စမတ္ဖုန္းအသစ္တစ္ခုထြက္လာျပီဆုိရင္ ေနာက္ကအေရးၾကီးတဲ့အခ်က္က Service ပိုင္းပါ။ ဖုန္းအသစ္ထြက္လာျပီးမွ တကယ္လုိ႔ တစ္ခုခုအထိအခိုက္ရွိသြားခဲ့တယ္ဆုိရင္ ျပန္လည္ျပင္ဆင္ဖုိ႔အတြက္ လြယ္ကူဖုိ႔ကလည္း အဓိကစဥ္းစားသင့္တဲ့အခ်က္ပါ။

Google Pixel 3 & 3XL

ဒါေပမယ့္လည္း Google က ေနာက္ဆံုးထြက္ထားတဲ့ Google Pixel 3 ဖုန္းေတြကေတာ့ တျခားေသာ စမတ္ဖုန္းေတြနဲ႔ ယွဥ္မယ္ဆုိရင္ ဝယ္ယူဖုိ႔မလြယ္ကူသလိုမ်ိဳးပဲ ျပန္လည္ျပင္ဆင္တဲ့ေနရာမွာလည္း အခက္အခဲေတြရွိေနတဲ့ပံုပါပဲ။ ဘာေၾကာင့္လဲဆိုရင္ လက္ရွိ Google Pixel 3 ဖုန္းေတြကို Google ကိုယ္တုိင္ကေတာင္မွ ျပင္ဆင္ႏုိင္ပံုမရေသးလုိ႔ပါ။

Google Repair

Google ဟာ ျပီးခဲ့တဲ့ စက္တင္ဘာလတုန္းက Mail-in Repair Center တစ္ခုကို ဖြင့္လွစ္ခဲ့ေပမယ့္ အခုအခ်ိန္အထိ Pixel 1st Generation နဲ႔ Pixel 2 ဖုန္းေတြကိုပဲ Support ေပးႏုိင္ေသးတာျဖစ္ပါတယ္။ Pixel 3 စမတ္ဖုန္းေတြကုိ မိတ္ဆက္ခဲ့တာအခုဆိုရင္ အခ်ိန္ ၁ လေလာက္ရွိေနေပမယ့္ Google ရဲ႕ Repair Center ကိုယ္တုိင္က ျပင္ဆင္ႏုိင္ျခင္းမရွိေသးတဲ့ပံုပါပဲ။

uBreakiFix

အဲ့ဒီအတြက္ေလာေလာဆယ္မွာ Google Pixel 3 ဖုန္းေတြကို ျပင္ဆင္မယ္ဆုိရင္ US မွာရွိတဲ့ uBreakiFix ဆုိင္ေတြမွာပဲ ရရွိေသးျပီးေတာ့ အခုျပင္ဆင္ႏုိင္တာကလည္း Screen ဒါမွမဟုတ္ Body Housing ကိုပဲ ျပင္ဆင္ႏုိင္ေသးတာျဖစ္ျပီးေတာ့ အေရာင္အေနနဲ႔လည္း Not Pink အေရာင္တစ္ခုပဲရရွိေသးတာျဖစ္ပါတယ္။ လက္ရွိသိရတဲ့သတင္းေတြအရလည္း Google ကိုယ္တုိင္က Repair Center ေတြအတြက္ Battery ကလြဲျပီး က်န္တဲ့အပိုပစၥည္းမေထာက္ပံ့ႏုိင္ေသးဘူးလုိ႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္မွာ Google Pixel 3 ဖုန္းေတြ ဝယ္ယူဖုိ႔အတြက္စဥ္းစားေနရင္ေတာ့ ေသခ်ာကို မေတာ္တဆမပ်က္စီးေအာင္ ကိုင္တြယ္ဖုိ႔လုိမွာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

စမတ်ဖုန်းအသစ်တစ်ခုထွက်လာပြီဆိုရင် နောက်ကအရေးကြီးတဲ့အချက်က Service ပိုင်းပါ။ ဖုန်းအသစ်ထွက်လာပြီးမှ တကယ်လို့ တစ်ခုခုအထိအခိုက်ရှိသွားခဲ့တယ်ဆိုရင် ပြန်လည်ပြင်ဆင်ဖို့အတွက် လွယ်ကူဖို့ကလည်း အဓိကစဉ်းစားသင့်တဲ့အချက်ပါ။

Google Pixel 3 & 3XL

ဒါပေမယ့်လည်း Google က နောက်ဆုံးထွက်ထားတဲ့ Google Pixel 3 ဖုန်းတွေကတော့ တခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် ဝယ်ယူဖို့မလွယ်ကူသလိုမျိုးပဲ ပြန်လည်ပြင်ဆင်တဲ့နေရာမှာလည်း အခက်အခဲတွေရှိနေတဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် လက်ရှိ Google Pixel 3 ဖုန်းတွေကို Google ကိုယ်တိုင်ကတောင်မှ ပြင်ဆင်နိုင်ပုံမရသေးလို့ပါ။

Google Repair

Google ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Mail-in Repair Center တစ်ခုကို ဖွင့်လှစ်ခဲ့ပေမယ့် အခုအချိန်အထိ Pixel 1st Generation နဲ့ Pixel 2 ဖုန်းတွေကိုပဲ Support ပေးနိုင်သေးတာဖြစ်ပါတယ်။ Pixel 3 စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာအခုဆိုရင် အချိန် ၁ လလောက်ရှိနေပေမယ့် Google ရဲ့ Repair Center ကိုယ်တိုင်က ပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့ပုံပါပဲ။

uBreakiFix

အဲ့ဒီအတွက်လောလောဆယ်မှာ Google Pixel 3 ဖုန်းတွေကို ပြင်ဆင်မယ်ဆိုရင် US မှာရှိတဲ့ uBreakiFix ဆိုင်တွေမှာပဲ ရရှိသေးပြီးတော့ အခုပြင်ဆင်နိုင်တာကလည်း Screen ဒါမှမဟုတ် Body Housing ကိုပဲ ပြင်ဆင်နိုင်သေးတာဖြစ်ပြီးတော့ အရောင်အနေနဲ့လည်း Not Pink အရောင်တစ်ခုပဲရရှိသေးတာဖြစ်ပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရလည်း Google ကိုယ်တိုင်က Repair Center တွေအတွက် Battery ကလွဲပြီး ကျန်တဲ့အပိုပစ္စည်းမထောက်ပံ့နိုင်သေးဘူးလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ Google Pixel 3 ဖုန်းတွေ ဝယ်ယူဖို့အတွက်စဉ်းစားနေရင်တော့ သေချာကို မတော်တဆမပျက်စီးအောင် ကိုင်တွယ်ဖို့လိုမှာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com