Google Maps ကို ဒီႏွစ္ေတြထဲမွာ ၾကီးၾကီးမားမားေျပာင္းလဲမႈတစ္ခုကို ျပီးခဲ့တဲ့ ေမလမွာ ျပဳလုပ္ခဲ့တဲ့ Google I/O 2018 မွာ စတင္ျပီးေတာ့ ျပသသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ကိုယ္ရဲ႕ သြားလာမႈ၊ အသံုးျပဳမႈေတြကို မူတည္ျပီးေတာ့ Personalized ျပဳလုပ္ေပးထားတဲ့ Feature ေတြပဲျဖစ္ပါတယ္။

Google Maps New Design

အခု Google Maps ရဲ႕ ဒီဇုိင္းေျပာင္းလဲမႈဟာ Maps Version 9.80.2 အသံုးျပဳေနတဲ့သူေတြမွာ စတင္ရရွိလာတာျဖစ္ျပီးေတာ့ Google ရဲ႕ Material Design အပါအဝင္ ေျပာင္းလဲမႈ အမ်ားအျပားကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

အခု Google Maps မွာ အဓိကေျပာင္းလဲလာတဲ့အခ်က္ကေတာ့ ယခင္ Explore Section က ပံုစံေျပာင္းသြားတာျဖစ္ျပီးေတာ့ Explore Nearby မွာ ပံုမွန္ပါဝင္ေနၾက Restaurant ၊ Coffee ၊ Attractions စတဲ့ Icon ေတြအျပင္ “Cheap eats” “Group-friendly dining” “No reservations needed” စသျဖင့္ ကိုယ္စိတ္ဝင္စားႏုိင္တဲ့ Restaurant ေတြကို အစုခြဲျပီးေတာ့ ေဖာ္ျပေပးမွာျဖစ္တဲ့အျပင္ Foodie List ဆုိျပီး ကိုယ္စားေနျဖစ္တဲ့ စားေသာက္ဆုိင္ေတြလုိမ်ိဳး မေရာက္ျဖစ္ေသးတဲ့ ဆုိင္ေတြကိုပါ ေဖာ္ျပေပးသြားဦးမွာျဖစ္ပါတယ္။

Google Maps Foodie List

ဒါ့အျပင္ Driving Section ကလည္း ယခင္ထက္ပုိျပီး လြယ္ကူလာျပီး သြားေနၾကေနရာေတြကို Suggestions ေပးသြားမွာလည္းျဖစ္ပါတယ္။ Material Design ျဖစ္လာတဲ့အတြက္ေၾကာင့္ Setting Icon ေတြက ပိုျပီး အေရာင္စံုလာတာကိုလည္း ေတြ႕ရပါတယ္။

Google Maps New Design

Google ဟာ အခုလုိမ်ိဳး Maps ကို ဒီဇုိင္းပိုင္းေျပာင္းလဲမႈေတြ ျပဳလုပ္လုိက္ျပီဆုိေပမယ့္ Google I/O တုန္းက ေၾကညာခဲ့သလုိ သူငယ္ခ်င္းေတြအခ်င္းခ်င္း စားေသာက္ဆုိင္ေတြကို Vote လုပ္ႏုိင္တဲ့ Feature အပါအဝင္ 3D Navigation ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ထည့္သြင္းေပးထားျခင္းမရွိပါဘူး။

Ref : BGR

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google Maps ကို ဒီနှစ်တွေထဲမှာ ကြီးကြီးမားမားပြောင်းလဲမှုတစ်ခုကို ပြီးခဲ့တဲ့ မေလမှာ ပြုလုပ်ခဲ့တဲ့ Google I/O 2018 မှာ စတင်ပြီးတော့ ပြသသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ကိုယ်ရဲ့ သွားလာမှု၊ အသုံးပြုမှုတွေကို မူတည်ပြီးတော့ Personalized ပြုလုပ်ပေးထားတဲ့ Feature တွေပဲဖြစ်ပါတယ်။

Google Maps New Design

အခု Google Maps ရဲ့ ဒီဇိုင်းပြောင်းလဲမှုဟာ Maps Version 9.80.2 အသုံးပြုနေတဲ့သူတွေမှာ စတင်ရရှိလာတာဖြစ်ပြီးတော့ Google ရဲ့ Material Design အပါအဝင် ပြောင်းလဲမှု အများအပြားကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အခု Google Maps မှာ အဓိကပြောင်းလဲလာတဲ့အချက်ကတော့ ယခင် Explore Section က ပုံစံပြောင်းသွားတာဖြစ်ပြီးတော့ Explore Nearby မှာ ပုံမှန်ပါဝင်နေကြ Restaurant ၊ Coffee ၊ Attractions စတဲ့ Icon တွေအပြင် “Cheap eats” “Group-friendly dining” “No reservations needed” စသဖြင့် ကိုယ်စိတ်ဝင်စားနိုင်တဲ့ Restaurant တွေကို အစုခွဲပြီးတော့ ဖော်ပြပေးမှာဖြစ်တဲ့အပြင် Foodie List ဆိုပြီး ကိုယ်စားနေဖြစ်တဲ့ စားသောက်ဆိုင်တွေလိုမျိုး မရောက်ဖြစ်သေးတဲ့ ဆိုင်တွေကိုပါ ဖော်ပြပေးသွားဦးမှာဖြစ်ပါတယ်။

Google Maps Foodie List

ဒါ့အပြင် Driving Section ကလည်း ယခင်ထက်ပိုပြီး လွယ်ကူလာပြီး သွားနေကြနေရာတွေကို Suggestions ပေးသွားမှာလည်းဖြစ်ပါတယ်။ Material Design ဖြစ်လာတဲ့အတွက်ကြောင့် Setting Icon တွေက ပိုပြီး အရောင်စုံလာတာကိုလည်း တွေ့ရပါတယ်။

Google Maps New Design

Google ဟာ အခုလိုမျိုး Maps ကို ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေ ပြုလုပ်လိုက်ပြီဆိုပေမယ့် Google I/O တုန်းက ကြေညာခဲ့သလို သူငယ်ချင်းတွေအချင်းချင်း စားသောက်ဆိုင်တွေကို Vote လုပ်နိုင်တဲ့ Feature အပါအဝင် 3D Navigation တွေကိုတော့ လက်ရှိအချိန်အထိ ထည့်သွင်းပေးထားခြင်းမရှိပါဘူး။

Ref : BGR

Zawyè (Akhayar) 

www.akhayar.com