
Google Vs EU


European Commission



Google Vs EU


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိအကြီးမားဆုံးသော နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google ကတော့ စံချိန်တင် လျော်ကြေးပေးရဖို့ရှိနေပါတယ်။ အခုအချိန်မှာ European Commission ကနေ Google ကနေ Android OS နဲ့ ပတ်သတ်ပြီး စည်းကမ်းချိုးဖောက်မှုတွေကို ပြုလုပ်ခဲ့တဲ့အတွက် ယူရို ၄.၃ ဘီလီယံ (ဒေါ်လာ ၅ ဘီလီယံ) ပေးဆောင်ရတော့မှာပဲဖြစ်ပါတယ်။

Google Vs EU

Google ကနေ အခုလိုမျိုး လျော်ကြေးပေးရဖို့ဖြစ်လာတာကတော့ Android OS သုံးဖုန်းတွေထဲမှာ Google Search Engine နဲ့ Chrome Apps တွေကို အတင်းအကျပ်အသုံးပြုစေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် Google က တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကိုလည်း Android Devices တွေမှာ ဆင်တူတဲ့ OS ကို အသုံးပြုခွင့်မရအောင်ပါ တားမြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

European Commission

Google ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း Search Results တွေကို လိုချင်သလို ဖန်တီးခဲ့တာကြောင့် EU ရဲ့ ဒေါ်လာ ၂.၇ ဘီလီယံ ဒါဏ်ရိုက်မှုကို ခံခဲ့ရတာဖြစ်ပြီးတော့ အခုတစ်ကြိမ် လျော်ကြေးပေးဆောင်ရမှုက Google ရဲ့ အများဆုံးသော ဒါဏ်ရိုက်ခံရမှုတစ်ခုဖြစ်လာပါတယ်။

European Commission ဟာ Android အပေါ်ကို နှစ်နဲ့ချီပြီးတော့ စုံစမ်းစစ်ဆေးလာခဲ့တာဖြစ်ပြီးတော့ Google ရဲ့ လက်ရှိ စမတ်ဖုန်းတွေအပေါ်ကို လွှမ်းမိုးနေမှုကို သံသဃရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယခင် Microsoft CEO အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ Steve Ballmer ကိုယ်တိုင်ကလည်း Google ဟာ တာဝန်ရှိနေသူတွေ ထိန်းသိမ်းဖို့လိုအပ်နေတဲ့ Monopoly တစ်ခုလို့ သတ်မှတ်ခဲ့သေးတာပဲဖြစ်ပါတယ်။

Google Vs EU

တကယ်လို့ အခုလို ဒါဏ်ရိုက်မှုကို Google သာ အပြည့်အဝပေးဆောင်ရမယ်ဆိုရင် ဒါက Google အပေါ်ကို EU ကနေ လွှမ်းမိုးနိုင်တယ်ဆိုတာကို ပြသလိုက်သလိုဖြစ်သွားပြီးတော့ Google အနေနဲ့ ကုမ္ပဏီအတွက်ရော Android OS အတွက်ပါ ထိခိုက်မှု အနည်းနဲ့အများရှိလာမှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com