ဒီႏွစ္ကုန္ပိုင္းေလာက္မွာ ထြက္ရွိလာမယ္လုိ႔ သတင္းေတြထြက္ေနတဲ့ Android ပလက္ေဖာင္းက စြမ္းေဆာင္ရည္ျမင့္ Google Pixel 2 ဖုန္းမွာ ပါဝင္လာမယ့္ အခ်က္အလက္ေတြကေတာ့  ေပါက္ၾကားလာခဲ့ပါၿပီ။ ၂၀၁၆ တုန္းက Google Pixel ဖုန္းဟာ Android ထဲမွာ ဆရာတစ္ဆူျဖစ္ခဲ့သလိုပဲ ထပ္ၿပီးထြက္ရွိမယ့္ Pixel 2 ဖုန္းဟာလည္း စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ေနာင္ေတာ္ရဲ႕ ေျခရာကို နင္းႏုိ္င္ေခ်ရွိေနတာပါ။

တန္ဖိုးၾကီးဖုန္းတစ္လံုးျဖစ္တဲ့အတိုင္းပဲ ဖုန္းအစိတ္အပိုင္းေတြကေတာ့ စြမ္းေဆာင္ရည္ျမင့္တဲ႔ပစၥည္းေတြကိုပဲ သံုးလာမွာျဖစ္ပါတယ္။ ေလာေလာဆယ္ Sony Xperia XZ မွာ အသံုးျပဳထားၿပီး Samsung ရဲ႕ Galaxy S8 မွာလည္း သံုးႏုိင္ေခ်ရွိတဲ့ Snapdragon 835 ပေရာ္ဆက္ဆာကိုလည္း Pixel 2 ဖုန္းမွာ အသံုးျပဳလာဖြယ္ရွိေနပါတယ္။ RAM 6GB နဲ႔တြဲဖက္လုိက္မယ္ဆိုရင္ေတာ့ လုပ္အားႏႈန္းေတာ္ေတာ္ေလးျမန္လာမွာပါ။

Displaying pixel-2.jpg

ဒီဖုန္းရဲ႕ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ကေတာ့ မိနစ္ပိုင္းအတြင္း အားအျပည့္သြင္းေပးႏုိင္မယ့္ Quick Charge 4.0 နည္းပညာပဲျဖစ္ပါတယ္။ ေလာေလာဆယ္ ထြက္ရွိထားတဲ့ ဖုန္းေတြမွာQuick Charge 3.0 နည္းပညာကိုပဲ အသံုးျပဳမႈမ်ားျပားေနပါေသးတယ္။ Display အေနနဲ႔လည္း Sony ရဲ႕ Xperia XZ မွာ အသံုးျပဳထားတဲ့ 4K display ကို Pixel 2 မွာ ျမင္ေတြ႕ရဖြယ္ရွိေနတာပါ။

Google Pixel 2 အတြက္ေတာ့ Android 8.0 ( Android Oreo လား ? Orbit Gum လား ? Oatmeal cookie လား ? Opal Fruit လား ? မသဲကြဲေသးပါဘူး ) ကို ပထမဆံုးအေနနဲ႔ အသံုးျပဳလာမွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။ Pixel 2 ဟာ ေနာက္ပိုင္းတန္ဖိုးၾကီးဖုန္းေတြတိုင္းမွာ ပါဝင္လာတဲ့ ေရစိမ္ခံႏုိင္တဲ့ စြမ္းရည္ကိုလည္း ထည့္သြင္းလာမွာျဖစ္ၿပီး Storage အေနနဲ႔လည္း 32 GB ကေနစတင္လာမယ္လုိ႔သိရပါတယ္။ Pixel ဖုန္းထက္ေတာ့ ေဈးအနည္းငယ္သက္သာသြားမယ္လုိ႔ သိရၿပီး စတာလင္ေပါင္ ၅၀၀ က ၾကမ္းခင္းေဈးျဖစ္လာဖြယ္ရွိေနတာပါ။

Google အေနနဲ႔ ထြက္ရွိထားၿပီးျဖစ္တဲ့ Pixel ဖုန္းမွာလိုမ်ိဳး task အနည္းငယ္မ်ားလာတဲ့အခါ ဖုန္းပူတတ္တဲ့ ျပႆနာကို ဦးစားေပးအေနနဲ႔လည္း ျပင္ဆင္သင့္တယ္ထင္ပါတယ္။ Pixel 2 ကေတာ့ ပေရာ္ဆက္ဆာေကာင္းေကာင္းကို အသံုးျပဳထားတယ္ဆိုေပမယ့္လည္း တန္ဖိုးၾကီးဖုန္းတစ္လံုးျဖစ္တာနဲ႔အညီ ဖုန္းပူတာမ်ိဳးမျဖစ္ေအာင္ေတာ့ ေဆာ့ဖ္ဝဲပိုင္းကို ေသခ်ာျပဳလုပ္ထားသင့္ပါေသးတယ္။ Google အေနနဲ႔ Pixel ဖုန္းကို ပိုမိုေအာင္ျမင္ေစခ်င္တယ္ဆုိရင္ေတာ့ Customer Feedback ေတြကို ဂရုစိုက္ၿပီး ထုတ္လုပ္သင့္တယ္လုိ႔ ျမင္မိပါတယ္။

Paing A K (akhayar)

Ref : Trusted Review

=====================

[Unicode]

Google Pixel 2 ဖုန်းမှာ RAM 6GB, Snapdragon 835 ပရော်ဆက်ဆာနှင့် 4K Display တို့ ပါဝင်လာဖွယ်ရှိ

ဒီနှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာမယ်လို့ သတင်းတွေထွက်နေတဲ့ Android ပလက်ဖောင်းက စွမ်းဆောင်ရည်မြင့် Google Pixel 2 ဖုန်းမှာ ပါဝင်လာမယ့် အချက်အလက်တွေကတော့ ခန့်မှန်းခြေ ပေါက်ကြားလာခဲ့ပါပြီ။ ၂၀၁၆ တုန်းက Google Pixel ဖုန်းဟာ Android ထဲမှာ ဆရာတစ်ဆူဖြစ်ခဲ့သလိုပဲ ထပ်ပြီးထွက်ရှိမယ့် Pixel 2 ဖုန်းဟာလည်း စွမ်းဆောင်ရည်ကောင်းတွေနဲ့ နောင်တော်ရဲ့ ခြေရာကို နင်းနိုင်ချေရှိနေတာပါ။

တန်ဖိုးကြီးဖုန်းတစ်လုံးဖြစ်တဲ့အတိုင်းပဲ ဖုန်းအစိတ်အပိုင်းတွေကတော့ စွမ်းဆောင်ရည်မြင့်တဲ့ပစ္စည်းတွေကိုပဲ သုံးလာမှာဖြစ်ပါတယ်။ လောလောဆယ် Sony Xperia XZ မှာ အသုံးပြုထားပြီး Samsung ရဲ့ Galaxy S8 မှာလည်း သုံးနိုင်ချေရှိတဲ့ Snapdragon 835 ပရော်ဆက်ဆာကိုလည်း Pixel 2 ဖုန်းမှာ အသုံးပြုလာဖွယ်ရှိနေပါတယ်။ RAM 6GB နဲ့တွဲဖက်လိုက်မယ်ဆိုရင်တော့ လုပ်အားနှုန်းတော်တော်လေးမြန်လာမှာပါ။

Displaying pixel-2.jpg

ဒီဖုန်းရဲ့ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ မိနစ်ပိုင်းအတွင်း အားအပြည့်သွင်းပေးနိုင်မယ့် Quick Charge 4.0 နည်းပညာပဲဖြစ်ပါတယ်။ လောလောဆယ် ထွက်ရှိထားတဲ့ ဖုန်းတွေမှာQuick Charge 3.0 နည်းပညာကိုပဲ အသုံးပြုမှုများပြားနေပါသေးတယ်။ Display အနေနဲ့လည်း Sony ရဲ့ Xperia XZ မှာ အသုံးပြုထားတဲ့ 4K display ကို Pixel 2 မှာ မြင်တွေ့ရဖွယ်ရှိနေတာပါ။

Google Pixel 2 အတွက်တော့ Android 8.0 ( Android Oreo လား ? Orbit Gum လား ? Oatmeal cookie လား ? Opal Fruit လား ? မသဲကွဲသေးပါဘူး ) ကို ပထမဆုံးအနေနဲ့ အသုံးပြုလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Pixel 2 ဟာ နောက်ပိုင်းတန်ဖိုးကြီးဖုန်းတွေတိုင်းမှာ ပါဝင်လာတဲ့ ရေစိမ်ခံနိုင်တဲ့ စွမ်းရည်ကိုလည်း ထည့်သွင်းလာမှာဖြစ်ပြီး Storage အနေနဲ့လည်း 32 GB ကနေစတင်လာမယ်လို့သိရပါတယ်။ Pixel ဖုန်းထက်တော့ ဈေးအနည်းငယ်သက်သာသွားမယ်လို့ သိရပြီး စတာလင်ပေါင် ၅၀၀ က ကြမ်းခင်းဈေးဖြစ်လာဖွယ်ရှိနေတာပါ။

Google အနေနဲ့ ထွက်ရှိထားပြီးဖြစ်တဲ့ Pixel ဖုန်းမှာလိုမျိုး task အနည်းငယ်များလာတဲ့အခါ ဖုန်းပူတတ်တဲ့ ပြဿနာကို ဦးစားပေးအနေနဲ့လည်း ပြင်ဆင်သင့်တယ်ထင်ပါတယ်။ Pixel 2 ကတော့ ပရော်ဆက်ဆာကောင်းကောင်းကို အသုံးပြုထားတယ်ဆိုပေမယ့်လည်း တန်ဖိုးကြီးဖုန်းတစ်လုံးဖြစ်တာနဲ့အညီ ဖုန်းပူတာမျိုးမဖြစ်အောင်တော့ ဆော့ဖ်ဝဲပိုင်းကို သေချာပြုလုပ်ထားသင့်ပါသေးတယ်။ Google အနေနဲ့ Pixel ဖုန်းကို ပိုမိုအောင်မြင်စေချင်တယ်ဆိုရင်တော့ Customer Feedback တွေကို ဂရုစိုက်ပြီး ထုတ်လုပ်သင့်တယ်လို့ မြင်မိပါတယ်။

 

Paing A K (akhayar)

Ref : Trusted Review