
Google Maps 3D Globe




Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Maps ကို လူတိုင်းအသုံးပြုဖူးကြမှာပါ။ အခုအချိန်မှာ Google Maps ကနေ ယခင်တုန်းက ပြုလုပ်ခဲ့ခြင်းမရှိပေမယ့် မှန်ကန်တဲ့ အဆင့်မြှင့်တင်မှုတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ယခင်က သာမန်မြေပုံတစ်ခုအနေနဲ့ပဲ မြင်ခဲ့ရတဲ့ Maps ကို အခုအချိန်မှာ ကမ္ဘာလုံးတစ်ခုကို ကြည့်နေရသလို ပြောင်းလဲခဲ့တာပါ။

Google Maps 3D Globe

အခု Google Maps ရဲ့ ပြောင်းလဲမှုကို 3D Globe Mode လို့ နာမည်ပေးထားပြီးတော့ လက်ရှိ Google Maps မှာ Zoom Out ပြုလုပ်လိုက်တာနဲ့ 3D Globe Mode ထဲကို ဝင်ရောက်သွားမှာဖြစ်ပြီးတော့ မြေပုံတစ်ခုကို ကြည့်နေရတဲ့အစား 3D ကမ္ဘာလုံးကို မြင်ရတော့မှာဖြစ်ပါတယ်။ အခု Feature ဟာ ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာ Desktop Web Browser ကနေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး Mobile Version မှာတော့ အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

Google ဟာ Google Maps ကို Mercator Projection နည်းပညာနဲ့ ပြုလုပ်ထားခဲ့တာဖြစ်ပြီးတော့ အခုနည်းပညာကြောင့် Standard တစ်ခုလည်းဖြစ်လာသလို အားနည်းချက်အနေနဲ့ကတော့ အချို့သောပုံရိပ်တွေက Distorted ဖြစ်နေတာပါ။ ဥပမာ Mercator Map တစ်ခုမှာ Greenland က အပြင်မှာ သူ့ထက် ၁၄ဆ ပိုပြီးကြီးမားတဲ့ အာဖရိကတိုက်ထက် ပိုကြီးနေသလိုဖြစ်နေတာမျိုးပါ။

Google ဟာ အခုနောက်ပိုင်းမှာ Google Maps ကို အဆင့်မြှင့်တင်မှုတွေဆက်တိုက်ပြုလုပ်နေပြီဖြစ်ပြီးတော့ ပြီးခဲ့တဲ့ လပိုင်းကလည်း Explore Feature အသစ်ကို ထည့်သွင်းခဲ့သလို အခုမကြာသေးမီကလည်း Live Location Share တဲ့နေရာမှာ Battery Life ကိုပါ မြင်နိုင်အောင်ထည့်သွင်းပေးခဲ့ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com