
Google Pixel 3XL


Google Pixel 2 XL

အခုလိုမျိုး အောက်တိုဘာလမှာ မိတ်ဆက်သွားတဲ့ Google Pixel 3 စမတ်ဖုန်းတွေဟာအကောင်းဆုံးသော Android ဖုန်းတစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် Single Camera ကိုပဲ အသုံးပြုလာမယ့် ကင်မရာကတော့ လက်ရှိမှာ အကောင်းဆုံးသော စမတ်ဖုန်းကင်မရာတစ်ခုဖြစ်လာနိုင်ဖို့ ကျိန်းသေနေပါတယ်။

Google Pixel 3XL


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ Pixel Series စမတ်ဖုန်းတွေဟာ နှစ်တိုင်းမှာ တခြားသော စမတ်ဖုန်းတွေုတ်လုပ်ပြီးတဲ့အချိန် နှစ်ကုန်ပိုင်းမှ ထုတ်လုပ်လေ့ရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက Google Pixel ဖုန်းတွေကို အောက်တိုဘာလ ၄ ရက်နေ့မှာ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခုနှစ်မှာတော့ ပြောင်းလဲတော့မှာဖြစ်ပါတယ်။

Google Pixel 3XL

လက်ရှိနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရတော့ Google Pixel 3 နဲ့ 3 XL စမတ်ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလ ၉ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခင် Pixel ဖုန်းတွေနဲ့ယှဉ်ရင် ၅ ရက်ခန့် နောက်ကျသွားတာဖြစ်ပါတယ်။

Google Pixel 2 XL

အခုလိုမျိုး အောက်တိုဘာလမှာ မိတ်ဆက်သွားတဲ့ Google Pixel 3 စမတ်ဖုန်းတွေဟာအကောင်းဆုံးသော Android ဖုန်းတစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် Single Camera ကိုပဲ အသုံးပြုလာမယ့် ကင်မရာကတော့ လက်ရှိမှှာ အကောင်းဆုံးသော စမတ်ဖုန်းကင်မရာတစ်ခုဖြစ်လာနိုင်ဖို့ ကျိန်းသေနေပါတယ်။

Google Pixel 3XL

Google ဟာ ယခု အောက်တိုဘာလ ၉ ရက်နေ့မှာ Pixel 3 ဖုန်းသစ်တွေ မိတ်ဆက်မယ်လို့ တရားဝင်ကြေညာထားခြင်းမရှိသေးပေမယ့် ယခုသတင်းက ကျိန်းသေဖြစ်ဖို့များနေပြီးတော့ Google က Pixelbook အသစ်နဲ့ Pixel Watch တွေကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com