
Google News


Google Newsstand



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ဟာ လက်ရှိသတင်းတွေကိုဖော်ပြပေးနေတဲ့ Google News Features ကို မကြာခင်မှာ ကြီးကြီးမားမားပြောင်းလဲတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အခု Google News ပြောင်းလဲမှုက လက်ရှိ Google Play Newsstand App နဲ့ YouTube တို့ဆီက Features တွေကို ရယူတော့မယ့် ပုံစံပါပဲ။

Google News

အခုလိုမျိုး Google News အပေါ် ဒီဇိုင်းပြောင်းလဲမှုတွေက လာမယ့်အပတ်မှာ ပြုလုပ်သွားမယ့် Google I/O Event မှာ အသေးစိတ်သိရှိရမှာဖြစ်ပြီးတော့ Google Publishing Executive တစ်ယောက်ကပြောကြားတာကတော့ Google ဟာ လက်ရှိအချိန်မှာ သတင်းနဲ့ပတ်သတ်တဲ့ Services တွေအများအပြားရှိနေပြီးတော့ အဆိုပါ Services အများအပြားကို တစ်နေရာထဲမှာပဲရှိနေအောင် ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Google Newsstand

အခုလိုမျိုး ပြောကြားချက်အရ ဖြစ်နိုင်တာက လက်ရှိအချိန်မှာ Google ရဲ့ News Application တစ်ခုဖြစ်တဲ့ Google Newsstand ဟာ Google News ထဲကိုပဲပေါင်းစပ်သွားမှာဖြစ်ပြီးတော့ YouTube ရဲ့ Breaking News Section တွေလည်းပါဝင်လာမယ်လို့ သိရပါတယ်။ သတင်းတွေကို Loading Time နည်းနည်းနဲ့ အမြန်ဖတ်ရှုနိုင်ဖို့အတွက်ကတော့ AMP Platform ကို အသုံးပြုသွားမယ်လို့ ယူဆရပါတယ်။

Google ဟာ လက်ရှိအချိန်မှာ News Publisher တွေကို တစ်လကို Click ပေါင်း ၁၀ ဘီလီယံ ရှာဖွေပေးနေတာဖြစ်ပြီးအခုလိုမျိုး ပြောင်းလဲမှုတွေက စာဖတ်တွေသူတွေအပြင် Publisher တွေကိုလည်း အခုထက်ပိုပြီး Engagement ရရှိအောင် ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်မယ်လို့ ယူဆရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com