လက္ရွိ Battle Royale Style Multiplayer ဂိမ္းေတြထဲမွာ လူၾကိဳက္အမ်ားဆံုးျဖစ္ေနတဲ့ Fortnite က ျပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔မွာ Samsung Galaxy Note 9 နဲ႔အတူ Samsung Highend Device ေတြမွာ စတင္ေဆာ့ကစားႏုိင္ေနျပီပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး Android မွာ ရရွိေနျပီျဖစ္တဲ့အတြက္ Google အေနနဲ႔လည္း ျပႆနာတစ္ခုကို ရင္ဆုိင္ေနရပါတယ္။

Fortnite on Galaxy Note 9

အဆုိပါ ျပႆနာကေတာ့ Android ဖုန္းအသံုးျပဳသူေတြဟာ အခု Fortnite ဂိမ္းကို Play Store မွာပဲ ရွာေဖြျပီး Download ရယူဖုိ႔ ၾကိဳးစားေနတာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google ကိုယ္တိုင္ကေန Fortnite ကို Play Store ရဲ႕ Search မွာ ရွာလုိက္တာနဲ႔ “Fortnite Battle Royal by Epic Games, Inc is not available on Google Play” ဆုိျပီး သတိေပးတဲ့စာတန္းကို ေဖာ္ျပေနတာပဲျဖစ္ပါတယ္။

Fortnite Play Store

Fortnite ဂိမ္းကုိ ထုတ္လုပ္တဲ့ ကုမၸဏီျဖစ္တဲ့ Epic Games က အခုလုိမ်ိဳး Fortnite ကို Google Play Store ေပၚမွာ မတင္တာက App အတြင္းကေန ဝယ္ယူမႈတစ္ခုျပဳလုပ္တုိင္း Google ကို ၃၀ ရာခုိင္ႏႈန္းေပးေနရတာကို ေရွာင္လႊဲဖုိ႔အတြက္ျဖစ္တယ္လုိ႔ သိရပါတယ္။ အဲ့ဒါေၾကာင့္လည္း Google ကေန အခုလုိမ်ိဳး Application အတုေတြကို Download ျပဳလုပ္မိႏုိင္တဲ့အတြက္ သတိေပးေနတာျဖစ္ပါတယ္။

Fortnite Android Beta

အဲ့ဒီအတြက္ Fornite ကို Android မွာ ေဆာ့ခ်င္တယ္ဆုိရင္ေတာ့ Epic Games ရဲ႕ Website ကို ဝင္ေရာက္ျပီး Beta Sign-in ျပဳလုပ္ျပီး ေဆာ့ကစားႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာေတာ့ Samsung ရဲ႕ Highend Device ေတြမွာပဲ ေဆာ့ကစားႏုိင္မွာျဖစ္ျပီးေတာ့ က်န္တဲ့ Android Device ေတြမွာေတာ့ ယခုလကုန္ပိုင္းမွ ေဆာ့ကစားႏုိင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိ Battle Royale Style Multiplayer ဂိမ်းတွေထဲမှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ Fortnite က ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့မှာ Samsung Galaxy Note 9 နဲ့အတူ Samsung Highend Device တွေမှာ စတင်ဆော့ကစားနိုင်နေပြီပဲဖြစ်ပါတယ်။ အခုလိုမျိုး Android မှာ ရရှိနေပြီဖြစ်တဲ့အတွက် Google အနေနဲ့လည်း ပြဿနာတစ်ခုကို ရင်ဆိုင်နေရပါတယ်။

Fortnite on Galaxy Note 9

အဆိုပါ ပြဿနာကတော့ Android ဖုန်းအသုံးပြုသူတွေဟာ အခု Fortnite ဂိမ်းကို Play Store မှာပဲ ရှာဖွေပြီး Download ရယူဖို့ ကြိုးစားနေတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ကိုယ်တိုင်ကနေ Fortnite ကို Play Store ရဲ့ Search မှာ ရှာလိုက်တာနဲ့ “Fortnite Battle Royal by Epic Games, Inc is not available on Google Play” ဆိုပြီး သတိပေးတဲ့စာတန်းကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

Fortnite Play Store

Fortnite ဂိမ်းကို ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Epic Games က အခုလိုမျိုး Fortnite ကို Google Play Store ပေါ်မှာ မတင်တာက App အတွင်းကနေ ဝယ်ယူမှုတစ်ခုပြုလုပ်တိုင်း Google ကို ၃၀ ရာခိုင်နှုန်းပေးနေရတာကို ရှောင်လွှဲဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း Google ကနေ အခုလိုမျိုး Application အတုတွေကို Download ပြုလုပ်မိနိုင်တဲ့အတွက် သတိပေးနေတာဖြစ်ပါတယ်။

Fortnite Android Beta

အဲ့ဒီအတွက် Fornite ကို Android မှာ ဆော့ချင်တယ်ဆိုရင်တော့ Epic Games ရဲ့ Website ကို ဝင်ရောက်ပြီး Beta Sign-in ပြုလုပ်ပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ Samsung ရဲ့ Highend Device တွေမှာပဲ ဆော့ကစားနိုင်မှာဖြစ်ပြီးတော့ ကျန်တဲ့ Android Device တွေမှာတော့ ယခုလကုန်ပိုင်းမှ ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com