Google Pixel 2 ဖုန်းနဲ့ ရိုက်ကူးခဲ့တဲ့ John Legend ရဲ့ Music Video


John Legend

John Legend


Google Pixel 2

Google Pixel 2


Google Pixel 2


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

All of Me သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ John Legend ကို လူတိုင်းသိကြမှာပါ။ အဲ့ဒီလိုပဲ ဓါတ်ပုံရိုက်တဲ့ နေရာမှာ လက်ရှိအချိန်အထိ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Google Pixel 2 ဖုန်းကိုလည်း ကြားဖူးကြမယ်လို့ ထင်ပါတယ်။ အခုလိုမျိုး နာမည်ကြီး အဆိုတော်တစ်ယောက်နဲ့ အကောင်းဆုံးကင်မရာဖုန်းကို ပေါင်းစပ်ကြည့်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ?

John Legend

John Legend

စမတ်ဖုန်းတွေနဲ့ Music Video တွေ၊ ရုပ်ရှင်ဇတ်လမ်းတိုတွေ ရိုက်ကူးကြတာက အခုအချိန်မှာ မကြာမကြာတွေ့ရတတ်တဲ့အရာတစ်ခုဖြစ်ပေမယ့် အများစုက Cover Song တွေ၊ မိနစ်ပိုင်းမျှသာ ကြာမြင့်တဲ့ ဇတ်လမ်းတိုတွေပဲ များပါတယ်။ ဒါပေမယ့် John Legend ကတော့ သူ့ရဲ့”A Good Night” နာမည်ပေးထားတဲ့ Music Video တစ်ခုလုံးကို Google Pixel 2 စမတ်ဖုန်းနဲ့ပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Google Pixel 2

Google Pixel 2

Google Pixel 2 စမတ်ဖုန်းဟာ အခုအချိန်မှာ ဓါတ်ပုံပိုင်းမှာပဲ အကောင်းဆုံးစမတ်ဖုန်းတစ်ခုလို့ သတ်မှတ်ခံထားရပေမယ့် Video မှာပါ အရမ်းကောင်းမွန်တဲ့အဆင့်တစ်ခုအထိ ရိုက်ကူးနိုင်တာကို အခု Music Video မှာတွေ့ခဲ့ရပါတယ်။ ဘယ်လောက်ထိလဲဆိုရင် တကယ့် Video Camera နဲ့ ရိုက်ထားတာလား၊ စမတ်ဖုန်းနဲ့ ရိုက်ထားတာလားဆိုတာကို မခွဲခြားနိုင်လောက်အောင်ပါပဲ။

Google Pixel 2

ကဲ… John Legend ရဲ့ Google Pixel 2 ဖုန်းနဲ့ ရိုက်ကူးထားတဲ့ “A Good Night” Music Video ကိုဖော်ပြပေးလိုက်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com