ယခုႏွစ္ရဲ႕ စမတ္ဖုန္းေတြထဲမွာ Trend ျဖစ္လာတဲ့တစ္ခုကို ေျပာပါဆိုရင္ ဖုန္းေတြရဲ႕ Display မွာ Notch ပါဝင္လာတာပဲျဖစ္ပါတယ္။ အခုလိုမ်ိဳး Notch ထည့္သြင္းလာတာက စမတ္ဖုန္းေတြရဲ႕ Display ကို ဖုန္းရဲ႕ အေရွ႕ဘက္မွာ ရႏုိင္သမွ်ေနရာပိုယူျပီးေတာ့ Screen-to-Body Ratio ျမင့္မားလာေအာင္အဓိကရည္ရြယ္တာျဖစ္ပါတယ္။

Essential Phone & Huawei P20 Pro

အခုလုိမ်ိဳး Display မွာ Notch ေတြကို ထည့္သြင္းလာၾကတာ အခုဆိုရင္ လက္ရွိ Flagship ဖုန္းအေတာ္မ်ားမ်ားကိုၾကည့္မယ္ဆုိရင္ ဖုန္း Display ရဲ႕ အေပၚဘက္မွာ Notch ေလးနဲ႔ ျဖစ္လာၾကပါျပီ။ အဲ့ဒီလုိပဲ Google ကိုယ္တိုင္ကလည္း Android P မွာ Notch အတြက္ Optimized ျပဳလုပ္ထားျပီး Google Pixel 3 XL စမတ္ဖုန္းမွာလည္း Notch ပါဝင္လာမွာျဖစ္ပါတယ္။

Android P Notch Simulator

ဒါေပမယ့္ Google ကေန Notch ဒါမွဟုတ္ Display Cutout ေတြကို စမတ္ဖုန္းေတြမွာ အလြန္အကၽြံပါဖုိ႔ကို ခြင့္ျပဳမွာမဟုတ္တဲ့ပံုပါပဲ။ လက္ရွိအခ်ိန္မွာေတာ့ Display မွာ Notch တစ္ခုထက္ပါဝင္တဲ့ စမတ္ဖုန္းမရွိေသးေပမယ့္ ZTE ကေန Notch ၂ ခုပါဝင္တဲ့ စမတ္ဖုန္း Concept တစ္ခုကို မိတ္ဆက္သြားတဲ့အတြက္ေနာက္ပိုင္းမွာျဖစ္လာႏုိင္တာကို တားျမစ္လုိက္တာျဖစ္တယ္လုိ႔ ယူဆရပါတယ္။

အခုသတင္းကို Android UI Product Manager တစ္ေယာက္ျဖစ္တဲ့ Megan Potoski ကေန Blog Post တစ္ခုအေနနဲ႔ ေရးသားခဲ့တာျဖစ္ပါတယ္။ Potoski ရဲ႕ ေျပာၾကားခ်က္အရေတာ့ Consistent ျဖစ္ေစဖုိ႔အတြက္ Application ေတြနဲ႔ Compatibility ျဖစ္ေအာင္အတြက္ Device ေတြမွာ ဘယ္ေနရာ Notch ေတြရွိေနရမယ္ဆုိတာကို သတ္မွတ္ထားတာျဖစ္ပါတယ္။

Android Hide Notch

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Android P ကေတာ့ ဖုန္း Screen ရဲ႕ တစ္ဖက္မွာတစ္ခုပဲ ထားရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဘယ္နဲ႔ညာဘက္မွာေတာ့ Notch ရွိလုိ႔မရဘူးလုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ စမတ္ဖုန္းထုတ္လုပ္သူ ကုမၸဏီ ၁၁ ခုကေန Notch ပါဝင္တဲ့ စမတ္ဖုန္း ၁၆ ခုေလာက္ေတာင္ရွိေနျပီျဖစ္တဲ့အတြက္ အခုလုိမ်ိဳး Notch နဲ႔ ပတ္သတ္ျပီး ကန္႔သတ္လုိက္ရတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Notch ကို ဘယ္လုိပဲျဖစ္ျဖစ္ မၾကိဳက္ပါေစ… အခုအခ်ိန္အထိေတာ့ စမတ္ဖုန္းေတြမွာ Notch ပါလာဦးမွာကေတာ့ ေသခ်ာပါတယ္။

Ref : BGR

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ယခုနှစ်ရဲ့ စမတ်ဖုန်းတွေထဲမှာ Trend ဖြစ်လာတဲ့တစ်ခုကို ပြောပါဆိုရင် ဖုန်းတွေရဲ့ Display မှာ Notch ပါဝင်လာတာပဲဖြစ်ပါတယ်။ အခုလိုမျိုး Notch ထည့်သွင်းလာတာက စမတ်ဖုန်းတွေရဲ့ Display ကို ဖုန်းရဲ့ အရှေ့ဘက်မှာ ရနိုင်သမျှနေရာပိုယူပြီးတော့ Screen-to-Body Ratio မြင့်မားလာအောင်အဓိကရည်ရွယ်တာဖြစ်ပါတယ်။

Essential Phone & Huawei P20 Pro

အခုလိုမျိုး Display မှာ Notch တွေကို ထည့်သွင်းလာကြတာ အခုဆိုရင် လက်ရှိ Flagship ဖုန်းအတော်များများကိုကြည့်မယ်ဆိုရင် ဖုန်း Display ရဲ့ အပေါ်ဘက်မှာ Notch လေးနဲ့ ဖြစ်လာကြပါပြီ။ အဲ့ဒီလိုပဲ Google ကိုယ်တိုင်ကလည်း Android P မှာ Notch အတွက် Optimized ပြုလုပ်ထားပြီး Google Pixel 3 XL စမတ်ဖုန်းမှာလည်း Notch ပါဝင်လာမှာဖြစ်ပါတယ်။

Android P Notch Simulator

ဒါပေမယ့် Google ကနေ Notch ဒါမှဟုတ် Display Cutout တွေကို စမတ်ဖုန်းတွေမှာ အလွန်အကျွံပါဖို့ကို ခွင့်ပြုမှာမဟုတ်တဲ့ပုံပါပဲ။ လက်ရှိအချိန်မှာတော့ Display မှာ Notch တစ်ခုထက်ပါဝင်တဲ့ စမတ်ဖုန်းမရှိသေးပေမယ့် ZTE ကနေ Notch ၂ ခုပါဝင်တဲ့ စမတ်ဖုန်း Concept တစ်ခုကို မိတ်ဆက်သွားတဲ့အတွက်နောက်ပိုင်းမှာဖြစ်လာနိုင်တာကို တားမြစ်လိုက်တာဖြစ်တယ်လို့ ယူဆရပါတယ်။

အခုသတင်းကို Android UI Product Manager တစ်ယောက်ဖြစ်တဲ့ Megan Potoski ကနေ Blog Post တစ်ခုအနေနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ Potoski ရဲ့ ပြောကြားချက်အရတော့ Consistent ဖြစ်စေဖို့အတွက် Application တွေနဲ့ Compatibility ဖြစ်အောင်အတွက် Device တွေမှာ ဘယ်နေရာ Notch တွေရှိနေရမယ်ဆိုတာကို သတ်မှတ်ထားတာဖြစ်ပါတယ်။

Android Hide Notch

ဒါပေမယ့် အခုအချိန်မှာတော့ Android P ကတော့ ဖုန်း Screen ရဲ့ တစ်ဖက်မှာတစ်ခုပဲ ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်နဲ့ညာဘက်မှာတော့ Notch ရှိလို့မရဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူ ကုမ္ပဏီ ၁၁ ခုကနေ Notch ပါဝင်တဲ့ စမတ်ဖုန်း ၁၆ ခုလောက်တောင်ရှိနေပြီဖြစ်တဲ့အတွက် အခုလိုမျိုး Notch နဲ့ ပတ်သတ်ပြီး ကန့်သတ်လိုက်ရတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Notch ကို ဘယ်လိုပဲဖြစ်ဖြစ် မကြိုက်ပါစေ… အခုအချိန်အထိတော့ စမတ်ဖုန်းတွေမှာ Notch ပါလာဦးမှာကတော့ သေချာပါတယ်။

Ref : BGR

Zawyè (Akhayar) 

www.akhayar.com