Google ကေတာ့ ေနာက္ဆံုး Pixel 3 နဲ႔ Pixel 3 XL ဖုန္းေတြကို တရားဝင္မိတ္ဆက္လုိက္ျပီျဖစ္ပါတယ္။ အခု Google Pixel 3 ဖုန္းေတြက Leak ျဖစ္တဲ့အတိုင္းပဲ မိတ္ဆက္လာခဲ့တာျဖစ္ျပီးေတာ့ ကြာျခားခ်က္ေတြမရွိခဲ့ဘူးလုိ႔ေတာင္ေျပာလို႔ရပါတယ္။

Specification ေတြအေနနဲ႔ကေတာ့ Google Pixel 3 နဲ႔ 3 XL ဖုန္းေတြက Qualcomm Snapdragon 845 Processor ၊ RAM 4GB ပါဝင္မွာျဖစ္ျပီးေတာ့ Storage အေနနဲ႔ 64GB နဲ႔ 128GB ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ RAM 4GB ဆုိတဲ့ပမာဏက နည္းပါးတယ္ဆုိေပမယ့့္ Google ကေတာ့ RAM 4GB ထက္ ပိုျပီး မလုိေသးဘူးလုိ႔ ထင္ထားတဲ့ပံုပါပဲ။

Google Pixel 3 & 3 XL

Display ပိုင္းအေနနဲ႔ကေတာ့ Pixel 3 မွာ သာမန္လုိ႔ေျပာလုိ႔ရတဲ့ 5.5″ 18:9 Ratio Full HD+ Flexible OLED Display ကို သံုးထားျပီးေတာ့ Pixel 3 XL မွာေတာ့ ေတာ္ေတာ္ကို အရုပ္ဆုိးတဲ့ Notch ပါဝင္တဲ့ 6.3″ 18.5:9 Ratio Quad HD+ Display ကို သံုးထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Display ပိုင္းမွာေတာ့ Notch မၾကိဳက္ရင္ Pixel 3 ၊ Quad HD+ Resolution လုိခ်င္ရင္ Pixel 3 XL ဆုိျပီး ေရြးခ်ယ္ရမယ့္ပံုပါပဲ။ ဘာပဲျဖစ္ျဖစ္ ဒီ Display ၂ ခုစလံုးက HDR ကို Support ျပဳလုပ္မွာပါ။

ကိုယ္ထည္ပုိင္းအေနနဲ႔ကေတာ့ Google က Aluminum Frame ကို အေရွ႕ေရာ အေနာက္ပါ Corning Gorilla Glass 5 ကို အသံုးျပဳလာျပီးေတာ့ ေနာက္ဖက္ဒီဇုိင္းကိုလည္း Pixel ဖုန္းျဖစ္ေနတဲ့အတြက္ Two-tone Design ကိုပဲ ထပ္မံအသံုးျပဳလာပါတယ္။ အခုလုိမ်ိဳး Glass ကိုယ္ထည္ျဖစ္သြားတဲ့အတြက္ Pixel 3 ဖုန္းေတြမွာ Wireless Charging စနစ္ကိုပါ Support ျပဳလုပ္လာပါျပီ။

Google Pixel ဖုန္းလုိ႔ ဆုိလုိက္တာနဲ႔ အဓိက အားသာခ်က္ကို ကင္မရာပိုင္းပဲလို႔ ေျပးျမင္မိမွာပါ။ အခု Google Pixel 3 မွာလည္း Google ကေန အေျမာက္အမ်ားကို ကင္မရာပိုင္းမွာ Improve လုပ္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အျပင္ပန္းအရ ၾကည့္မယ္ဆုိရင္ေတာ့ 12.2MP Single Back Camera နဲ႔ 8MP Dual Front Camera ေတြပဲ ျဖစ္ေနမွာပါ။

Pixel 3 ရဲ႕ ကင္မရာပိုင္း အဆင့္ျမွင့္တင္ထားမႈေတြအကုန္လံုးနီးပါးက Hardware မဟုတ္ဘဲ Software ဘက္မွာပါ။ HDR+ Processing က မႏွစ္က Pixel 2 ထက္ 40% ပိုသာလာသလုိ Pixel 3 မွာပါလာတဲ့ Visual Core စနစ္ကလည္း ပိုျပီး အဆင့္ျမွင့္တင္ထားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ Google ရဲ႕ ေျပာၾကားခ်က္ေတာ့ 12.2MP Sensor က မႏွစ္က Pixel 2 နဲ႔ မတူညီတဲ့ အဆင့္ျမွင့္တင္ထားတဲ့ Image Sensor ကို သံုးထားတာျဖစ္တယ္လုိ႔ သိရပါတယ္။

က်န္တဲ့ Pixel 3 ရဲ႕ အားသာခ်က္ေတြကေတာ့ Feature ေတြပဲျဖစ္မွာပါ။ ရုိက္လုိက္တဲ့ ဓါတ္ပံုက လက္မျငိမ္လုိ႔ လႈပ္သြားခဲ့ရင္ေတာင္ AI ကေန အေကာင္းဆံုးပံုကို ျပန္ေရြးႏုိင္တဲ့ Top Shot ၊ Zoom ဆြဲတဲ့အခ်ိန္မွာ Detail ကို မထိခုိက္တဲ့ Super Res Zoom ၊ Multiple Exposure ဓါတ္ပံုေတြရုိက္ျပီး အေကာင္းဆံုး Night Shot ေတြ ရုိက္ကူးႏုိင္မယ့္ Night Sight ၊ Subject Tracking ၊ Background Blur Adjustment နဲ႔ Color Pop ၊ Google Lens Real-time Recognition စတဲ့ Feature ေတြအမ်ားအျပားကို Google က Pixel 3 အတြက္ သီးသန္႔ကို ထုတ္ေပးခဲ့တာျဖစ္ပါတယ္။

Google Pixel 3 & 3 XL

ဒါ့အျပင္ Google က Selfie Camera ကိုလည္း Dual 8 Megapixel Camera ေတြနဲ႔ အဆင့္ျမွင့္တင္ခဲ့ျပီးေတာ့ အခုဆုိရင္ 97-degree Wide Angle Shot ေတြကိုပါ ရုိက္ကူးႏုိင္ေတာ့မွာပါ။ နဂိုထဲက Google Pixel 2 ဖုန္းေတြက Selfie Camera မွာ အားသာေနတဲ့အတြက္ အခု Update ေတြက Google Pixel 3 ဖုန္းကို အေကာင္းဆံုးကင္မရာပါဝင္တဲ့ စမတ္ဖုန္းေတြျဖစ္လာေစေတာ့မွာပါ။

က်န္တဲ့အပုိင္းေတြအေနနဲ႔ကေတာ့ Google Pixel 3 နဲ႔ Pixel 3 XL မွာ မႏွစ္က Pixel 2 ထက္ 40% ပိုေကာင္းတဲ့ Stereo Speaker ေတြကို ထည့္သြင္းေပးထားျပီး Login Information ေတြအတြက္ သီးသန္႔ Titan M Security Chip ကိုပါ ထည့္သြင္းထားပါေသးတယ္။ ဒါ့အျပင္ Google Duplex နဲ႔ Spam Call ဟုတ္မဟုတ္ကို Google Assistant ကို ဖုန္းေျဖခုိင္းလုိ႔ရတဲ့ Screen Call Feature လည္း ရရွိလာဦးမွာပါ။

Battery ပိုင္းအေနနဲ႔ကေတာ့ Google Pixel 3 မွာ 2915mAh Batter နဲ႔ Pixel 3 XL မွာ 3430mAh Battery ေတြပါဝင္မွာျဖစ္ပါတယ္။ 18W Fast Charging ကို Support ျပဳလုပ္ျပီးေတာ့ Wireless Fast Charging ကိုလည္း Support ျပဳလုပ္ဦးမွာပါ။ Water Resistant IP68 Rating ရွိျပီးေတာ့ Fingerprint Sensor ကလည္း ထံုးစံအတိုင္းဖုန္းေနာက္ေက်ာမွာပဲ ရွိေနမွာပါ။

Google Pixel 3

Google Pixel 3 နဲ႔ Pixel 3 XL ကို Just Black ၊ Clearly White နဲ႔ Not Pink အေရာင္ေတြနဲ႔ ရရွိမွာျဖစ္ျပီးေတာ့ ေစ်းႏႈန္းေတြအေနနဲ႔ Pixel 3 ကို $799 နဲ႔ Pixel 3 XL ကို $899 ကေန စတင္သြားျပီး Storage 128GB Version အတြက္ကေတာ့ $100 ပိုေပးရမွာပါ။ Pixel 3 ဖုန္းေတြကို Pre-order စတင္လက္ခံေနျပီျဖစ္ျပီးေတာ့ လာမယ့္ေအာက္တုိဘာလ ၁၈ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာပါ။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကတော့ နောက်ဆုံး Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Google Pixel 3 ဖုန်းတွေက Leak ဖြစ်တဲ့အတိုင်းပဲ မိတ်ဆက်လာခဲ့တာဖြစ်ပြီးတော့ ကွာခြားချက်တွေမရှိခဲ့ဘူးလို့တောင်ပြောလို့ရပါတယ်။

Specification တွေအနေနဲ့ကတော့ Google Pixel 3 နဲ့ 3 XL ဖုန်းတွေက Qualcomm Snapdragon 845 Processor ၊ RAM 4GB ပါဝင်မှာဖြစ်ပြီးတော့ Storage အနေနဲ့ 64GB နဲ့ 128GB ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ RAM 4GB ဆိုတဲ့ပမာဏက နည်းပါးတယ်ဆိုပေမယ့့် Google ကတော့ RAM 4GB ထက် ပိုပြီး မလိုသေးဘူးလို့ ထင်ထားတဲ့ပုံပါပဲ။

Google Pixel 3 & 3 XL

Display ပိုင်းအနေနဲ့ကတော့ Pixel 3 မှာ သာမန်လို့ပြောလို့ရတဲ့ 5.5″ 18:9 Ratio Full HD+ Flexible OLED Display ကို သုံးထားပြီးတော့ Pixel 3 XL မှာတော့ တော်တော်ကို အရုပ်ဆိုးတဲ့ Notch ပါဝင်တဲ့ 6.3″ 18.5:9 Ratio Quad HD+ Display ကို သုံးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Display ပိုင်းမှာတော့ Notch မကြိုက်ရင် Pixel 3 ၊ Quad HD+ Resolution လိုချင်ရင် Pixel 3 XL ဆိုပြီး ရွေးချယ်ရမယ့်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီ Display ၂ ခုစလုံးက HDR ကို Support ပြုလုပ်မှာပါ။

ကိုယ်ထည်ပိုင်းအနေနဲ့ကတော့ Google က Aluminum Frame ကို အရှေ့ရော အနောက်ပါ Corning Gorilla Glass 5 ကို အသုံးပြုလာပြီးတော့ နောက်ဖက်ဒီဇိုင်းကိုလည်း Pixel ဖုန်းဖြစ်နေတဲ့အတွက် Two-tone Design ကိုပဲ ထပ်မံအသုံးပြုလာပါတယ်။ အခုလိုမျိုး Glass ကိုယ်ထည်ဖြစ်သွားတဲ့အတွက် Pixel 3 ဖုန်းတွေမှာ Wireless Charging စနစ်ကိုပါ Support ပြုလုပ်လာပါပြီ။

Google Pixel ဖုန်းလို့ ဆိုလိုက်တာနဲ့ အဓိက အားသာချက်ကို ကင်မရာပိုင်းပဲလို့ ပြေးမြင်မိမှာပါ။ အခု Google Pixel 3 မှာလည်း Google ကနေ အမြောက်အများကို ကင်မရာပိုင်းမှာ Improve လုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြင်ပန်းအရ ကြည့်မယ်ဆိုရင်တော့ 12.2MP Single Back Camera နဲ့ 8MP Dual Front Camera တွေပဲ ဖြစ်နေမှာပါ။

Pixel 3 ရဲ့ ကင်မရာပိုင်း အဆင့်မြှင့်တင်ထားမှုတွေအကုန်လုံးနီးပါးက Hardware မဟုတ်ဘဲ Software ဘက်မှာပါ။ HDR+ Processing က မနှစ်က Pixel 2 ထက် 40% ပိုသာလာသလို Pixel 3 မှာပါလာတဲ့ Visual Core စနစ်ကလည်း ပိုပြီး အဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Google ရဲ့ ပြောကြားချက်တော့ 12.2MP Sensor က မနှစ်က Pixel 2 နဲ့ မတူညီတဲ့ အဆင့်မြှင့်တင်ထားတဲ့ Image Sensor ကို သုံးထားတာဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ Pixel 3 ရဲ့ အားသာချက်တွေကတော့ Feature တွေပဲဖြစ်မှာပါ။ ရိုက်လိုက်တဲ့ ဓါတ်ပုံက လက်မငြိမ်လို့ လှုပ်သွားခဲ့ရင်တောင် AI ကနေ အကောင်းဆုံးပုံကို ပြန်ရွေးနိုင်တဲ့ Top Shot ၊ Zoom ဆွဲတဲ့အချိန်မှာ Detail ကို မထိခိုက်တဲ့ Super Res Zoom ၊ Multiple Exposure ဓါတ်ပုံတွေရိုက်ပြီး အကောင်းဆုံး Night Shot တွေ ရိုက်ကူးနိုင်မယ့် Night Sight ၊ Subject Tracking ၊ Background Blur Adjustment နဲ့ Color Pop ၊ Google Lens Real-time Recognition စတဲ့ Feature တွေအများအပြားကို Google က Pixel 3 အတွက် သီးသန့်ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Google Pixel 3 & 3 XL

ဒါ့အပြင် Google က Selfie Camera ကိုလည်း Dual 8 Megapixel Camera တွေနဲ့ အဆင့်မြှင့်တင်ခဲ့ပြီးတော့ အခုဆိုရင် 97-degree Wide Angle Shot တွေကိုပါ ရိုက်ကူးနိုင်တော့မှာပါ။ နဂိုထဲက Google Pixel 2 ဖုန်းတွေက Selfie Camera မှာ အားသာနေတဲ့အတွက် အခု Update တွေက Google Pixel 3 ဖုန်းကို အကောင်းဆုံးကင်မရာပါဝင်တဲ့ စမတ်ဖုန်းတွေဖြစ်လာစေတော့မှာပါ။

ကျန်တဲ့အပိုင်းတွေအနေနဲ့ကတော့ Google Pixel 3 နဲ့ Pixel 3 XL မှာ မနှစ်က Pixel 2 ထက် 40% ပိုကောင်းတဲ့ Stereo Speaker တွေကို ထည့်သွင်းပေးထားပြီး Login Information တွေအတွက် သီးသန့် Titan M Security Chip ကိုပါ ထည့်သွင်းထားပါသေးတယ်။ ဒါ့အပြင် Google Duplex နဲ့ Spam Call ဟုတ်မဟုတ်ကို Google Assistant ကို ဖုန်းဖြေခိုင်းလို့ရတဲ့ Screen Call Feature လည်း ရရှိလာဦးမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ Google Pixel 3 မှာ 2915mAh Batter နဲ့ Pixel 3 XL မှာ 3430mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ 18W Fast Charging ကို Support ပြုလုပ်ပြီးတော့ Wireless Fast Charging ကိုလည်း Support ပြုလုပ်ဦးမှာပါ။ Water Resistant IP68 Rating ရှိပြီးတော့ Fingerprint Sensor ကလည်း ထုံးစံအတိုင်းဖုန်းနောက်ကျောမှာပဲ ရှိနေမှာပါ။

Google Pixel 3

Google Pixel 3 နဲ့ Pixel 3 XL ကို Just Black ၊ Clearly White နဲ့ Not Pink အရောင်တွေနဲ့ ရရှိမှာဖြစ်ပြီးတော့ စျေးနှုန်းတွေအနေနဲ့ Pixel 3 ကို $799 နဲ့ Pixel 3 XL ကို $899 ကနေ စတင်သွားပြီး Storage 128GB Version အတွက်ကတော့ $100 ပိုပေးရမှာပါ။ Pixel 3 ဖုန်းတွေကို Pre-order စတင်လက်ခံနေပြီဖြစ်ပြီးတော့ လာမယ့်အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။

Zawyè (Akhayar) 

www.akhayar.com