
Google Maps


Google Maps


Google Maps


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Maps ဟာ လက်ရှိမှာ အကောင်းဆုံးနဲ့ လူသုံးအများဆုံးသော Maps Application တစ်ခုဖြစ်ပေမယ့် Google Maps ကနေ Location Share ပြုလုပ်တဲ့ Feature ကိုတော့ လူတိုင်းအသုံးပြုကြမယ်မထင်ပါဘူး။ ဒါပေမယ့် Google ကနေ လက်ရှိ Facebook Messenger Live Location Share တာထက် ပိုကောင်းတဲ့ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

Google Maps

Google Maps ကနေထည့်သွင်းပေးလိုက်တဲ့ Feature ကတော့ သူရဲ့ Location Sharing Feature ကနေ သူငယ်ချင်းတွေကို ကိုယ်ဘယ်နားရောက်နေလဲဆိုတာကို Live Location အနေနဲ့ Share မယ်ဆိုရင် တဖက် ကိုယ် Share လိုက်တဲ့သူတွေက ကိုယ်ရောက်နေတဲ့ Location အပြင် ဖုန်း Battery ဘယ်လောက်ရှိနေသလဲဆိုတာကိုပါ သိနိုင်တော့မှာဖြစ်ပါတယ်။ Battery မှာလည်း အားသွင်းနေလား မသွင်းနေလားဆိုတာကိုပါ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Google Maps

အခုလိုမျိုး Google Maps မှာ ဒီလိုမျိုး Location Sharing Feature မှာ အခုလိုမျိုး Update ရရှိလာတာက သေးငယ်တဲ့ Update တစ်ခုဖြစ်ပေမယ့် ဘယ်နေရာမှာ ရှိနေတယ်ဆိုတာအပြင် မတော်တဆ Location ပျောက်သွားရင်လည်း Battery သေသွားတာလား၊ ပိတ်သွားတာလားဆိုတာကို ခန့်မှန်းနိုင်တော့မှာပါ။

Google Maps

Google ဟာ Maps မှာ Zoom Out ပြုလုပ်ပြီးတော့ ကမ္ဘာလုံးပုံစံအထိ ပြန်မြင်ရပြီးတော့ အာကာသထဲကဂြိုလ်တွေအထိလိုက်ကြည့်နိုင်မယ့် Feature ကိုလည်း ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Location Share မယ်ဆိုရင် Facebook Messenger အစား Google Maps ကို ပြောင်းပြီး စမ်းကြည့်သင့်နေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com