
Google Phone App






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ Pixel စမတ်ဖုန်းတွေနဲ့ Android One OS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ ဖုန်းရဲ့ Dialer ကို Google ရဲ့ Phone App ကိုပဲ အသုံးပြုကြတာဖြစ်ပါတယ်။ အခုအချိန်မှာ Google ကနေ သူရဲ့ Phone App ကို Update တစ်ခုပြုလုပ်ပေးလိုက်ပြီး အဆိုပါ Update က လုံခြုံရေးပိုင်းမှာ သိသိသာသာပိုကောင်းလာစေတော့မှာပါ။

Google Phone App

အခု Google ကနေ Phone App မှာ ထည့်သွင်းပေးလိုက်တဲ့ Feature ကတော့ Spam Calls တွေကို Filter လုပ်ပေးနိုင်တဲ့ Feature အသစ်ပဲဖြစ်ပြီးတော့ အခုလို Filter လုပ်တဲ့စနစ်ကလည်း ထူးခြားပါတယ်။ ပုံမှန် Filter လုပ်သလိုမျိုး Reject လုပ်ပစ်တာမျိုးမဟုတ်ဘဲနဲ့ အဆိုပါ Spam Call တွေကို Voice Mail ထဲကို တိုက်ရိုက်ထည့်သွင်းလိုက်မှာပဲဖြစ်ပါတယ်။

အခုလိုမျိုး Voice Mail ထဲကို တိုက်ရိုက်ထည့်သွင်းပေးနေတဲ့အတွက် ဖုန်းက Ring မြည်မှာမဟုတ်သလို Missed Call Notification တွေကိုလည်း လက်ခံရရှိမှာမဟုတ်ဘူးလို့ Google ကနေ ပြောကြားထားပါတယ်။ နောက်ပြီး အဆိုပါ Voice Mail ထဲရောက်သွားတဲ့ Spam Calls တွေကိုလည်း သာမန်အတိုင်း ပြန်လည်မြင်ရမှာမဟုတ်ဘဲ Filtered Calls တွေထဲကို ဝင်ပြီး ပြန်လည်ကြည့်ရှုရမှာဖြစ်တယ်လို့ သိရပါတယ်။

Google Spam Call Notification

တကယ်လို့ အခု Google ရဲ့ ယခု Spam Calls တွေကို အလိုအလျောက် Filter လုပ်ပေးတဲ့ Feature ကို အသုံးမပြုချင်ဘူးဆိုရင်လည်း Setting ထဲမှာ ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Spam Calls လို့ ယူဆရတဲ့ဖုန်းဝင်လာတယ်ဆိုရင်တော့ Google Phone App ရဲ့ Incoming Call Screen ဟာ အနီရောင်ဖြစ်သွားမှာဖြစ်ပြီး Spam Call ဖြစ်နိုင်တယ်ဆိုတာကို အသိပေးသွားဦးမှာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လုံခြုံရေးအတွက်ဆိုရင်တော့ Google ရဲ့ Phone App က တခြားသော စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Dialer တွေထက် ပိုပြီး အသာရသွားပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com