


Ref: The Verge

================

Google Photos မှာ သင့်ရဲ့ ဝတ်လစ်စားလစ်ပုံတွေကို Hide လုပ်ပေးတော့မယ်

Google Photos ရဲ့ Update အသစ်တစ်ခုအရ ယခုအခါ သင့်အနေနဲ့ ဓာတ်ပုံတွေထဲက ဖျက်မထားတဲ့ Private နဲ့ Personal ပိုင်းဆိုင်ရာ ဓာတ်ပုံတွေကို Main Feed ကနေ Hide လုပ်နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ 9to5Google ကနေ ဖော်ပြချက်အရ ဓာတ်ပုံတွေရဲ့ ညာဘက်မှာရှိတဲ့ “…” Menu ကိုနှိပ်ပြီး Archive Option ထဲကို ဝင်လိုက်တာနဲ့ ဓာတ်ပုံတွေထဲကိုပြန်ရောက်သွားပြီး ဓာတ်ပုံတွေကို Folder တစ်ခုထဲမှာ ဖွက်ထားနိုင်မှာပါ။

တကယ်လို့ Library ကို တခြားသူတွေ ဒါမှမဟုတ် မိသားစုတွေနဲ့ Share သုံးရတဲ့ အခါမျိုးဆိုရင်တော့ ဒီလုပ်ဆောင်ချက်က အသုံးဝင်မှာပါ။ ဒီလိုဝှက်ထားလိုက်တာနဲ့ ဓာတ်ပုံတွေဟာ Main Feed မှာ တွေ့ရတော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအပြင် ဒီအထဲကနေ ထပ်နေတဲ့ဓာတ်ပုံတွေ၊ Screenshot တွေနဲ့ တခြားသင်မမြင်ခငျတော့တာတွေကိုလည်း ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။

Update ဗားရှင်း 2.15 Google Photos ကို မကြာခင်မှာ Web နဲ့ iOS တွေမှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Ref: The Verge