


ဒါပေမယ့် အခု Google ရဲ့ Now Playing Feature က အားနည်းချက်တစ်ခုရှိနေပြီးတော့ အဲ့ဒါကတော့ အခုလိုမျိုး အနားမှာ ဖွင့်ထားတဲ့သီချင်းတွေကို ပြသပေးတယ်ဆိုပေမယ့် History ကို သိမ်းထားခြင်းမရှိတဲ့အတွက် တကယ်လို့ ကိုယ်မှတ်ထားချင်တဲ့ သီချင်းဆိုရင် Screenshot ရိုက်ထားတာ ဒါမှမဟုတ် သီးခြားမှတ်ထားရမှာဖြစ်ပါတယ်။






Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ မနှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ Google Pixel 2 ဖုန်းတွေမှာ Now Playing Feature ကို ထည့်သွင်းပေးခဲ့တာကို မှတ်မိကြဦးမှာပါ။ အခု Feature က Google Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတွေမှာ ဘေးနားမှာ ဖွင့်ထားသမျှ သီချင်းတွေအကုန်လုံးကို ဖုန်းရဲ့ Always On Display မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Google Pixel 2 Now Playing Feature

အခု Feature က Pixel 2 ဖုန်းတွေအတွက် သိသိသာသာကို ကောင်းမွန်တဲ့ User Experience ကို ပေးစွမ်းနိုင်ပြီးတော့ Music Recognition အတွက် သီးခြား Shazam ဒါမှမဟုတ် Google Assistant ကို မေးစရာမလိုလောက်တော့တဲ့အထိကို အသုံးဝင်တာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခု Google ရဲ့ Now Playing Feature က အားနည်းချက်တစ်ခုရှိနေပြီးတော့ အဲ့ဒါကတော့ အခုလိုမျိုး အနားမှာ ပြထားတဲ့သီချင်းတွေကို ပြသပေးတယ်ဆိုပေမယ့် History ကို သိမ်းထားခြင်းမရှိတဲ့အတွက် တကယ်လို့ ကိုယ်မှတ်ထားချင်တဲ့ သီချင်းဆိုရင် Screenshot ရိုက်ထားတာ ဒါမှမဟုတ် သီးခြားမှတ်ထားရမှာဖြစ်ပါတယ်။

Google Pixel 2 Now Playing History

အခုသတင်းကို XDA Forum ကနေ အခု Now Playing Feature အတွက် အသုံးဝင်တဲ့ Pixel Ambient Services (1.0.193639268) Application မှာ ပါဝင်တဲ့ Code အချို့ကနေ တွေ့ခဲ့တာဖြစ်ပြီးတော့ “View History” ဆိုပြီး ပါလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Google Pixel ဖုန်းတွေက ဘာသီချင်းတွေကို နားထောင်ဖြစ်သလဲဆိုတာကို အချိန်မရွေးပြန်ကြည့်နိုင်တော့မှာပါ။

Google Pixel 2 Now Playing Feature

ဒါပေမယ့် လက်ရှိအချိန်အထိတော့ Google Pixel 2 ဖုန်းတွေမှာ Now Playing Feature ကို History ပြန်ကြည့်လို့မရသေးတဲ့အတွက် နောက်ပိုင်းမှာမှ ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref : XDA Developer Forum

Zawyè (Akhayar) 

www.akhayar.com