ရာသီဥတုေအးတဲ့အခ်ိန္မွာ အားသြင္းေႏွးသြားတဲ့ Google Pixel 2 ဖုန္းေတြ

အခုေခတ္စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ အားအျမန္သြင္းတဲ့စနစ္ေတြျဖစ္တဲ့ Fast Charging စနစ္မ်ိုးစံုကို အသံုးျပဳေနၾကတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ စမတ္ဖုန္းေတြအမ်ားစုဟာ Qualcomm ရဲ႕ Quick Charge စနစ္၊ MediaTek ရဲ႕ Pump Express လုိမ်ိဳး Chipset က Support ျပဳလုပ္တာေတြရွိသလုိ OnePlus Dash Charging စနစ္နဲ႔ Samsung နဲ႔ Huawei တို႔ကလည္း ကိုယ္ပိုင္ Fast Charging စနစ္ေတြကို ေထာက္ပံ့ေပးတာပဲျဖစ္ပါတယ္။

အဲ့ဒီလုိပဲ Google Pixel 2 ဖုန္းေတြဟာလည္း ကိုယ္ပိုင္ Fast Charging စနစ္ကို ေထာက္ပံ့ေပးျပီးေတာ့ အခုအခ်ိန္မွာေတာ့ အဆိုပါ Fast Charging စနစ္က ျပႆနာအခိ်ဳ႕ရွိေနတယ္လုိ႔ သိရပါတယ္။

အဆိုပါ ျပႆနာကေတာ့ Google Pixel 2 နဲ႔ Pixel 2 XL ဖုန္းေတြမွာ ဖုန္းအားသြင္းတဲ့အခ်ိန္မွာ အားဝင္ေႏွးေကြးတဲ့ျပႆနာျဖစ္ေနတာပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး အားဝင္ေႏွးတာကလည္း အျမဲတမ္းျဖစ္ေနတာမဟုတ္ပဲနဲ႔ ျပင္ပပတ္ဝန္းက်င္အပူခ်ိန္က ၂၀ ဒီဂရီဆဲလ္စီးရပ္စ္ေအာက္ေရာက္သြားတယ္ဆုိရင္ အားသြင္းေႏွးေကြးသြားတာပဲျဖစ္ပါတယ္။ Android Police ရဲ႕ စမ္းသပ္ခ်က္အရ အဆိုပါ အပူခ်ိန္ေလ်ာ႔နည္းသြားတဲ့အခ်ိန္မွာ Fast Charging အေနနဲ႔ 18W နဲ႔ အားသြင္းေနရမယ့္အစား ပါဝင္ဝင္ေရာက္မႈဟာ 3-4 Watt အထိ က်ဆင္းသြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

Google ကေတာ့ အခုလိုမ်ိဳး ရာသီဥတုအေပၚမွာ အားသြင္းေႏွးသြားတဲ့အေၾကာင္းကို အေသးစိတ္ေျပာၾကားထားျခင္းေတာ့မရွိေသးေပမယ့္ စံုစမ္းစစ္ေဆးမႈေတြစတင္ျပဳလုပ္ေနျပီျဖစ္တယ္လုိ႔ သိရပါတယ္။ အခုျပႆနာဟာ ယခင္က Pixel 2 ဖုန္းေတြရဲ႕ မ်ားျပားလွစြာေသာ Display ျပႆနာေတြျပီးရင္ ထပ္မံျဖစ္ပြားလာတဲ့ ျပႆနာျဖစ္လာတာပဲျဖစ္ပါတယ္။

Ref : Slash Gear

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အခုခေတ်စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ အားအမြန်သွင်းတဲ့စနစ်တွေဖြစ်တဲ့ Fast Charging စနစ်မျိုးစုံကို အသုံးပြုနေကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအများစုဟာ Qualcomm ရဲ့ Quick Charge စနစ်၊ MediaTek ရဲ့ Pump Express လိုမျိုး Chipset က Support ပြုလုပ်တာတွေရှိသလို OnePlus Dash Charging စနစ်နဲ့ Samsung နဲ့ Huawei တို့ကလည်း ကိုယ်ပိုင် Fast Charging စနစ်တွေကို ထောက်ပံ့ပေးတာပဲဖြစ်ပါတယ်။

အဲ့ဒီလိုပဲ Google Pixel 2 ဖုန်းတွေဟာလည်း ကိုယ်ပိုင် Fast Charging စနစ်ကို ထောက်ပံ့ပေးပြီးတော့ အခုအချိန်မှာတော့ အဆိုပါ Fast Charging စနစ်က ပြဿနာအချို့ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ပြဿနာကတော့ Google Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေမှာ ဖုန်းအားသွင်းတဲ့အချိန်မှာ အားဝင်နှေးကွေးတဲ့ပြဿနာဖြစ်နေတာပဲဖြစ်ပါတယ်။ အခုလိုမျိုး အားဝင်နှေးတာကလည်း အမြဲတမ်းဖြစ်နေတာမဟုတ်ပဲနဲ့ ပြင်ပပတ်ဝန်းကျင်အပူချိန်က ၂၀ ဒီဂရီဆဲလ်စီးရပ်စ်အောက်ရောက်သွားတယ်ဆိုရင် အားသွင်းနှေးကွေးသွားတာပဲဖြစ်ပါတယ်။ Android Police ရဲ့ စမ်းသပ်ချက်အရ အဆိုပါ အပူချိန်လျော့နည်းသွားတဲ့အချိန်မှာ Fast Charging အနေနဲ့ 18W နဲ့ အားသွင်းနေရမယ့်အစား ပါဝင်ဝင်ရောက်မှုဟာ 3-4 Watt အထိ ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

Google ကတော့ အခုလိုမျိုး ရာသီဥတုအပေါ်မှာ အားသွင်းနှေးသွားတဲ့အကြောင်းကို အသေးစိတ်ပြောကြားထားခြင်းတော့မရှိသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အခုပြဿနာဟာ ယခင်က Pixel 2 ဖုန်းတွေရဲ့ များပြားလှစွာသော Display ပြဿနာတွေပြီးရင် ထပ်မံဖြစ်ပွားလာတဲ့ ပြဿနာဖြစ်လာတာပဲဖြစ်ပါတယ်။

Ref : Slash Gear

Zawyè (Akhayar) 

www.akhayar.com