP Single Camera ကိုပဲ တပ္ဆင္ထားမွာျဖစ္ပါတယ္။

အခု Pixel 3 Lite စမတ္ဖုန္းဟာ ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၄၀၀ ဝန္းက်င္ကေန စတင္မွာျဖစ္ျပီး အေစာပိုင္းမွာေတာ့ သတ္မွတ္ထားတဲ့ႏုိင္ငံအခ်ိဳ႕မွာပဲ စတင္ေရာင္းခ်သြားမယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ရဲ့ Pixel Series စမတ်ဖုန်းတွေက လက်ရှိအချိန်အထိ ထွက်ရှိလာတဲ့အချိန်တိုင်းမှာ အကောင်းဆုံးသော စမတ်ဖုန်းတွေအဖြစ်နာမည်ရနေတဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရတာတော့ Google ကနေ Pxiel စမတ်ဖုန်းတွေကို High-end Flagship စမတ်ဖုန်းတွေအစား Mid-range အနေနဲ့ပါ ထုတ်လုပ်သွားတော့မယ့်ပုံစံပါပဲ။

Google Pixel 3 Lite

အခုထွက်ရှိလာမယ့် Google ရဲ့ Mid-range စမတ်ဖုန်းက Pixel 3 Lite ဖြစ်လာမှာဖြစ်ပြီးတော့ မကြာသေးခင်ကလည်း သတင်းတွေပေါက်ကြားခဲ့သေးတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Twitter အသုံးပြုသူတစ်ဦးဖြစ်တဲ့ Ben Geskin ကနေ Pixel 3 Lite စမတ်ဖုန်းကို Pixel 3 ဖုန်းနဲ့ အတူယှဉ်ထားတဲ့ဓါတ်ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။

အခုဓါတ်ပုံအရ ဘယ်ဘက်မှာရှိတဲ့ Pixel 3 Lite ဟာ ပုံမှန် Pixel 3 နဲ့ အတော်လေးကို ဆင်တူပြီးတော့ Pixel 3 ထက်တောင် အနည်းငယ်ရှည်နေတာဖြစ်ပါတယ်။ ဒါကလည်း Pixel 3 Lite ဖုန်းက Google Pixel 3 လိုမျိုး 18:9 Display ကို သုံးထားတာမဟုတ်ပဲ 5.56″ 18.5:9 Display ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ Google အနေနဲ့ OLED Display ပဲ သုံးလာဦးမလား၊ LCD Display ကိုပြောင်းသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။

Google Pixel 3 Lite စမတ်ဖုန်း Qualcomm Snapdragon 670 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ 4GB RAM ၊ 32GB Storage အပြင် 2915mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။

Google Pixel 3 Lite

Pixel 3 Lite ဖုန်းက Specification ပိုင်းအရတော့ အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပေမယ့် Pixel Series ဖုန်းတစ်ခုဖြစ်နေတဲ့အတွက် Camera ပိုင်းမှာတော့ ပုံမှန်ထက်ကောင်းလာဖို့ရှိနေပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Pixel 3 Lite မှာ Single 12MP Camera ကိုပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ Selfie အနေနဲ့တော့ 8MP Single Camera ကိုပဲ တပ်ဆင်ထားမှာဖြစ်ပါတယ်။

အခု Pixel 3 Lite စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပြီး အစောပိုင်းမှာတော့ သတ်မှတ်ထားတဲ့နိုင်ငံအချို့မှာပဲ စတင်ရောင်းချသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com