Google ကနေ အခုအချိန်မှာ Google Account တွေကို ပိုပြီးလုံခြုံအောင်ပြုလုပ်ပေးတဲ့ Two-Factor Authentication ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ အခုအချိန်မှာတောာ့ Internet ရှိစရာမလိုသလို USB Security Key တွေလည်း ဝယ်စရာမလိုဘဲ ကိုယ့်ရဲ့ Android ဖုန်းကို Security Key အနေနဲ့ ထားနိုင်တော့မှာပါ။

Google 2FA Security Key

အခု Feature ကို အခုမှ Google ကနေ ကြေညာပေးခဲ့တာဖြစ်ပြီးတော့ Android ဖုန်းကို Laptop နဲ့ Bluetooth ကနေ တစ်ဆင့် Chrome Browser မှာ ချိတ်ထားပေးရမှာပါ။ အဲ့ဒီအတွက် Desktop PC တွေအစား Laptop တွေမှာ ပိုပြီး အဆင်ပြေမှာပါ။

Google ကအခုလိုမျိုး ပိုပြီး လုံခြုံတဲ့ 2FA Security စနစ်ကို ထည့်သွင်းလိုက်တာက အလုပ်မှာ Google Account ကို ဝင်သုံးပြီး Personal Information တွေခိုးယူမှုကို ပပျောက်စေနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ Google ကတော့ လူတိုင်းကို ကိုယ့်ရဲ့ Android ဖုန်းကိုပဲ Security Key အနေနဲ့ ပြုလုပ်ထားဖို့ Recommend ပေးထားပါတယ်။

Google 2FA Security Key

လောလောဆယ်မှာတော့ Google ကနေ 2FA Security စနစ်ကို SMS Verification Code တွေ၊ Google Authenticator Code တွေနဲ့ လက်ရှိ Sign-in ဝင်ရောက်ထားတဲ့ Device တွေမှာ Prompt တက်လာတာတွေကို အသုံးပြုနေပြီးတော့ အခုအချိန်မှာတော့ Google Account ကို Sign-in ဝင်ချင်တယ်ဆိုရင် ဝင်ရောက်မယ့် Laptop ဘေးမှာ Security Key အနေနဲ့ ပြုလုပ်ထားတဲ့ Android ဖုန်းရှိနေဖို့ လိုအပ်မှာပါ။

အခုလိုမျိုး Android ဖုန်းကို Security Key အနေနဲ့ အသုံးပြုချင်တယ်ဆိုရင် Android Version 7 နဲ့ အထက်ရှိတဲ့ Android ဖုန်းလိုအပ်မှာဖြစ်ပြီး ကိုယ်သုံးမယ့် Computer မှာ Chrome Browser ရှိဖို့ လိုအပ်မှာပါ။ အဲ့ဒီနောက်မှာတော့ Chrome Browser မှာ “http://myaccount.google.com/security” Website ကို ဝင်ရောက်ပြီးတော့ Two-step Verification ကနေ Add Security Key ဆိုပြီး Compatible Device တွေထဲက တစ်ခုကို ရွေးချယ်ပေးလိုက်ရုံပါပဲ။

ဒါက ပုံမှန် Android ဖုန်းတွေအတွက်ဖြစ်ပြီးတော့ တကယ်လို့ Google Pixel 3 ဖုန်းကို အသုံးပြုနေတယ်ဆိုရင် Pixel 3 မှာ ပါဝင်တဲ့ Titan M Security Chip ကြောင့် Account ကို ဝင်ရောက်တဲ့အချိန်မှာ Volume Down Key ကို ဖိထားလိုက်တာနဲ့ အလိုအလျောက် Sign-in ပြုလုပ်ပေးမှာပါ။ ဒါပေမယ့် ဒီ Feature ကိုတော့ တခြား Android ဖုန်းတွေမှာ ရရှိဦးမှာမဟုတ်ပါဘူး။

Ref : The Verge