ဓါတ္ပံုရုိက္ကူးတဲ့အခါမွာ ကိုယ့္ဓါတ္ပံုကို တရားမဝင္ရယူသံုးစြဲလို႔မရေအာင္ ဓါတ္ပံုေတြမွာ Watermark လို႔ေခၚတဲ့ ကိုယ္ပိုင္အမွတ္အသားနဲ႔ ထပ္ျပီး သံုးစြဲလုိ႔မရေအာင္ျပဳလုပ္ေလ့ရွိၾကပါတယ္။


တကယ္လုိ႔ Watermark တစ္ခုကို Photoshop သံုးျပီး ဖယ္ရွားမယ္ဆုိရင္ေတာင္ အသံုးျပဳထားတဲ့ Watermark ေပၚမႈတည္ျပီး ကၽြမ္းက်င္မႈနဲ႔ အခ်ိန္မ်ားစြာယူျပီးမွ အနည္းအက်ဥ္းမသိသာေအာင္ ဖယ္ရွားႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ Google ရဲ႕ Research Labs က ေၾကျငာခ်က္အရ Google ရဲ႕ AI စနစ္ဟာ ဘယ္လုိဓါတ္ပံုမ်ိဳးကပဲျဖစ္ျဖစ္ Watermark ေတြကို လံုးဝနီးနီးေပ်ာက္သြားေအာင္ အခ်ိန္တိုအတြင္း ဖယ္ရွားႏုိင္ျပီပဲျဖစ္ပါတယ္။

Google ရဲ႕ AI စနစ္က ရွိျပီးသား Watermark ေပၚမွာ တူညီတဲ့ ပံုရိပ္ေတြကို Layer အေျမာက္အမ်ားအေပၚကထပ္လုိက္ျပီး နဂိုရွိျပီးသား Watermark ရဲ႕ အရြယ္အစားနဲ႔ ပံုစံကိုသိရွိေအာင္ျပဳလုပ္ကာ ေအာက္ခံ မူရင္းဓါတ္ပံုနဲ႔ တူညီေအာင္ေျပာင္းလဲလိုက္တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ လံုးဝေပ်ာက္သြားေအာင္လုပ္ႏုိင္တာမ်ိဳးမဟုတ္ပဲ သာမန္ၾကည့္ရႈတဲ့အခ်ိန္မွာ မသိသာေအာင္ပဲ ဖယ္ရွားလုိက္တာျဖစ္ပါတယ္။

အခုစနစ္က ဘယ္လိုဓါတ္ပံုမ်ိဳးကိုပဲျဖစ္ျဖစ္ အသံုးခ်ႏုိင္မွာျဖစ္ျပီး Google ကအခုလုိ ေဖာ္ျပလုိက္တာက လက္ရွိ AI စနစ္ေတြက ဘယ္ေလာက္ထိတုိးတက္လာျပီဆုိတာကို ျပသလုိက္ျခင္းျဖစ္ျပီး လက္ရွိ Stock Photo ေရာင္းခ်ေနတဲ့ Websites ေတြျဖစ္တဲ့ Adobe Stock, Shutter Stock အစရွိတဲ့ Websites ေတြကို လက္ရွိ Watermarks ေတြကို ပိုျပီးဖယ္ရွားရခက္ခဲတဲ့ Pattern ေတြကို ေျပာင္းလဲဖုိ႔ အၾကံျပဳခဲ့ပါတယ္။ ဥပမာ။ Watermark ကိုပံုစံနည္းနည္းေျပာင္းျပီး အေပၚကေနာက္တစ္ထပ္အုပ္လုိက္တာမ်ိဳးက ပိုျပီး ဖယ္ရွားရခက္ခဲတဲ့ Watermark တစ္ခုကို ျဖစ္ေစမွာျဖစ္ပါတယ္။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square

 

[Unicode]

ဓါတ်ပုံရိုက်ကူးတဲ့အခါမှာ ကိုယ့်ဓါတ်ပုံကို တရားမဝင်ရယူသုံးစွဲလို့မရအောင် ဓါတ်ပုံတွေမှာ Watermark လို့ခေါ်တဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ ထပ်ပြီး သုံးစွဲလို့မရအောင်ပြုလုပ်လေ့ရှိကြပါတယ်။

တကယ်လို့ Watermark တစ်ခုကို Photoshop သုံးပြီး ဖယ်ရှားမယ်ဆိုရင်တောင် အသုံးပြုထားတဲ့ Watermark ပေါ်မှုတည်ပြီး ကျွမ်းကျင်မှုနဲ့ အချိန်များစွာယူပြီးမှ အနည်းအကျဉ်းမသိသာအောင် ဖယ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Google ရဲ့ Research Labs က ကြေငြာချက်အရ Google ရဲ့ AI စနစ်ဟာ ဘယ်လိုဓါတ်ပုံမျိုးကပဲဖြစ်ဖြစ် Watermark တွေကို လုံးဝနီးနီးပျောက်သွားအောင် အချိန်တိုအတွင်း ဖယ်ရှားနိုင်ပြီပဲဖြစ်ပါတယ်။

Google ရဲ့ AI စနစ်က ရှိပြီးသား Watermark ပေါ်မှာ တူညီတဲ့ ပုံရိပ်တွေကို Layer အမြောက်အများအပေါ်ကထပ်လိုက်ပြီး နဂိုရှိပြီးသား Watermark ရဲ့ အရွယ်အစားနဲ့ ပုံစံကိုသိရှိအောင်ပြုလုပ်ကာ အောက်ခံ မူရင်းဓါတ်ပုံနဲ့ တူညီအောင်ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝပျောက်သွားအောင်လုပ်နိုင်တာမျိုးမဟုတ်ပဲ သာမန်ကြည့်ရှုတဲ့အချိန်မှာ မသိသာအောင်ပဲ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

အခုစနစ်က ဘယ်လိုဓါတ်ပုံမျိုးကိုပဲဖြစ်ဖြစ် အသုံးချနိုင်မှာဖြစ်ပြီး Google ကအခုလို ဖော်ပြလိုက်တာက လက်ရှိ AI စနစ်တွေက ဘယ်လောက်ထိတိုးတက်လာပြီဆိုတာကို ပြသလိုက်ခြင်းဖြစ်ပြီး လက်ရှိ Stock Photo ရောင်းချနေတဲ့ Websites တွေဖြစ်တဲ့ Adobe Stock, Shutter Stock အစရှိတဲ့ Websites တွေကို လက်ရှိ Watermarks တွေကို ပိုပြီးဖယ်ရှားရခက်ခဲတဲ့ Pattern တွေကို ပြောင်းလဲဖို့ အကြံပြုခဲ့ပါတယ်။ ဥပမာ။ Watermark ကိုပုံစံနည်းနည်းပြောင်းပြီး အပေါ်ကနောက်တစ်ထပ်အုပ်လိုက်တာမျိုးက ပိုပြီး ဖယ်ရှားရခက်ခဲတဲ့ Watermark တစ်ခုကို ဖြစ်စေမှာဖြစ်ပါတယ်။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com