နည္းပညာဟာ ယခုအခါမွာ ဖက္ရွင္ေလာကထဲကုိပါ ဝင္ေရာက္လာခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္တုန္းက ျပဳလုပ္ခဲ့တဲ့ Google ရဲ႕ I/O ကြန္ဖရင့္စ္မွာ ထုတ္ေဖာ္ခဲ့တဲ့ စမတ္ဂ်က္ကတ္တစ္မ်ိဳးကုိ ထုတ္လုပ္ေနတယ္ဆုိတဲ့ အေၾကာင္းကုိ မွတ္မိၾကေသးရဲ႕လား။

Levi’s နဲ႔ Partnership အေနနဲ႔ တြဲဖက္လုပ္ေဆာင္ခဲ့တဲ့ Google ဟာ Project Jacquard လုိ႔အမည္ေပးထားတဲ့ စမတ္ဂ်ာကင္တစ္မ်ိဳးကုိ ထုတ္လုပ္ခဲ့ၿပီးေတာ့ Fabric Technology နဲ႔ ဂ်ာကင္ကေနတစ္ဆင့္ စမတ္ဖုန္းကုိနည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ထိန္းခ်ဳပ္ႏုိင္မွာျဖစ္ပါတယ္။ Levi’s ရဲ႕ ‘Commuter Trucker Jacket’ လုိ႔ေခၚတြင္မယ့္ ဂ်ာကင္ဟာ စိတ္ကူးတစ္ခုဆုိတာထက္ကုိ ပုိေနၿပီျဖစ္ၿပီး ၂၀၁၇ခုႏွစ္ထဲမွာပဲ အသံုးျပဳသူေတြထံ ေရာက္ရွိလာေတာ့မွာ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

သတင္းေကာင္းတစ္ခုကေတာ့ Google နဲ႔ Levi’s တုိ႔ဟာ ဒီဂ်ာကင္အတြက္ တရားဝင္ေစ်းႏႈန္းနဲ႔ သတ္မွတ္ခ်က္အခ်ဳိ႕ကုိထုတ္ေဖာ္ခဲ့ပါတယ္။ သတင္းဆုိးကေတာ့ ဒီဂ်ာကင္ကုိ ဝယ္ယူဖုိ႔အတြက္ အေတာ္ေလး အလွမ္းေဝးေနမွာပါ။ ကုမၸဏီႏွစ္ခုလံုးရဲ႕ ထုတ္ေဖာ္ခ်က္အရ ဒီဂ်ာကင္အတြက္ အမ်ိဳးသားဝတ္၊ အမ်ိဳးသမီးဝတ္ ႏွစ္မ်ိဳးလံုးကို ေစ်းႏႈန္း ေဒၚလာ ၃၅၀နဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာေငြက်ပ္ ၄၈၀,၀၀၀ ေလာက္တန္တဲ့ ဂ်ာကင္အတြက္ ေတာ္ရုံလူေတာ့ ဝယ္ဝတ္ဖို႔ မျဖစ္ႏုိင္ပါဘူး။

Commuter Trucker Jacket ဟာ စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္ဖုိ႔ Bluetooth Connect ဆက္သြယ္ေရးစနစ္ကုိ အသံုးျပဳထားၿပီး ဂ်ာကင္ရဲ႕ ဘယ္ဘက္လက္ေမာင္းမွာ Touchpad တစ္ခုကို ထည့္သြင္းထားတာေၾကာင့္ ထိေတြ႔/ဆြဲတင္မႈ စတဲ့ထိန္းခ်ဳပ္မႈေတြျပဳလုပ္ၿပီး ဖုန္းကုိ ထိန္းခ်ဳပ္ႏုိင္မွာပါ။ ဒီနည္းပညာနဲ႔ Music Playback လုပ္တာ ဖုန္းကိုင္တဲ့ စတဲ့ထိန္းခ်ဳပ္မႈေတြျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။ ျပန္လည္အားသြင္းႏုိင္တဲ့ ဘက္ထရီကုိ အက်ီၤလက္ေမာင္းမွာတပ္ဆင္ထားၿပီးႏွစ္ရက္တာၾကာေအာင္ အသံုးျပဳႏုိင္မွာျဖစ္ေၾကာင္းသိရပါတယ္။

၂၀၁၅ခုႏွစ္မွာ Google ဟာ Project Jacquard ကုိ Google ရဲ႕ အဆင့္ျမွင့္နည္းပညာႏွင့္ ထုတ္ကုန္မ်ားဆုိတဲ့ ေခါင္းစဥ္ေအာက္မွာ စိတင္ထည့္သြင္းခဲ့ၿပီး ယခုအခါမွာေတာ့ တရားဝင္ထြက္လာေတာ့မွာပါ။

Joker (Akhayar)

Ref: Slash Gear

==========================

[Unicode]

Google နဲ့ Levi’s တို့ ပူးပေါင်းပြီး ဖုန်းလုပ်ဆောင်ချက်တွေကိုထိန်းချုပ်နိုင်မယ့် စမတ်ဂျာကင်ကို ထုတ်လုပ်

နည်းပညာဟာ ယခုအခါမှာ ဖက်ရှင်လောကထဲကိုပါ ဝင်ရောက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Google ရဲ့ I/O ကွန်ဖရင့်စ်မှာ ထုတ်ဖော်ခဲ့တဲ့ စမတ်ဂျက်ကတ်တစ်မျိုးကို ထုတ်လုပ်နေတယ်ဆိုတဲ့ အကြောင်းကို မှတ်မိကြသေးရဲ့လား။

Levi’s နဲ့ Partnership အနေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့တဲ့ Google ဟာ Project Jacquard လို့အမည်ပေးထားတဲ့ စမတ်ဂျာကင်တစ်မျိုးကို ထုတ်လုပ်ခဲ့ပြီးတော့ Fabric Technology နဲ့ ဂျာကင်ကနေတစ်ဆင့် စမတ်ဖုန်းကိုနည်းလမ်းအမျိုးမျိုးနဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Levi’s ရဲ့ ‘Commuter Trucker Jacket’ လို့ခေါ်တွင်မယ့် ဂျာကင်ဟာ စိတ်ကူးတစ်ခုဆိုတာထက်ကို ပိုနေပြီဖြစ်ပြီး ၂၀၁၇ခုနှစ်ထဲမှာပဲ အသုံးပြုသူတွေထံ ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းကောင်းတစ်ခုကတော့ Google နဲ့ Levi’s တို့ဟာ ဒီဂျာကင်အတွက် တရားဝင်စျေးနှုန်းနဲ့ သတ်မှတ်ချက်အချို့ကိုထုတ်ဖော်ခဲ့ပါတယ်။ သတင်းဆိုးကတော့ ဒီဂျာကင်ကို ဝယ်ယူဖို့အတွက် အတော်လေး အလှမ်းဝေးနေမှာပါ။ ကုမ္ပဏီနှစ်ခုလုံးရဲ့ ထုတ်ဖော်ချက်အရ ဒီဂျာကင်အတွက် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် နှစ်မျိုးလုံးကို စျေးနှုန်း ဒေါ်လာ ၃၅၀နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာငွေကျပ် ၄၈၀,၀၀၀ လောက်တန်တဲ့ ဂျာကင်အတွက် တော်ရုံလူတော့ ဝယ်ဝတ်ဖို့ မဖြစ်နိုင်ပါဘူး။

Commuter Trucker Jacket ဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ဖို့ Bluetooth Connect ဆက်သွယ်ရေးစနစ်ကို အသုံးပြုထားပြီး ဂျာကင်ရဲ့ ဘယ်ဘက်လက်မောင်းမှာ Touchpad တစ်ခုကို ထည့်သွင်းထားတာကြောင့် ထိတွေ့/ဆွဲတင်မှု စတဲ့ထိန်းချုပ်မှုတွေပြုလုပ်ပြီး ဖုန်းကို ထိန်းချုပ်နိုင်မှာပါ။ ဒီနည်းပညာနဲ့ Music Playback လုပ်တာ ဖုန်းကိုင်တဲ့ စတဲ့ထိန်းချုပ်မှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပြန်လည်အားသွင်းနိုင်တဲ့ ဘက်ထရီကို အကျီင်္လက်မောင်းမှာတပ်ဆင်ထားပြီးနှစ်ရက်တာကြာအောင် အသုံးပြုနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

၂၀၁၅ခုနှစ်မှာ Google ဟာ Project Jacquard ကို Google ရဲ့ အဆင့်မြှင့်နည်းပညာနှင့် ထုတ်ကုန်များဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတင်ထည့်သွင်းခဲ့ပြီး ယခုအခါမှာတော့ တရားဝင်ထွက်လာတော့မှာပါ။

Joker (Akhayar)

Ref: Slash Gear