[Zawgyi] 

Google Maps ကို လူတိုင္းက အေျခအေနအမ်ိဳးမ်ိဳးအတြက္ သံုးၾကပါတယ္။ ကားေမာင္းဖို႔၊ လမ္းရွာဖို႔၊ စားေသာက္ဆိုင္ရွာဖို႔နဲ႔ တျခားတစ္ခုခုကို ေျမပံုမွာ ရွာဖို႔ဆိုတာေတြက အေပၚ႐ံၾကည့္ရင္ေတာ့ လြယ္ပါတယ္။ ဒါေပမယ့္ ကိုယ္လိုခ်င္တာ အတိအက်ကို ရွာေတြ႕ႏိုင္ဖို႔ကေတာ့ အခ်ိန္ေပးရပါတယ္။ 

Google က အခုေတာ့ Hashtag ေတြကို Review ေတြမွာ ထည့္ေရးႏိုင္ဖို႔ Support လုပ္ေပးလိုက္ၿပီလို႔သိရပါတယ္။ အဲ့ဒီလို Hashtag ေတြထည့္ခြင့္ေပးလိုက္တာက ရွာတဲ့အခါလည္း ပိုၿပီး တိတိက်က်ရွာႏိုင္လာမွာျဖစ္သလို အခ်ိန္ကုန္သက္သာေစဦးမွာပါ။ ဥပမာ – Brunch အတြက္ စားေသာက္ဆိုင္ရွာေနတယ္ဆိုရင္ သက္သက္လြတ္ဆိုင္လား၊ ဟင္းအမယ္တခ်ိဳ႕ရႏိုင္မလားဆိုတာမ်ိဳးေတြကို Hashtag သံုးၿပီး ရွာႏိုင္လို႔ ပိုၿပီး လြယ္လြယ္ေတြ႕ႏိုင္လာမွာပါ။ 

Hashtag ေတြက ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသံုးဝင္ပါတယ္။ Facebook ၊ Instagram ၊ Twitter နဲ႔ YouTube မွာ Hashtag ေတြသံုးေနၾကေပမယ့္ Google Maps မွာကေတာ့ အခုမွ စလာမွာပါ။ Hashtag ေတြေၾကာင့္ ကၽြန္ေတာ္တို႔ရွာတဲ့ဟာေတြကို တစ္ေနရာတည္းမွာ စုစုစည္းစည္းနဲ႔ ေဖာ္ျပေပးႏိုင္လာတဲ့အတြက္ ရွာေဖြတဲ့အခါ ထိထိေရာက္ေရာက္ေရာက္ ျပေပးႏိုင္ပါတယ္။ ဒါေပမယ့္ Hashtag ေတြကို Review ထဲမွာ ထည့္ေရးမယ္ဆိုရင္ေတာ့ စာလံုးေပါင္းမွန္ၿပီး တိတိက်က်ေရးေပးတာက ပိုေကာင္းမွာပါ။ အခုလို Google က လုပ္ေပးလိုက္တာကေတာ့ ေကာင္းတဲ့ Improvement လို႔ ေျပာလို႔ရပါတယ္။ 

Ref: Android Police 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Google Maps မှာ Review ရေးရင် Hashtag တွေ ထည့်သုံးလို့ရပြီ

Google Maps ကို လူတိုင်းက အခြေအနေအမျိုးမျိုးအတွက် သုံးကြပါတယ်။ ကားမောင်းဖို့၊ လမ်းရှာဖို့၊ စားသောက်ဆိုင်ရှာဖို့နဲ့ တခြားတစ်ခုခုကို မြေပုံမှာ ရှာဖို့ဆိုတာတွေက အပေါ်ရံကြည့်ရင်တော့ လွယ်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာ အတိအကျကို ရှာတွေ့နိုင်ဖို့ကတော့ အချိန်ပေးရပါတယ်။ 

Google က အခုတော့ Hashtag တွေကို Review တွေမှာ ထည့်ရေးနိုင်ဖို့ Support လုပ်ပေးလိုက်ပြီလို့သိရပါတယ်။ အဲ့ဒီလို Hashtag တွေထည့်ခွင့်ပေးလိုက်တာက ရှာတဲ့အခါလည်း ပိုပြီး တိတိကျကျရှာနိုင်လာမှာဖြစ်သလို အချိန်ကုန်သက်သာစေဦးမှာပါ။ ဥပမာ – Brunch အတွက် စားသောက်ဆိုင်ရှာနေတယ်ဆိုရင် သက်သက်လွတ်ဆိုင်လား၊ ဟင်းအမယ်တချို့ရနိုင်မလားဆိုတာမျိုးတွေကို Hashtag သုံးပြီး ရှာနိုင်လို့ ပိုပြီး လွယ်လွယ်တွေ့နိုင်လာမှာပါ။ 

Hashtag တွေက နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ Facebook ၊ Instagram ၊ Twitter နဲ့ YouTube မှာ Hashtag တွေသုံးနေကြပေမယ့် Google Maps မှာကတော့ အခုမှ စလာမှာပါ။ Hashtag တွေကြောင့် ကျွန်တော်တို့ရှာတဲ့ဟာတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ ဖော်ပြပေးနိုင်လာတဲ့အတွက် ရှာဖွေတဲ့အခါ ထိထိရောက်ရောက်ရောက် ပြပေးနိုင်ပါတယ်။ ဒါပေမယ့် Hashtag တွေကို Review ထဲမှာ ထည့်ရေးမယ်ဆိုရင်တော့ စာလုံးပေါင်းမှန်ပြီး တိတိကျကျရေးပေးတာက ပိုကောင်းမှာပါ။ အခုလို Google က လုပ်ပေးလိုက်တာကတော့ ကောင်းတဲ့ Improvement လို့ ပြောလို့ရပါတယ်။ 

Ref: Android Police 

Min Than Htike (Akhayar)

www.akhayar.com