Apple ရဲ႕ AirPods ေတြကို အသံုးျပဳဖူးတယ္ဆိုရင္ iPhone ေတြနဲ႔ AirPods ကို ခ်ိတ္ဆက္တာက အရမ္းကို လြယ္ကူတာကို သတိထားမိမွာပါ။ AirPods ရဲ႕ Case ကို ဖြင့္လုိက္တာနဲ႔ Apple ရဲ႕ W1 Chip ေၾကာင့္ အနီးအနားက iPhone ေတြနဲ႔ လြယ္ကူစြာခ်ိတ္ဆက္ႏုိင္တာပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Android ဖုန္းေတြမွာလည္း အလားတူနည္းလမ္းရရွိေတာ့မွာပါ။

Google ရဲ႕ ယခုနည္းလမ္းကေတာ့ Fast Pair လုိ႔ နာမည္ေပးထားတာျဖစ္ျပီးေတာ့ ယခင္တုန္းကထက္ ပိုျပီးလြယ္ကူလာတာပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာ ကိုယ့္ဖုန္းမွာရွိတဲ့ Google Account က Fast Pair ကို Support လုပ္တဲ့ Headphone ေတြကို မွတ္ထားျပီးေတာ့ ေနာက္ဖုန္းတစ္ခုကိုေျပာင္းလဲအသံုးျပဳတဲ့အခ်ိန္မွာလည္း လုိက္ျပီး အလိုအေလ်ာက္ခ်ိတ္ဆက္ေပးေတာ့မွာပါ။

Google Fast Pair

အခု Fast Pair နည္းပညာဆုိတာက မႏွစ္က စတင္ျပီးေတာ့ မိတ္ဆက္ခဲ့ေပမယ့္ အသံုးျပဳထားတဲ့ Headphone ေတြနည္းပါးေနခဲ့တာျဖစ္ျပီးေတာ့ JayBirds ကပဲ တခ်ိဳ႕ေသာ Headphone ေတြမွာ အသံုးျပဳေနတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Google က Anker နဲ႔ Bose လုိမ်ိဳး Brand ေတြကပါ Fast Pair စနစ္ကို အသံုးျပဳေတာ့မယ္လုိ႔ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ Chromebook ေတြမွာပါ အဆုိပါ စနစ္ကို ရရွိလာမွာပါ။

Google Fast Pair

အခု Fast Pair စနစ္က Android Version 6.0 နဲ႔ ထက္ စမတ္ဖုန္းေတြမွာ ရရွိမွာျဖစ္ျပီးေတာ့ အခုအခ်ိန္မွာ ကိုယ္ခ်ိတ္ဆက္ထားတဲ့ Fast Pair Headphone ေတြကို Google Account မွာပါ မွတ္သားထားေတာ့မွာျဖစ္ပါတယ္။ အခုနည္းပညာေၾကာင့္ Bluetooth နည္းပညာက စမတ္ဖုန္းေတြမွာ ပိုျပီးေအာင္ျမင္လာမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ရဲ့ AirPods တွေကို အသုံးပြုဖူးတယ်ဆိုရင် iPhone တွေနဲ့ AirPods ကို ချိတ်ဆက်တာက အရမ်းကို လွယ်ကူတာကို သတိထားမိမှာပါ။ AirPods ရဲ့ Case ကို ဖွင့်လိုက်တာနဲ့ Apple ရဲ့ W1 Chip ကြောင့် အနီးအနားက iPhone တွေနဲ့ လွယ်ကူစွာချိတ်ဆက်နိုင်တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Android ဖုန်းတွေမှာလည်း အလားတူနည်းလမ်းရရှိတော့မှာပါ။

Google ရဲ့ ယခုနည်းလမ်းကတော့ Fast Pair လို့ နာမည်ပေးထားတာဖြစ်ပြီးတော့ ယခင်တုန်းကထက် ပိုပြီးလွယ်ကူလာတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ကိုယ့်ဖုန်းမှာရှိတဲ့ Google Account က Fast Pair ကို Support လုပ်တဲ့ Headphone တွေကို မှတ်ထားပြီးတော့ နောက်ဖုန်းတစ်ခုကိုပြောင်းလဲအသုံးပြုတဲ့အချိန်မှာလည်း လိုက်ပြီး အလိုအလျောက်ချိတ်ဆက်ပေးတော့မှာပါ။

Google Fast Pair

အခု Fast Pair နည်းပညာဆိုတာက မနှစ်က စတင်ပြီးတော့ မိတ်ဆက်ခဲ့ပေမယ့် အသုံးပြုထားတဲ့ Headphone တွေနည်းပါးနေခဲ့တာဖြစ်ပြီးတော့ JayBirds ကပဲ တချို့သော Headphone တွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google က Anker နဲ့ Bose လိုမျိုး Brand တွေကပါ Fast Pair စနစ်ကို အသုံးပြုတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Chromebook တွေမှာပါ အဆိုပါ စနစ်ကို ရရှိလာမှာပါ။

Google Fast Pair

အခု Fast Pair စနစ်က Android Version 6.0 နဲ့ ထက် စမတ်ဖုန်းတွေမှာ ရရှိမှာဖြစ်ပြီးတော့ အခုအချိန်မှာ ကိုယ်ချိတ်ဆက်ထားတဲ့ Fast Pair Headphone တွေကို Google Account မှာပါ မှတ်သားထားတော့မှာဖြစ်ပါတယ်။ အခုနည်းပညာကြောင့် Bluetooth နည်းပညာက စမတ်ဖုန်းတွေမှာ ပိုပြီးအောင်မြင်လာမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com