Google ကနေ ဒီနှစ် April Fools’ Day အတွက် ယခင်ထဲက အောင်မြင်နေတဲ့ Classic Game တစ်ခုဖြစ်တဲ့ Snakes Game ကို Google Maps Application အတွင်းမှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

Google Snake Game

Google ရဲ့ပြောကြားချက်အရ ဒီ Snakes Game ကို ယနေ့ ဧပြီလ ၁ ရက်နေ့က စတင်ပြီး Android နဲ့ iOS User တွေ အသုံးပြုနိုင်နေပြီဖြစ်ပြီး နောက်ထပ် တစ်ပတ်လုံးဆက်ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ Application မှာ မဆော့ချင်ဘူးဆိုရင်လည်း ဒီ Website Link ကနေ ဆော့ကစားနိုင်မှာပါ။

Google Snake Game

အခု Snakes Game က Snake တော့မဟုတ်ဘဲ မြွေအစား ရထားအနေနဲ့ ဆော့ကစားရမှာဖြစ်ပြီး ရွေးချယ်တဲ့ မြို့အပေါ်မှုတည်ပြီး ရထားပုံစံကလည်း ပြောင်းလဲသွားမှာပါ။

Google Snake Game

Google က April Fools’ Day အတွက် ဒီ Snakes Game ကိုပဲ ပြုလုပ်ခဲ့တာမဟုတ်ဘဲ Google Netherlands YouTube Channel ကလည်း Google Tulip ဆိုပြီး Video တစ်ခုကို တင်ခဲ့ပါသေးတယ်။

ဒီ Tulip ပန်းတွေက Google ကို အသုံးပြုပြီး ဘယ်လိုစကားပြောနိုင်သလဲဆိုတာကတော့ အောက်က Video မှာ ကြည့်နိုင်မှာပါ။

Ref : The Verge