






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Maps က အခုအချိန်မှာ လူသုံးအများဆုံးသော Maps Application တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး လူသုံးအများဆုံးဖြစ်နေတာကလည်း Maps Location တွေက တိကျတဲ့အပြင် Navigation ပိုင်းအရလည်း Real Time Traffic တွေကိုပါ တွက်ချက်ပြီါ် အတိအကျဖော်ပြနိုင်တာကြောင့်ဖြစ်ပါတယ်။

Google Map Motorcycle Mode

အခုအချိန်မှာတော့ Google ကနေ အရှေ့တောင်အာရှနိုင်ငံတွေမှာ Navigation Feature အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ အခု Feature အသစ်ကတော့ Motorcycle Mode ဖြစ်ပြီးတော့ Google ရဲ့ အဆိုအရတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆိုင်ကယ်နဲ့ ခရီးသွားလာတာက အသုံးများတဲ့အတွက် အခုလိုမျိုး ထည့်သွင်းပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Google Maps ရဲ့ အခု Motorcycle Mode က ယခင် Driving Mode နဲ့ ဘယ်လိုကွာခြားမလဲဆိုရင် Motorcycle Mode က ပုံမှန် မော်တော်ကားတွေ သွားလို့မရတဲ့ လမ်းကြိုလမ်းကြားတွေကို အဓိက ညွှန်းသွားပေးမှာဖြစ်တဲ့အပြင် ဆိုင်ကယ်သွားလို့မရတဲ့ လမ်းတွေကိုပါ ရှောင်ရှားပြီးဖော်ပြပေးသွားဦးမှာဖြစ်ပါတယ်။

Google Maps Motorcycle Mode

အခု Google Maps ရဲ့ Motorcycle Mode အသစ်ကို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ Malaysia ၊ Myanmar ၊ Philippines ၊ Singapore ၊ Thailand ၊ Vietnam နိုင်ငံတွေအပြင် Hong Kong နဲ့ Taiwan နိုင်ငံတွေမှာ အရင်ရရှိလာမှာဖြစ်ပြီးတော့ Google ရဲ့ အဆိုအရတော့ Android Version မှာပဲ အရင်ဆုံးရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ အခု Feature ကို အရှေ့တောင်အာရှနိုင်ငံတွေအတွက်ပဲ ထားမှာလား၊ တခြားနိုင်ငံတွေမှာရော ရရှိလာဖို့ ရှိလားဆိုတာကိုတော့ အတိအကျပြောကြားသွားခြင်းမရှိခဲ့ပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com